(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြိုလက်ရည်ဆန်းစစ် မြားပစ်ပြိုင်ပွဲကျင်းပ
![]()
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြိုလက်ရည်ဆန်းစစ် မြားပစ်ပြိုင်ပွဲကျင်းပ ရန်ကုန်၊ စက်တင်ဘာလ ၁၅ ရက် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင် လေ့ကျင့်လျက်ရှိသော မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ်မြားပစ် ပြိုင်ပွဲကို ယနေ့နံနက်(၀၈: ၃၀) နာရီအချိန်တွင် ရန်ကုန်မြို့ ၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံ မြားပစ်ကွင်း၌ ကျင်းပ ပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး၊ အားကစား နှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူးဦးဝင်းထက်မွန်၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးတောက်ထွန်းနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များတက်ရောက်ကြပါသည်။ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များ ရရှိအောင် ရည်ရွယ်၍လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ၌ အမျိုးသား/အမျိုးသမီး (Compound / Recurve)အစမ်းလေ့ကျင့်ပစ်ခတ်ခြင်း၊ အမျိုးသား/အမျိုးသမီး (Compound / Recurve) […]
၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
![]()
၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ စက်တင်ဘာလ ၉ ရက် ပြည်နယ်အတွင်း အမျိုးသမီးအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်များနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ နှင့်ခရိုင်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေ(၁၅:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး […]
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဏာမလက်ရွေးစင်အားကစားသမားများအား ဆေးပညာအသိပညာပေးဟောပြောမှုများနှင့် အားကစားသမားများ၏ စိတ်အခြေအနေများကို စစ်ဆေးပေးနိုင်ရေးဆွေးနွေးပွဲ ကျင်းပ
![]()
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဏာမလက်ရွေးစင်အားကစားသမားများအား ဆေးပညာအသိပညာပေးဟောပြောမှုများနှင့် အားကစားသမားများ၏ စိတ်အခြေအနေများကို စစ်ဆေးပေးနိုင်ရေးဆွေးနွေးပွဲ ကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၁၀ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင်အားကစားသမားများအား ဆေးပညာအသိပညာပေးဟောပြောမှုများနှင့် အားကစားသမားများ၏ စိတ်အခြေအနေများကို စစ်ဆေးပေးနိုင်ရေးအတွက် ဆွေးနွေးပွဲကို ယနေ့နေ့လယ်(၁၂)နာရီခွဲအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ ပညာရေးဝန်ကြီးဌာန၊ တောင်ကြီးတက္ကသိုလ် တွဲဖက်ပါမောက္ခ(ငြိမ်း)၊ အားကစားစိတ်ပညာရှင် ဦးပြည်စိုးက (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)တွင် စခန်းဝင်လေ့ကျင့်နေသည့် ဂျူဒို၊ ပီတန်း၊ အလေးမ၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့အားကစားနည်းများမှ ပဏာမ လက်ရွေးစင်အားကစားသမားအား […]
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊စက်တင်ဘာလ(၁၀)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက သုဝဏ္ဏလေးထပ်ဆောင်ရှိ စားရိပ်သာ၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာနယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)ညွှန်ကြားရေးမှူးဦးခွန်ဂျာအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ထူးအောင်၊ ဌာနခွဲများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများနှင့်နည်းပြများ တက်ရောက်ကြသည်။ ဦးစွာ အစည်းအဝေးသို့တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများက အသီးသီးမိတ်ဆက်ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ယှဉ်ပြိုင်ရေး နှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားအောင်နိုင်ရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ လူငယ်မျိုးဆက်သစ်တင်းနစ်အားကစားသမားများပေါ်ထွက်လာစေရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြတဲ့ တင်းနစ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု […]
၂၀၂၅ခုနှစ်၊ ပထမအကြိမ် ရှမ်းပြည်နယ်ဘော်လီဘောဆပ်ကော်မတီဥက္ကဌဖလား အမျိုးသားရှုံးထွက်အဆင့်ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
![]()
၂၀၂၅ခုနှစ် ၊ ပထမအကြိမ် ရှမ်းပြည်နယ်ဘော်လီဘောဆပ်ကော်မတီဥက္ကဌဖလား အမျိုးသားရှုံးထွက်အဆင့်ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီး၊ စက်တင်ဘာလ ၈ ရက် မှနမွာ့ဘောလွီဘောအားကစားအဆင့အွတနွးပိုမိုတိုးတကမွှင့မွားလာစရေေး ၊ ရှမွးပှညနွယအွားကစားအဆင့အွတနွးတိုးတကမွှင့မွားစရေေးနှင့ွ မှိုးဆကသွဈဘောလွီဘောအားကစားသမားမှားပေါထွှကလွာစရေေးတို့ကိုရညရွှယကွာ ပှညနွယအွားကစားနှင့ကွာယပညာဦးစီးဌာနနှင့ွ ပှညနွယဘွောလွီဘောဆပကွောမွတီတို့ပူးပေါငွးကငွှးပပှုလုပသွော ၂၀၂၅ခုနှဈ ၊ ပထမအကှိမွ ရှမွးပှညနွယဘွောလွီဘောဆပကွောမွတီဥကကြဌဖလား အမှိုးသားရှုံးထှကအွဆင့ဘွောလွီဘောပှိုငပွှဲ ဗိုလလွုပှဲနှင့ဆွုခှီးမှှင့ခွှငွးအခမွးအနားကွို ၇.၉.၂၀၂၅ရကနွေ့ ညနေ(၁၅း၀၀)နာရီအခှိနတွှငွ တောငကွှီးမှို့၊ပှညနွယလွေ့ကငှ့ရွေးအားကစားရုံ၌ ကငွှးပပှုလုပခွဲ့ပါသညွ။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ၊ ဆုရအားကစားသမားများနှင့် အုပ်ချုပ်သူ / နည်းပြများ နှင့် ဘော်လီဘောအားကစားဝါသနာရှင်မိဘပြည်သူများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ရှေးဦးစွာ ဆုချီးမြှင့်ခြင်းအခမ်းအနားမစတင်မီ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက ညနေ(၁၅း၀၀)နာရီအချိန်၌ ဗိုလ်လုပွဲစဥ်များအား ကြည့်ရှုအားပေးခဲ့ကာ ဆုရရှိသောအားကစားသမားများအား […]
(၃၃) ကြိမ်မြောက် အရှေ့တောင်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်နှင့်ရန်ကုန်မြို့တို့တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များအား အသံဆန်းစစ်ခြင်းပြိုင်ပွဲကျင်းပ
![]()
(၃၃) ကြိမ်မြောက် အရှေ့တောင်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်နှင့်ရန်ကုန်မြို့တို့တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များအား အသံဆန်းစစ်ခြင်းပြိုင်ပွဲကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၇ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်နှင့်ရန်ကုန်မြို့တို့တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိရာ အားကစားအဖွဲ့များ စိတ်အပြောင်းအလဲဖြစ်စေရန်နှင့် စိတ်ကြည်လင်အပန်းပြေစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ အုပ်ချုပ်/ နည်းပြများနှင့် အားကစားသမားများအား သီချင်းဆိုပြိုင်ပွဲအတွက် နောက်ဆုံးလူရွေးချယ်ခြင်းကို ကျင်းပသွားမည်ဖြစ်၍ ကြိုတင်စာရင်းပေးသွင်းထားသူများအား အသံဆန်းစစ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ (Multipurpose Hall)နှင့် ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းရှိ ပြည်ထောင်စုခန်းမတို့၌ ကျင်းပခဲ့သည်။ အဆိုပါ သီချင်းဆိုပြိုင်ပွဲအတွက် ဆန်ကာတင်ရွေးချယ်ထားသူ ၂၀ ဦးအနက်မှ ၁၀ ဦးအား […]
AFC Women’s Championship League (AWCL) 2025/2026 ပြိုင်ပွဲ၏ Preliminary Stage ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ ဆက်လက်ကျင်းပ
![]()
AFC Women’s Championship League (AWCL) 2025/2026 ပြိုင်ပွဲ၏ Preliminary Stage ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ ဆက်လက်ကျင်းပ ရန်ကုန်၊ ဩဂုတ်လ ၂၈ ရက် AFC Women’s Championship League (AWCL) 2025/2026 ပြိုင်ပွဲ၏ Preliminary Stage ပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်းတွင်ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိပုဂ္ဂိုလ်များ ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဘောလုံးပြိုင်ပွဲသည် ၂၀၂၅-၂၀၂၆ ရာသီအာရှချန်ပီယံလိဂ် […]
(၁၉)ကြိမ်မြောက်အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲနှင့် (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတို့တွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်မြန်မာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ပြန်လည်ရောက်ရှိကြိုဆို
![]()
(၁၉)ကြိမ်မြောက်အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲနှင့် (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတို့တွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်မြန်မာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ပြန်လည်ရောက်ရှိကြိုဆို ရန်ကုန်၊ ဩဂုတ်လ(၂၅)ရက်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဩဂုတ်လ ၁၈ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၁၉)ကြိမ်မြောက်အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုနှင့် ဩဂုတ်လ(၂၂)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတို့တွင် ရွှေတံဆိပ်(၅)ဆု၊ ငွေတံဆိပ်(၄)ဆု၊ ကြေးတံဆိပ်(၆)ဆု ဆွတ်ခူးရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်မြန်မာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှု အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အမှုဆောင်များ […]
(၅၇)ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်၊ ရွှေ၊ ငွေ၊ ကြေး ဆုများနှင့် အကောင်းဆုံးဆုများ ဆွတ်ခူးရရှိ
![]()
(၅၇)ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်၊ ရွှေ၊ ငွေ၊ ကြေး ဆုများနှင့် အကောင်းဆုံးဆုများ ဆွတ်ခူးရရှိ နေပြည်တော်၊ ဩဂုတ် ၂၄ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်မှ ၂၅ ရက်အထိထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပ ပြုလုပ်သည့် (၁၉) ကြိမ်မြောက်နှင့် (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲသို့ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီမှ အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်လျက်အုပ်ချုပ်သူ ၁ ဦး၊ နည်းပြ ၃ ဦး၊ ဒိုင်လူကြီး ၂ ဦးနှင့် အားကစားသမား ၂၀ ဦး စုစုပေါင်း အားကစားအဖွဲ့ဝင် ၂၆ ဦးဖြင့် သွားရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။ ဩဂုတ်လ ၂၂ ရက်မှ ၂၅ […]
၂၀၂၅ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား ဖူဆယ်ပြိုင်ပွဲဝင် အသင်းများအား ကြိုဆိုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ
![]()
၂၀၂၅ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား ဖူဆယ်ပြိုင်ပွဲဝင် အသင်းများအား ကြိုဆိုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ ဩဂုတ်လ ၂၁ ရက်၊ တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသားဖူဆယ်ပြိုင်ပွဲဝင် အသင်းများအား ကြိုဆိုမိတ်ဆက်ခြင်း အခမ်းအနားကို (၁၉.၈.၂၀၂၅)ရက်နေ့ (၁၅:၃၀)အချိန်တွင် တောင်ကြီးမြို့ ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရကာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်ဆန်း ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန […]