အားကစားရေးရာဝန်ကြီးဌာန

တောင်ကြီးမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

Loading

တောင်ကြီးမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ အောက်တိုဘာလ(၂၄)ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ကြီးကြပ်လမ်းညွှန်မှုများနှင့်အတူ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ပြည်နယ်လူငယ်ရေးရာဦးစီးဌာန ၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ၊ တောင်ကြီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှပူးပေါင်းကျင်းပပြုလုပ်တဲ့ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ၂၃.၁၀.၂၀၂၅ ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်၌ တောင်ကြီးမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(အောင်သပြေ)နှင့် မွန်းလွဲ (၁၃:၀၀)နာရီအချိန်တို့တွင် အခြေခံပညာအထက်တန်းကျောင်းခွဲ(ထုံးဖို)ခန်းမတို့၌ အသီးသီးကျင်းပပြုလုပ်ခဲ့ရာအဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးဆူးညီညီသိန်းဝင်း ၊ မြန်မာလူငယ်မိတ်သဟာရအဖွဲ့ (MYF) Myanmar Youth Fellowship မှ ဦးဂျာလ နှင့် တာဝန်ရှိသူများကတက်ရောက်ခဲ့ကြပြီး လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန် ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အခြေခံပညာအထက်တန်းကျောင်း(အောင်သပြေ)မှ ကျောင်းခန်းမအတွင်း၌ ကျောင်းသား/ကျောင်းသူ (၃၈၀)ဦး ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(ထုံးဖို)မှ […]

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များဆက်လက်ကျင်းပ

Loading

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များဆက်လက်ကျင်းပ ရန်ကုန်၊ အောက်တိုဘာ ၂၃ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့နှင့်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီး နှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များ ကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပဒုမ္မာအားကစားကွင်း၊ YTC လေ့ကျင့်ရေးကွင်း(၁) ရှိ (စက်ဘီးကွင်း)တို့၌ ဆက်လက်ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ပြိုင်ပွဲ ကျင်းပရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားဝါသနာရှင် ပရိတ်သတ်များ တခဲနက်လာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များ အဖြစ် မွန်းလွဲ ၃ နာရီမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းတွင် ဧရာဝတီတိုင်းဒေသကြီး […]

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ရှုံးထွက်ပွဲစဉ်များဆက်လက်ကျင်းပ

Loading

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ရှုံးထွက်ပွဲစဉ်များဆက်လက်ကျင်းပ ရန်ကုန်၊ အောက်တိုဘာ ၂၁ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီး နှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ရှုံးထွက် ပွဲစဉ်များ ကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပဒုမ္မာအားကစားကွင်း၊ တောင်ဒဂုံ အားကစားကွင်း၊ သီဟဒီပအားကစားကွင်းနှင့် YTC လေ့ကျင့်ရေးကွင်း(၁)ရှိ(စက်ဘီးကွင်း)တို့၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားဝါသနာရှင်ပရိတ်သတ်များ တခဲနက်လာရောက်ကြည့်ရှုအားပေးခဲ့ကြ သည်။ ယနေ့ အမျိုးသမီးဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ရှုံးထွက် ပွဲစဉ်များအဖြစ် မွန်းလွဲ ၃ နာရီမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် […]

Professional and Amateur ဘိလိယက်လက်ရည်စမ်းပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များ ယှဉ်ပြိုင်ခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

Professional and Amateur ဘိလိယက်လက်ရည်စမ်းပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များ ယှဉ်ပြိုင်ခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ရန်ကုန် ၊ အောက်တိုဘာလ (၁၀) ၂၀၂၅ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာ ပြိုင်ပွဲ၌ ဘိလိယက်အားကစားနည်းဖြင့် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သည့် အားကစားသမား များ နှင့် ၃၃ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဘိလိယက်အားကစားသမား (၃)ဦးတို့ ယှဉ်ပြိုင်ကစားခဲ့သည့် Professional and Amateur ဘိလိယက်လက်ရည်စမ်းပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များယှဉ်ပြိုင်ခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ၊ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ ဘိလိယက်နှင့် စနူကာအားကစား လေ့ကျင့်ရေးခန်းမ၌ ယနေ့ နံနက်(၀၉း၀၀)နာရီမှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ခန့်ကျော် ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ၊ […]

Professional and Amateur ဘိလိယက်လက်ရည်စမ်းပြိုင်ပွဲကျင်းပ

Loading

Professional and Amateur ဘိလိယက်လက်ရည်စမ်းပြိုင်ပွဲကျင်းပ ရန်ကုန် ၊ အောက်တိုဘာလ (၉) တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆုရဘိလိယက်အားကစားသမားများအား အရှေ့တောင်အာရှ ၊ အာရှနှင့်ကမ္ဘာ့ပြိုင်ပွဲများတွင် ရွှေ ၊ ငွေ ၊ကြေး ဆုတံဆိပ်များရရှိထားသည့် ဘိလိယက်မြန်မာ့လက်ရွေးစင်များနှင့် ယှဉ်ပြိုင်ရသည့် အတွေ့အကြုံများရရှိစေရေး ၊ ဘိလိယက် အားကစားနည်းအပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားသမားများ ပိုမိုစိတ်ပါဝင်စား လာစေရေးတို့ကိုရည်ရွယ်ပြီး ၂၀၂၅ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက် နှင့် စနူကာ ပြိုင်ပွဲ၌ ဘိလိယက်အားကစားနည်းဖြင့် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သည့် အားကစားသမား များ နှင့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဘိလိယက်အားကစားသမား (၃)ဦးတို့အား ယှဉ်ပြိုင်စေသည့် Professional and […]

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

Loading

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ နေပြည်တော်၊ အောက်တိုဘာ ၉ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက်(အမျိုးသမီး)ဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့၊ အားကစားဥယျာဉ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပ ခဲ့သည်။ အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဘောလုံး အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ ဘောလုံးအားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် မျိုးဆက်သစ် အားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက်(အမျိုးသမီး)ဘောလုံးပြိုင်ပွဲအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်း၍ […]

Uganda International Series 2025ကြက်တောင် ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိ

Loading

Uganda International Series 2025ကြက်တောင် ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိ ရန်ကုန် ၊ အောက်တိုဘာ ၈ရက် အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံကိုယ်စားပြု မြန်မာနိုင်ငံကြက်တောင်အားကစားအဖွဲ့ချုပ်မှလက်‌ရွေးစင် အားကစားသမား မောင်ဟိဏ်းထွဋ်သည်‌ အောက်တိုဘာလ၂ရက်‌နေ့ မှ ၅ရက်‌ နေ့ အထိယုဂန္ဓာနိုင်ငံ တွင်ကျင်းပခဲ့‌‌ သော Uganda International Series 2025 ကြက်တောင် ပြိုင်ပွဲတွင် မောင်ဟိဏ်းထွဋ် က ပထမ (ရွှေ)တံဆိပ်ဆု ရရှိခဲ့‌ ကြောင်းသိရသည်။ အဆိုပါပြိုင်ပွဲ၌ အမျိုးသား တစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာ မှ‌ မောင်ဟိဏ်းထွဋ်က ယူအေအီနိုင်ငံမှကစားသမား ၊ အိန္ဒိယနိုင်ငံမှ ကစားသမားသုံးဦးတို့ကို အနိုင်ရရှိကာ ဗိုလ်လုပွဲတွင်‌မလေးရှားနိုင်ငံမှ ကစားသမားကို၂၁မှတ် ၁၄မှတ်၊၂၁မှတ် ၉မှတ် ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိပြီး စုစုပေါင်း ၅ပွဲယှဥ်ပြိုင်ခဲ့ရာ ပထမ […]

(၃)နိုင်ငံဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ(ISPE FC) အမျိုးသားဘောလုံးအသင်းအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို

Loading

(၃)နိုင်ငံဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ(ISPE FC) အမျိုးသားဘောလုံးအသင်းအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို ရန်ကုန် ၊ အောက်တိုဘာလ ၇ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် Lincang မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၃) နိုင်ငံ ဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲသို့ မြန်မာ(ISPE FC) အမျိုးသားဘောလုံးအသင်းမှ အုပ်ချုပ်သူ ၊ နည်းပြ(၃)ဦးနှင့် အားကစားသမား(၁၇)ဦး ၊ စုစုပေါင်းအင်အား(၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပြီး ယနေ့ မွန်းလွဲပိုင်း တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) […]

၃ နိုင်ငံ ဖိတ်ခေါ်ဖလားအမျိုးသားဘောလုံးပြိုင်ပွဲသို့ မြန်မာ (ISPE) အမျိုးသားဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိ

Loading

၃ နိုင်ငံ ဖိတ်ခေါ်ဖလားအမျိုးသားဘောလုံးပြိုင်ပွဲသို့ မြန်မာ (ISPE) အမျိုးသားဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိ နေပြည်တော်၊ အောက်တိုဘာ ၆ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် Lincang မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၃ နိုင်ငံ ဖိတ်ခေါ်ဖလားအမျိုးသားဘောလုံးပြိုင်ပွဲသို့ မြန်မာ (ISPE)အမျိုးသားဘောလုံးအသင်းမှ အုပ်ချုပ်သူ၊ နည်းပြ (၃)ဦးနှင့် အားကစားသမား (၁၇)ဦး၊ စုစုပေါင်းအင်အား (၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၃ နိုင်ငံ ဖိတ်ခေါ်ဖလားအမျိုးသားဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်လျှောက်ရလဒ်များအဖြစ်၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် မြန်မာ (ISPE) အသင်းသည် တရုတ်(ဟူလန်း)အသင်းနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း၊ […]

၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန် ၊ အောက်တိုဘာလ (၁)ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီး နှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီက သုဝဏ္ဏလေးထပ်ဆောင်ရှိ စားရိပ်သာ၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေး နှင့်လေ့ကျင့်ရေးဌာနခွဲ (၁)ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် ၊ စီမံကိန်းနှင့် သုတေသန ဌာနခွဲ မှ တာဝန်ရှိသူများ၊ ဌာနခွဲများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘိလိယက် နှင့်စနူကာ အဖွဲ့ချုပ်မှ အမှုဆောင်များ ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူ များနှင့် နည်းပြများ တက်ရောက်ကြသည်။ […]