အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားပြခန်းများသို့ သွားရောက်လေ့လာ

Loading

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားပြခန်းများသို့ သွားရောက်လေ့လာ နေပြည်တော်၊ ဖေဖော်ဝါရီ(၁၅)။ ၂၀၂၄ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များသည် ဖေဖော်ဝါရီလ (၁၃)ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းသို့ သွားရောက်၍ မြန်မာ့အားကစားလှုပ်ရှားမှုပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။ ဦးစွာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့အားကစားလှုပ်ရှားမှုပြခန်းများဖြစ်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားရှိထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်ထုများ၊ မြန်မာ့အားကစားမော်ကွန်းခန်းမ၊ ၂၀၁၆-၂၀၂၀ခုနှစ် အတွင်း အားကစားလှုပ်ရှားဆောင်ရွက်မှုပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရရှိခဲ့သူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်းဓာတ်ပုံများ၊ (၂၇)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင် ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် အောင်နိုင်ရေးအတွက် […]

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်အားပေး

Loading

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်အားပေး နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၁)ရက်။ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပရာ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီအမြဲတမ်းအတွင်းဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ အားကစားဝါသနာရှင်များ၊ အားကစားသမားများ တက်ရောက်ကြသည်။ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ဖြစ်သည့် ပျဉ်းမနားမြို့နယ်အသင်းနှင့် […]

၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘိလိယက်နှင့်စနူကာပြိုင်ပွဲအတွက် ရှမ်းပြည်နယ်အသင်းအောင်နိုင်ရေးအတွက် လူရွေးချယ်ပြိုင်ပွဲ ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘိလိယက်နှင့်စနူကာပြိုင်ပွဲအတွက် ရှမ်းပြည်နယ်အသင်းအောင်နိုင်ရေးအတွက် လူရွေးချယ်ပြိုင်ပွဲ ကျင်းပ တောင်ကြီး၊ ဖေဖော်ဝါရီလ ၁၃။ မြန်မာဘိလိယက်နှင့်စနူကာ အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်ရွက်ပုန်းသီးအားကစားသမားများပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို (၂၄.၂.၂၀၂၄)ရကနေ့မှ (၂.၃.၂၀၂၄)ရက်နေ့အထိ နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲသို့ ရှမ်းပြည်နယ်ကိုယ်စားပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲသို့ ရှမ်းပြည်နယ်ကိုယ်စားပြုအသင်းမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုရရှိနိုင်ရေးတို့အတွက် လူရွေးချယ်ပြိုင်ပွဲကို (၁၃.၂.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွေးချယ်ခဲ့ရာ အဆိုပါလူရွေးချယ်ပြိုင်ပွဲသို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ၊ ပြည်နယ်ဘိလိယက်နှင့် စနူကာဆပ်ကော်မတီအဖွဲ့ဝင်များက တက်ရောက်ကြည့်ရှုအားပေးကာ ၎င်းလူရွေးချယ်ပွဲသို့ ပြည်နယ်အတွင်းရှိ မြို့နယ်များမှ မျိုးဆက်သစ်အားကစားသမား (၃၀)ဦး၊ တောင်ကြီးမြို့ပေါ်ရှိ မျိုးဆက်သစ်အားကစားသမား(၄၉)ဦး၊ စုစုပေါင်း (၇၉)ဦးက လာရောက်အရွေးချယ်ခံခဲ့ကြကြောင်း သိရှိရပါသည်။ ‘

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်ဆောင်ရွက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်ဆောင်ရွက် နေပြည်တော်၊ ဖေဖော်ဝါရီ(၁၃)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနခွဲများမှ ဝန်ထမ်းများအချင်းချင်းစည်းလုံးညီညွတ်မှုရှိစေရန်နှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး အညောင်းအညာပြေစေရန်အတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း (Fitness Dance) ကစားမှုများ ပြုလုပ်ဆောင်ရွက်သွားရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရုံးအမှတ်(၃၁)၊ ရုံးချုပ်မှဝန်ထမ်းများ၊ နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်းရှိယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂)မှ ဝန်ထမ်းများ၊ နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (Social Zone)အတွင်းရှိ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)၊ အားကစားကွင်း/ အားကစားရုံဌာနခွဲ၊ အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ၊ လူထုအားကစားနှင့်ပညာပေးဌာနခွဲ၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံးတို့မှ ဝန်ထမ်းများသည် လုပ်ငန်းတာဝန်များ ဆောင်ရွက်ပြီးစီးချိန် ညနေ(၄)နာရီမှ (၄:၃၀)နာရီအထိ မိနစ်(၃၀)ခန့် စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဝူရှူး(ဆန်းဆို)ပြိုင်ပွဲအတွက် ရှမ်းပြည်နယ်အသင်းအောင်နိုင်ရေး စခန်းသွင်းလေ့ကျင့်နိုင်ရန်အတွက် အပြီးသတ်လူရွေးချယ်ပြိုင်ပွဲကျင်းပ

Loading

တောင်ကြီး၊ ဖေဖော်ဝါရီလ ၁၃။ ၂၀၂၄ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဝူရှူး(ဆန်းဆို)ပြိုင်ပွဲအတွက် ရှမ်းပြည်နယ်အသင်းအောင်နိုင်ရေး စခန်းသွင်းလေ့ကျင့်နိုင်ရန်အတွက် အပြီးသတ်လူရွေးချယ်ပြိုင်ပွဲကျင်းပ မြန်မာ ဝူရှူး(ဆန်းဆို)အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်ရွက်ပုန်းသီးအားကစားသမားများပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှ ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသား/အမျိုးသမီး ဝူရှူး(ဆန်းဆို)ပြိုင်ပွဲကို (၇.၃.၂၀၂၄)ရက်နေ့မှ (၁၁.၃.၂၀၂၄)ရက်နေ့ထိ နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲသို့ ရှမ်းပြည်နယ်ကိုယ်စားပြုအသင်းမှဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးနှင့်အောင်မြင်မှုရရှိနိုင်ရေးတို့အတွက် စခန်းသွင်းလေ့ကျင့်နိုင်ရန်အတွက် အပြီးသတ် လူရွေးချယ်ပြိုင်ပွဲကို (၁၃.၂.၂၀၂၄)ရက်နေ့ နံနက်(၀၉း၃၀)နာရီအချိန်တွင် ရွေးချယ်ခဲ့ရာ အဆိုပါလူရွေးချယ်ပွဲသို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ ပြည်နယ်ဝူရှူး(ဆန်းဆို)ဆပ်ကော်မတီအဖွဲ့ဝင်များက တက်ရောက်ကြည့်ရှုအားပေးကာ ၎င်းလူရွေးချယ်ပွဲ၌ မျိုးဆက်သစ်အားကစားသမား စုစုပေါင်း (၃၀)ဦးက ထပ်မံလာရောက်အရွေးချယ်ခံခဲ့ကြကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ ၂၀၂၄ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၁၂.၂.၂၀၂၄ ရက်နေ့ညနေ(၁၄:၃၀)နာရီအချိန်တွင် ဟိုပုံးမြို့၊ မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ ဒေသအားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေသအဆင့်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ ဘောလုံးအားကစားဝါသနာရှင်များက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ရှေးဦးစွာ ဆုချီးမြှင့်ခြင်းအခမ်းအနားမစတင်မီ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများက ကံထက်အသင်း နှင့် လုံးတန်အသင်းတို့၏ယှဥ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ကံထက်အသင်းက လုံးတန်အသင်းကို (၂) ဂိုး ၊ ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသွားကာဆက်လက်၍ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ […]

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ” 2023- 2024 SHAN STATE VOLLEYBALL LEAGUE ” အမှတ်ပေးပြိုင်ပွဲ နောက်ဆုံးပွဲစဥ်နှင့် ကလပ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

Loading

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ” 2023- 2024 SHAN STATE VOLLEYBALL LEAGUE ” အမှတ်ပေးပြိုင်ပွဲ နောက်ဆုံးပွဲစဥ်နှင့် ကလပ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ပြည်နယ်တွင်းအားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ အားကစားဖြင့်ပြည်နယ်၏ဂုဏ်နှင့် နိုင်ငံ၏ဂုဏ်ကို ဖော်ဆောင်နိုင်စေရေးတို့ကို ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ ကြီးမှူးကျင်းပပြုလုပ်ပေးသည့် ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ” 2023 – 2024 SHAN STATE VOLLEYBALL LEAGUE “ အမှတ်ပေးပြိုင်ပွဲ နောက်ဆုံးပွဲစဥ်နှင့် ကလပ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး […]

ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဖွဲ့စည်းနိုင်ရေးကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဖွဲ့စည်းနိုင်ရေးကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ ရှမ်းပြည်နယ်အတွင်းရှိ ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဖွဲ့စည်းနိုင်ရေးကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးအေးလှိုင်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေနှင့် ပြည်နယ်ဘောလုံးဆပ်ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီး မှ အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) ၊ အာရှဘောလုံးအဖွဲ့ချုပ်(AFC)နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်များနှင့်အညီ ဘောလုံးအားကစားကျွမ်းကျင်ပညာရှင်များ ၊ ဌာနဆိုင်ရာအဖွဲ့အစည်းပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်များအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ စည်းမျဥ်း/စည်းကမ်းများအရ ဖွဲ့စည်းဆောင်ရွက်သွားရန်၊ ယခုရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဖွဲ့စည်းရာတွင် ပြည်နယ်အခြေစိုက်ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)အား အမာခံထားရှိပြီး ရှမ်းအရှေ့ ၊ ရှမ်းမြောက်တို့ပါ ပါဝင်ဖွဲ့စည်းနိုင်ရေးအတွက် ရေးဆွဲသွားရန် […]

၂၀၂၄ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၄ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်မည့် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို (၈.၂.၂၀၂၄)ရက်နေ့ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် တောင်ကြီးခရိုင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး၊ အ‌ခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနည်းအလိုက် သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ ရှေးဦးစွာ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုးက အဖွင့်အမှာစကားပြောကြားရာတွင် နွေရာသီအခြေခံအားကစားသင်တန်းများအား နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/ကျောင်းသူများသည် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် အားကစားကို ဝါသနာပါလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်သည့် လူငယ်/လူရွယ်များ ဖြစ်ပေါ်လာစေရန်နှင့် မိမိဝါသနာပါရာ အားကစားနည်းကို လေ့လာလိုက်စားခြင်းမှ အဆင့်ဆင့်ကျွမ်းကျင်တတ်မြောက်ကာ စဉ်ဆက်မပြတ် […]

(၆၂)ကြိမ်မြောက် အမျိုးသားတံခွန်စိုက် စက်ဘီးစီးပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

(၆၂)ကြိမ်မြောက် ၊ အမျိုးသားတံခွန်စိုက်စက်ဘီးစီးပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ရန်ကုန် ၊ ဖေဖေါ်ဝါရီလ(၁၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့၏ လမ်းညွှန်မူဖြင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်နှင့် Myan Shwe Pyi Tractors Limited တို့ပူးပေါင်းကျင်းပပြုလုပ်သည့် (၆၂)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်စက်ဘီးစီးပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နေ့လယ်(၁)နာရီ အချိန်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း၊ သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစခန်းရှိ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်၌ကျင်းပခဲ့သည်။ ပြိုင်ပွဲအပြီးတွင် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဥက္ကဌ ဦးခင်မောင်ဝင်းက အမျိုးသားတစ်ဦးချင်းအလွတ်တန်းစက်ဘီးစီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမဆုရရှိကြသူများအား ဆုများကို ပေးအပ်ချီးမြှင့်၍လည်ကောင်း၊ ဒုတိယဥက္ကဌ ဦးမြတ်သူက အမျိုးသမီးတစ်ဦးချင်း အလွှတ်တန်းစက်ဘီးစီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမဆုရရှိကြသူများအား ဆုများချီးမြှင့်၍လည်ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနဲ့ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက အမျိုးသား အသက်(၁၆)နှစ်အောက် တစ်ဦးချင်းစက်ဘီးစီပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ […]