အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့်ခရိုင်များအလိုက်အသက် (၂၅)နှစ်အောက်အမျိုးသား၊ အမျိုးသမီးဘော်လီဘောဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး၊ စက်တင်ဘာလ(၂၈)ရက်။

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့်ခရိုင်များအလိုက်အသက်(၂၅)နှစ်အောက်အမျိုးသား၊ အမျိုးသမီးဘော်လီဘော ဆုချီးမြှင့်ပွဲကို စက်တင်ဘာလ (၂၇)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးရုံ၌ ကျင်းပသည်။

ဆုချီးမြှင့်ပွဲတွင် အမျိုးသမီးပွဲစဥ်တွင် တောင်ကြီးခရိုင်အသင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းတို့ ယှဥ်ပြိုင်ကစားကြရာ တောင်ကြီးခရိုင်အသင်းမှ အနိုင်ရရှိပြီး အမျိုးသားပွဲစဥ်တွင် တောင်ကြီးခရိုင်အသင်းနှင့် လွိုင်လင်ခရိုင်အသင်းတို့ ယှဥ်ကစားကြရာတောင်ကြီးခရိုင်အသင်းမှ အနိုင်ရရှိပြီး ပြိုင်ပွဲယှဥ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းမှသင်တန်းသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဆုချီးမြှင့်ပွဲကျင်းပရာ အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုချီးမြှင့်ရာအကောင်းဆုံးစပေးဆု၊ ရိုက်ခုတ်ဆု၊ ပင့်ထောင်ဆုရရှိသူများကို ဆုတံဆိပ်နှင့် ငွေသားဆုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၏ဇနီး၊ ရှမ်းပြည်နယ်အမျိုးသမီးနှင့်အားကစားဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ဇနီးတို့က ချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသားအကောင်းဆုံးအားကစားဆုချီးမြှင့်ရာ အကောင်းဆုံးစပေးဆု၊ ပိတ်ဆို့ဆု၊ ရိုက်ခုတ်ဆု၊ ပင့်ထောင်ဆုရရှိသူများကို ဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်ဥပဒေချုပ်က ချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသမီးအသင်းလိုက်ပူးတွဲတတိယဆုရရှိသော လားရှိုးအသင်းနှင့်မိုးမိတ်အသင်းအားတစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့၏ ဇနီးတို့မှ ချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယဆု ရရှိသောပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းအားတစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကိုပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၏ဇနီးက ချီးမြှင့်ပေး၍လည်းကောင်း၊ ပထမဆုရရှိသောတောင်ကြီးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက ချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသားပူးတွဲတတိယဆုရရှိသောလားရှိုးခရိုင်အသင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကိုတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယဆုရရှိသော လွိုင်လင်ခရိုင်အသင်းအားတစ်ဦးချင်းဆုတံဆိပ်နှင်ငွေသားဆုကိုပြည်နယ်သယံဇာတရေးရာဝန်ကြီးကချီးမြှင့်ပေး၍ လည်းကောင်း၊ ပထမဆုရရှိသောတောင်ကြီးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်က ချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသမီး၊ အမျိုးသားတံခွန်စိုက်ဖလားရရှိသော တောင်ကြီးခရိုင်အသင်းအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက ပေးအပ်ချီးမြှင့်ပေးပြီး ဒိုင်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြကြောင်းသိရသည်။

ထို့နောက် အမျိုးသမီး၊ အမျိုးသားတတိယ၊ ဒုတိယပထမဆုရရှိသောအသင်းများကို ရှမ်းပြည်အားကစားဆပ်ကော်မတီမှတာဝန်ရှိသူတစ်ဦးကထပ်ဆောင်းဆုငွေချီးမြှင့်ပေးကြကြောင်းသိရှိရသည်။