အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၂ ခုနှစ်၊ အမျိုးသားတံခွန်စိုက် ကြက်တောင်ပြိုင်ပွဲကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ အမျိုးသားတံခွန်စိုက် ကြက်တောင်ပြိုင်ပွဲကျင်းပ ရန်ကုန်၊ဒီဇင်ဘာလ(၂၆)ရက်။ မြန်မာ့ကြက်တောင် အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်အတွက် ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီ ကြက်တောင်အားကစားအောင်နိုင်ရေး လုပ်ငန်းများအရှိန်အဟုန်မပျက် စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် မြန်မာ့ကြက်တောင်အားကစားအဆင့်အတန်းအား အရှေ့တောင်အာရှ၊ အာရှအဆင့်မှ ကမ္ဘာ့အဆင့်သို့တက်လှမ်းနိုင်စေရန် မျိုးဆက်သစ်လူငယ်အားကစားမောင်မယ်များ နိုင်ငံ့ကိုယ်စားပြုလက်ရွေးစင်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အမျိုးသားတံခွန်စိုက် ကြက်တောင်ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်နေ့မှ (၃၀)ရက်နေ့အထိရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် အမျိုးသားကြက်တောင် အားကစားခန်းမတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။ အဆိုပါပြိုင်ပွဲကို နေ့စဉ်နံနက်(၉)နာရီမှစ၍ သတ်မှတ်ပွဲစဉ်များပြီးဆုံးသည်အထိ ပြိုင်ပွဲဝင်အမျိုးအစားအသက်(၉)နှစ်နှင့် အောက် ယောက်ျားလေးတစ်ဦးချင်းပြိုင်ပွဲ၊ ယောက်ျားလေးနှစ်ယောက်တွဲပြိုင်ပွဲ၊ မိန်းကလေးတစ်ဦးချင်းပြိုင်ပွဲ၊ မိန်းကလေးနှစ်ယောက်တွဲပြိုင်ပွဲ၊ အသက်(၁၁)နှစ်နှင့်အောက် ယောက်ျားလေးတစ်ဦးချင်းပြိုင်ပွဲ၊ ယောက်ျားလေးနှစ်ယောက်တွဲပြိုင်ပွဲ၊ မိန်းကလေးတစ်ဦးချင်းပြိုင်ပွဲ၊ မိန်းကလေးနှစ်ယောက်တွဲပြိုင်ပွဲ၊ အသက်(၁၃)နှစ်နှင့်အောက် ယောက်ျားလေးတစ်ဦးချင်းပြိုင်ပွဲ၊ ယောက်ျားလေးနှစ်ယောက်တွဲပြိုင်ပွဲ၊ မိန်းကလေးတစ်ဦးချင်းပြိုင်ပွဲ၊ မိန်းကလေးနှစ်ယောက်တွဲပြိုင်ပွဲ၊ အသက်(၁၅)နှစ်နှင့်အောက် ယောက်ျားလေးတစ်ဦးချင်းပြိုင်ပွဲ ၊ ယောက်ျားလေးနှစ်ယောက်တွဲပြိုင်ပွဲ၊ မိန်းကလေးတစ်ဦးချင်းပြိုင်ပွဲ၊ မိန်းကလေးနှစ်ယောက်တွဲပြိုင်ပွဲ၊အသက်(၁၇)နှစ်နှင့်အောက် […]

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၂၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှ စတင်၍ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပခဲ့သည်။ ယနေ့ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်၌ (အမျိုးသမီး)ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ (အမျိုးသား)ပွဲစဉ်အဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိသည်။ အဆိုပါပြိုင်ပွဲများသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ […]

၂၀၂၃ ခုနှစ်၊(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၂၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာန ပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားရုံ၌ ဆက်လက်ကျင်းပခဲ့သည်။ ပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များအဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ အဆိုပါ ပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲ  ကွာတားဖိုင်နယ် […]

၂၀၂၃ ခုနှစ်၊(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၂၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ရှုံးထွက် ပွဲစဉ်များကို ယနေ့နံနက်(၈)နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့သည်။ ဖူဆယ်(အမျိုးသား) ပြိုင်ပွဲ ရှုံးထွက် ပွဲစဉ်များအဖြစ် စွမ်းအင်ဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို (၆)ဂိုး (၃)ဂိုးဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၁၀)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အသင်းကို (၁၃)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအသင်းကို (၅)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ အဆိုပါ ဖူဆယ်(အမျိုးသား) ပြိုင်ပွဲ ရှုံးထွက် […]

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံအားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနား တက်ရောက်

Loading

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံအားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားတက်ရောက် မုံရွာ ဒီဇင်ဘာ(၂၅)ရက်။ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံအားကစားပြိုင်ပွဲများဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် အားကစားကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အဘက်ဘက်မှ အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိရာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစားအဆင့်အတန်း မြင့်မားလာစေရေးအတွက် မူဝါဒချမှတ်ပြီး အားကစားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း နိုင်ငံတော်၏ အားကစားမူဝါဒများကို အကောင်အထည်ဖော် […]

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဂေါက်သီးရိုက်(အမျိုးသား) ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဂေါက်သီးရိုက်(အမျိုးသား) ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၂၅)။ ဂေါက်သီးရိုက်အားကစားနည်း ပိုမိုတိုးတက်လာစေရန်နှင့် ထူးချွန်သော မျိုးဆက်သစ် ဂေါက်သီးရိုက် အားကစားသမားများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစား နှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂေါက်သီးရိုက်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဂေါက်သီးရိုက်(အမျိုးသား)ပြိုင်ပွဲကို ယနေ့နံနက် (၇)နာရီတွင် နေပြည်တော် မြို့တော်ဂေါက်ကွင်း၌ ဆက်လက်ကျင်းပခဲ့သည်။ ဂေါက်သီးရိုက်(အမျိုးသား)ပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်များအဖြစ် တစ်ဦးချင်း(အကျောပေး) ပြိုင်ပွဲတွင် ချစ်ရင်ထူး(ပဲခူးတိုင်း)မှ သတ်မှတ်ရိုက်ချက် (၁၄၄)ချက်ထက်လျော့ပြီး အကောင်းဆုံး စုစုပေါင်းရိုက်ချက် (၁၂၄)ချက်ဖြင့် အဆင့်(၁)၊ အောင်မျိုးထွန်း(တနင်္သာရီတိုင်း)မှ စုစုပေါင်းရိုက်ချက် (၁၂၅)ချက်ဖြင့် အဆင့်(၂)၊ […]

ပြည်နယ်/တိုင်းဒေသကြီးတို့တွင် ဒီဇင်ဘာလ(စတုတ္ထအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

Loading

ပြည်နယ်/တိုင်းဒေသကြီးတို့တွင် ဒီဇင်ဘာလ(စတုတ္ထအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် စတုတ္ထအပတ်အနေဖြင့် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲနှင့်ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ(လွန်ဆွဲ၊ ဂိုးကျဉ်း၊ ဖားခုန်၊ ဂုန်နီအိတ်စွပ်)ကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချူပ်၊ ပြည်နယ်ဝန်ကြီးများ၊ တပ်ဘက်ဆိုင်အကြီးအကဲများ၊ အား/ကာသိပ္ပံ(စစ်တွေ)မှ ဝန်ထမ်းများ၊ ပြည်နယ်အဆင့်/ခရိုင်အဆင့်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသားများ၊ နတလမှ ဆရာ/ဆရာမကျောင်းသား/သူများ၊ ရပ်မိရပ်ဘက်များနှင့် မိဘပြည်သူများတက်ရောက်ကြပြီး တက်တက်ကြွကြွလှုပ်ရှားဆောင်ရွက်ခဲ့ကြပါသည်။ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့တို့တွင်လည်း ဒီဇင်ဘာ အားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဆင်နွှဲခဲ့ကြပါသည်။ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်းတို့မှ ဦးဆောင်၍ အစိုးရအဖွဲ့ဝန်ကြီးများနှင့်ဇနီးများဌာနဆိုင်ရာ အကြီးအကဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ ပြည်သူများမှ ပုသိမ်မြို့အဝင်ရွှေရုပ်ထုအဝိုင်းမှကိုသိန်းအားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုးသိန်းအားကစားကွင်းအတွင်း၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအတွဲအမှတ်(၁)၊(၂)နှင့် MFD လေ့ကျင့်ခန်းများကို တပျော်တပါးပါဝင်ဆင်နွှဲခဲ့ကြပါသည် ။ ဧရာဝတီတိုင်းဒေသကြီး ၊ ကျုံပျော်ခရိုင်၊ […]

လေးမျက်နှာမြို့နယ်၊ အထက(ခွဲ) ခတ္တူအခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

Loading

လေးမျက်နှာမြို့နယ်၊ အထက(ခွဲ) ခတ္တူအခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ လေးမျက်နှာ ဒီဇင်ဘာ(၂၀)။ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထက(ခွဲ)ခတ္တူအခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်း၌ ကျောင်းသားကျောင်းသူလူငယ်များ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီအရာရှိ ဦးတင်ရွှေမှ လူငယ်များအသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေမှတဆင့် ဖတ်ရှုလေ့လာကြရန်လိုအပ်ကြောင်း၊ လူငယ်များသည် နောင်တစ်ချိန်တွင် ခေါင်းဆောင်များဖြစ်သည့်အခါ ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် လိုအပ်ကြောင်းဟောပြောခဲ့ပြီး လေးမျက်နှာမြို့နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူးဒေါ်ယဉ်ယဉ်ထွန်းမှ ကျောင်းသားကျောင်းသူများ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦး အောင်သန်းဌေးမှ စားသုံးရန်မသင့်သောအစားအစာများအကြောင်း၊ အခြေခံပညာကျောင်းများ၌ စားသုံးရန်မသင့်သော အစားအစာများရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေးမှုအခြေအနေများအား အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လေးမျက်နှာမြို့နယ်ရုံးမှ အားကစားမှူး ဦးတေဇာမျိုးက လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ အခမ်းအနားသို့ အထက(ခွဲ)ခတ္တူအခြေခံပညာအထက်တန်းကျောင်းမှ […]

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသား) ပြိုင်ပွဲဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသား) ပြိုင်ပွဲဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၁၉)။ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ဘောလုံးအားကစား သမားကောင်းများစွာ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသား) ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁)နှင့် (၃) တို့တွင်ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ၊ ဘောလုံးဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ပထမအဆင့် […]

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၁၉)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပခဲ့ပါသည်။ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထောင်စုရာထူးဝန်အသင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းကို (၃)ပွဲ(၂)ပွဲဖြင့်လည်းကောင်း၊ စွမ်းအင်ဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အသင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိသည်။ […]