ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ Aerobic ဆင့်ပွားနည်းပြမွမ်းမံသင်တန်းဖွင့်လှစ်
တောင်ကြီး၊ စက်တင်ဘာ ၂၇။
ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အမျိုးသမီးအားကစားအဆင့်အတန်းမြင့်မားစေရေးနှင့် ကိုယ်ကာယကြံ့ခိုင်မှုပြည့်ဝစေရေးတို့အတွက် Aerobic ဆင့်ပွားနည်းပြမွမ်းမံသင်တန်းအား မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ပြဌာန်းထားသော အခြေခံလေ့ကျင့်ခန်းအသစ် (၄၆)မျိုးနှင့် ၂၀၀၅ ခုနှစ် ၊ နည်းပြသင်တန်းမှ အသစ်သတ်မှတ်ထားသော လေ့ကျင့်ခန်း (၃၀)မျိုးတို့အား စနစ်သစ်များကို ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်များမှ ပြိုင်ပွဲဝင်ရောက်ကြမည့် အားကစားသမားများ သိရှိနားလည်သဘောပေါက်စေရန်ရည်ရွယ်၍ ၂၅.၉.၂၀၂၃ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ပြည်နယ်မိုးလုံလေလုံအားကစားရုံ၌ ဖွင့်လှစ်ခဲ့ရာ ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဆင့်ပွားနည်းပြဆရာမ စုစုပေါင်း(၃၈)ဦးတက်ရောက်နေကြပြီး အဆိုပါသင်တန်းကို ၂၉.၉.၂၀၂၃ရက်နေ့ထိ (၅)ရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။


