မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် “ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ကျင်းပ
ပဲခူး မေ ၁၃
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းပြီး မေလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ပဲခူးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီအဖွဲ့ဝင် ၊ ပြန်ကြာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် ၊ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လူမှုရေးရာဝန်ကြီး၊ ဦးမျိုးအောင်၊ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ လူရည်ချွန်ကင်းထောက်လူငယ်များ၊ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ်နှင့်ဆရာ/ဆရာမများ ၊ ပဲခူးတိုင်းဒေသကြီးနှင့်(၄)ခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် နည်းပြများ ၊ (၂၈)မြို့နယ်မှ ပိုက်ကျော်ခြင်းအားကစားသမားများ ၊ နွေရာသီအဆင့်အဆင့်မြင့်အားကစားသင်တန်းမှ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း လူအင်အား (၁၀၉၉)ဦးတို့ တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီအဖွဲ့ဝင် ၊ ပြန်ကြာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးရဲတင့်က လူငယ်မောင်မယ်များ အနေဖြင့် ဗလငါးတန်ဖွံဖြိုးရေး နှင့် လူငယ်များအတွက် အသိပညာပေးဟောပြောပေးပါသည်။
ယင်းနောက်မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီအဖွဲ့ဝင် ၊ ပြန်ကြာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးရဲတင့်က ပဲခူးတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများအတွက် စာအုပ် /စာစောင်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့သော အားကစားပစ္စည်းများပေးအပ် လှူဒါန်းပြီး ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဉက္ကဌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လူမှုရေးရာဝန်ကြီး၊ ဦးမျိုးအောင်မှလည်းအခြေခံပညာကျောင်းများအတွက် စာအုပ် /စာစောင်များနှင့် ပဲခူးတက္ကသိုလ်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့သော အားကစားပစ္စည်းများပေးအပ် လှူဒါန်းပါသည်။
ထို့နောက်ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဒေါ်အေးအေးခိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။


