၂၀၂၃ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
ဘားအံ၊ စက်တင်ဘာလ(၂၈)ရက်။
(၂၈.၉.၂၀၂၃ )ခုနှစ် နံနက် (၉:၀၀)နာရီအချိန် ကရင်ပြည်နယ်ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၊ ဇွဲကပင်အားကစားခန်းမ၌ကျင်းပပြုလုပ်သော ၂၀၂၃ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ၊ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ပိုက်ကျော်ခြင်း ဝါသနာရှင်များ၊အားကစားဝါသနာရှင်များတက်ရောက်အားပေးခဲ့ကြပါသည်။
ဆက်လက်၍ အမျိုးသမီးအဖွဲ့လိုက် (၃)ယောက်တွဲဗိုလ်လုပွဲ အဖြစ် လှိုင်းဘွဲမြို့နယ်အသင်းနှင့် ဘားအံမြို့နယ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ လှိုင်းဘွဲမြို့နယ်အသင်းမှ အနိုင်ရဗိုလ်စွဲခဲ့ပါသည်။
ဆက်လက်၍ အမျိုးသား အဖွဲ့လိုက်(၃)ယောက်တွဲဗိုလ်လုပွဲအဖြစ် ဖာပွန်မြို့နယ်အသင်းနှင့် ဘားအံမြို့နယ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ဘားအံမြို့နယ်အသင်းမှ အနိုင်ရဗိုလ်စွဲခဲ့ပါသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ကြက်ခြေနီအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ် အား/ကာ ညွှန်ကြားရေးမှူး ဦးစိုးနိုင်မှပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ပြိုင်ပွဲတစ်လျောက် ဒိုင်အဖြစ်ဆောင်ရွက်ပေးခဲ့သော ဒိုင်လူကြီးအဖွဲ့အား ပိုက်ကျော်ခြင်းဆပ်ကော်မတီ ဥက္ကဌပြည်တွင်းအခွန်ဦးစီးဌာနညွှန်ကြားရေးမှူး ဦးဇော်မြတ်မင်းမှပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ဆုချီးမြှင့်ပွဲအခမ်းအနားအားဆက်လက်ကျင်းပရာ အမျိုးသမီး ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျောက်နေရာအလိုက်အကောင်းဆုံးဆုရာကစားသမားများအား ကရင်ပြည်နယ်ဥပဒေချုပ်၏ဇနီးမှပေးအပ်ချီးမြှင့်ရာ အမျိုးသမီး ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျောက်နောက်ထိန်း အကောင်းဆုံးအားကစားသမားဆုကို ဘားအံမြို့နယ်အသင်းမှ ကျောနံပါတ် (၂) နန်းစန္ဒာစိုးအားလည်းကောင်း၊ ပွဲစဉ်တစ်လျောက်ပင့်ထောင်အကောင်းဆုံးအားကစားသမားဆုကို ဘားအံမြို့နယ်အသင်းမှ ကျောနံပါတ် (၁) နန်းဖြူဖြူဝင်းမှလည်းကောင်း ၊ ပွဲစဉ်တစ်လျောက်ရိုက်ခုတ်အကောင်းဆုံးအားကစားသမားဆုကို ဖာပွန်မြို့နယ်အသင်းမှ ကျောနံပါတ် (၆) မဇင်မင်းထွေးအားလည်းကောင်း၊ ပွဲစဉ်တစ်လျောက်အကောင်းဆုံးအားကစားသမားဆုကို လှိုင်းဘွဲမြို့နယ်အသင်းမှ ကျောနံပါတ်(၆) နန်းသန်းမြင့်စန်းမှလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
ဆက်လက်၍ အမျိုးသားပြိုင်ပွဲတွင် ပွဲစဉ်တစ်လျောက်နေရာအလိုက်အကောင်းဆုံးဆုရာကစားသမားများအား ကရင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးကျော်စိုးမှ ပေးအပ်ချီးမြှင့်ရာ အမျိုးသား ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျောက် နောက်ထိန်း အကောင်းဆုံးအားကစားသမားဆုကိုဘားအံမြို့နယ်အသင်းမှ ကျောနံပါတ် (၁၂) သူထက်ဦးအားလည်းကောင်း၊ ပွဲစဉ်တစ်လျောက်ပင့်ထောင်အကောင်းဆုံးအားကစားသမားဆုကို ဘားအံမြို့နယ်အသင်းမှ ကျောနံပါတ် (၉) မောင်ထွန်းအောင်လင်းမှလည်းကောင်း ၊ ပွဲစဉ်တစ်လျောက်ရိုက်ခုတ်အကောင်းဆုံးအားကစားသမားဆုကို လှိုင်းဘွဲမြို့နယ်အသင်းမှ ကျောနံပါတ် (၆) ပိုင်ဇေထက်အားလည်းကောင်း၊ ပွဲစဉ်တစ်လျောက်အကောင်းဆုံးအားကစားသမားဆုကို ဘားအံမြို့နယ်အသင်းမှ ကျောနံပါတ်(၈) ကျော်ကျော်မောင်မှလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
ဆက်လက်၍အမျိုးသမီးအဖွဲ့လိုက် (၂)ယောက်တွဲပြိုင်ပွဲတွင် ဆုရရှိသောအသင်းများအားဆုချီးမြှင့်ရာ အမျိုးသမီး (၂)ယောက်တွဲပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော#သံတောင်ကြီးမြို့နယ် အသင်းအား ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ဇနီးမှ စတုတ္ထဆု(၁)သိန်းကျပ်အားပေးအပ်ချီးမြှင်ခဲ့ပါသည်။ တတိယဆုရရှိသော #ဘားအံမြို့နယ်အသင်း အားတစ်ဦးချင်းလည်ဆွဲဆုများနှင့်ဆုကြေးငွေကျပ် (၂)သိန်းအား ပြည်နယ်လူမှုရေးရာဝန်ကြီး၏ဇနီးမှလည်းကောင်း၊ ဒုတိယဆုရရှိသော #ဖာပွန်မြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆုများနှင့် ဆုကြေးငွေကျပ် (၅)သိန်းအား ကရင်ပြည်နယ် စီးပွားရေးရာဝန်ကြီး၏ဇနီးမှလည်ကောင်း၊ ပထမဆုရရှိသော #လှိုင်းဘွဲမြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆုများနှင့်ဆုကြေးငွေကျပ် (၈)သိန်းကျပ်အား ကရင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းမှလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
ဆက်လက်၍အမျိုးသားအဖွဲ့လိုက် (၂)ယောက်တွဲ ပြိုင်ပွဲတွင် ဆုရရှိသောအသင်းများအား တစ်ဦးချင်းလည်ဆွဲဆုများဆက်လက်ချီးမြှင့်ရာ အမျိုးသား(၂)ယောက်တွဲပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော #မြဝတီမြို့နယ်အသင်း အား ကရင်ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်မှ ဆုကြေးငွေကျပ် (၁)သိန်းကျပ်လည်းကောင်း၊ တတိယဆုရရှိသော #ဖာပွန်မြို့နယ်အသင်း အား ကရင်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်ဇော်မှ တစ်ဦးချင်းလည်ဆွဲဆုများနှင့် ဆုကြေးငွေကျပ် (၂)သိန်းကျပ်အားလည်းကောင်း၊ ဒုတိယဆုရရှိသော #လှိုင်းဘွဲမြို့နယ်အသင်း အား ကရင်ပြည်နယ် အစိုးရအဖွဲ့၊သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းမှတစ်ဦးချင်းလည်ဆွဲဆုများနှင့် ဆုကြေးငွေကျပ် (၅)သိန်းကျပ်အားလည်းကောင်း ၊ ပထမဆုရရှိသော #ဘားအံမြို့နယ်အသင်းအား ကရင်ပြည်နယ်အစိုးရအဖွဲ့၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်မှ တစ်ဦးချင်းလည်ဆွဲဆုများနှင့် ဆုကြေးငွေကျပ်(၈)သိန်းကျပ်အားလည်းကောင်း၊ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
ဆက်လက်၍အမျိုးသမီးအဖွဲ့လိုက် (၃)ယောက်တွဲပြိုင်ပွဲတွင် ဆုရရှိသောအသင်းများအား ဆုချီးမြှင့်ရာ အမျိုးသမီး(၃)ယောက်တွဲပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော#ကြာအင်းဆိပ်ကြီးမြို့နယ် အသင်းအား ကရင်ပြည်နယ် အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ဇနီးမှ စတုတ္ထဆု(၁)သိန်းကျပ်အားပေးအပ်ချီးမြှင်ခဲ့ပါသည်၊ တတိယဆုရရှိသော #ဖာပွန်မြို့နယ်အသင်း အား တစ်ဦးချင်းလည်ဆွဲဆုများနှင့် ဆုကြေးငွေကျပ်(၂)သိန်းအား ပြည်နယ်သယံဇာတဝန်ကြီး၏ဇနီးမှ လည်းကောင်း၊ ဒုတိယဆုရရှိသော #ဘားအံမြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆုများနှင့် ဆုကြေးငွေကျပ် (၅)သိန်းအား ကရင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီးမှ လည်ကောင်း၊ ပထမဆုရရှိသော#လှိုင်းဘွဲမြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆုများနှင့်ဆုကြေးငွေကျပ် (၈)သိန်းကျပ်အား ကရင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီးမှ လည်ကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
ဆက်လက်၍အမျိုးသားအဖွဲ့လိုက် (၃)ယောက်တွဲ ပြိုင်ပွဲတွင် ဆုရရှိသောအသင်းများအားတစ်ဦးချင်းလည်ဆွဲဆုများဆက်လက်ချီးမြှင့်ရာ အမျိုးသား(၃)ယောက်တွဲပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော #ကြာအင်းဆိပ်ကြီးမြို့နယ်အသင်း အား ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကိုမှ ဆုကြေးငွေကျပ် (၁)သိန်းကျပ်လည်းကောင်း တတိယဆုရရှိသော #လှိုင်းဘွဲမြို့နယ်အသင်း#ဖာပွန်မြို့နယ်အသင်း အား ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးလွင်မှ တစ်ဦးချင်းလည်ဆွဲဆုများနှင့် ဆုကြေးငွေကျပ် (၂)သိန်းကျပ်အားလည်းကောင်း၊ ဒုတိယဆုရရှိသော #ဖာပွန်မြို့နယ်အသင်း အား ကရင်ပြည်နယ် အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်မှ တစ်ဦးချင်းလည်ဆွဲဆုများနှင့် ဆုကြေးငွေကျပ် (၅)သိန်းကျပ်အားလည်းကောင်း၊ ပထမဆုရရှိသော #ဘားအံမြို့နယ်အသင်းအား ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးမှ တစ်ဦးချင်းလည်ဆွဲဆုများနှင့် ဆုကြေးငွေကျပ် (၈)သိန်းကျပ်အားလည်းကောင်း ၊အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
ဆက်လက်၍ ဝန်ကြီးချုပ်မှ ပြိုင်ပွဲဝင်အားကစားသမားများ၊တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့နှင့် ဘော်လီဘောပြိုင်ပွဲများသို့ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင်အားကစားသမားများအားလိုက်လံ နှုတ်ဆက်ခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာပြီးဆုံးစေခဲ့ပါသည်။