အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် အမျိုးသမီးအားကစား Fitness Dance ပြိုင်ပွဲကျင်းပ

ရန်ကုန် ၊ ဇွန် ၂၈

အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ၂၀၂၆ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် အမျိုးသမီးအားကစား Fitness Dance ပြိုင်ပွဲဖွင့်ပွဲ နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေး ၊ ဒုတိယဥက္ကဋ္ဌများ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးဦးထွန်းထွန်းဦး၊ အဖွဲ့ချုပ် အတွင်းရေးမှူးနှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများတက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်လေးက အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲများအား စတင်ယှဉ်ပြိုင်ကစားကြပြီး ရွှေမင်းမြတ် ဦးဆောင်သော ရွှေမင်္ဂလာအဖွဲ့ ၊ ခင်မမ ဦးဆောင်သော Unity and Healthy ၊ Zumba Nation Myanmar နှင့် Zumic Instructors အဖွဲ့များက သရုပ်ပြကစားခဲ့ကြသည်။

ယင်းနောက် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်လေး နှင့် ဒုတိယဥက္ကဋ္ဌများက ပြိုင်ပွဲတွင် ပထမဆု ၊ ဒုတိယဆု ၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိခဲ့ကြသည့် အားကစားမားများအား ဂုဏ်ပြုဆု‌ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး သရုပ်ပြ ကစားခဲ့သော အဖွဲ့များကို လည် အမှတ်တရTrophy များ ပေးအပ်ကာ စုပေါင်းကစားခဲ့ကြပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြ‌ကြောင်းသိရသည်။