အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူငယ်စကားဝိုင်းနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

တောင်ကြီးမြို့၊ မေလ(၁၇)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကြီးကြပ်လမ်းညွှန်မှုများနှင့်အတူ တောင်ကြီးခရိုင်လူငယ်ရေးရာကော်မတီ ၊ သားဖွားသင်တန်းကျောင်းတို့ပူးပေါင်းကျင်းပပြုလုပ်သည့် “ လူငယ်စကားဝိုင်း” နှင့် “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” အခမ်းအနားကို ၁၇.၅.၂၀၂၄ ရက်နေ့ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် ပြည်နယ်သားဖွားသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာအဆိုပါအခမ်းအနားသို့ ခရိုင်လူငယ်ရေးရာကော်မတီဥက္ကဌ ဦးတင့်လှိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ အောင်အောင်မျိုး၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးဆန်း ၊ ပြည်နယ်သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်ခမ်း ၊ တောင်ကြီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်း ၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား/သင်တန်းသူ (၁၆၈)ဦးတို့ကတက်ရောက်ခဲ့ကြပြီး လူငယ်များအထွေထွေဗဟုသုတနှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်အတွက် “ လူငယ်စကားဝိုင်း” ကို ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ တောင်ကြီးခရိုင်လူငယ်ရေးရာကော်မတီဥက္ကဌက အဖွင့်အမှာစကားပြောကြား၍ ပြည်နယ်သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်ခမ်း က လူငယ်စကားဝိုင်းနှင့်ပတ်သက်သည့် သိကောင်းစရာများကို ဆက်လက်ရှင်းလင်းပြောကြားကာ တောင်ကြီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်း က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ဆက်လက်၍ ပါဝင်ဆွေးနွေးကြမည့် ကျောင်းသား / ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်ကြကာ အဆိုပါစကားဝိုင်းကိုစတင်ခဲ့ကြပါသည်။

ရှေးဦးစွာ “ လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ကို မဖူးပြည့်ဇော် နှင့် မမေသီရိဝင်းတို့ နှစ်ဦးမှ အပြန်အလှန်ဆွေးနွေးမေးမြန်းကြခြင်းကိုလည်းကောင်း ၊ “ လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ကို မအိအိမိုး နှင့် မောင်အောင်ကျော်ဖုန်းမြင့် တို့ နှစ်ဦးမှ အပြန်အလှန်ဆွေးနွေးမေးမြန်းကြခြင်းကိုလည်းကောင်း ၊ ” လူငယ်နှင့်စာဖတ်ခြင်း ” ခေါင်းစဉ်ကို မစန္ဒာထွန်း နှင့် မစုပြည့်ဇော် တို့ နှစ်ဦးမှ အပြန်အလှန်ဆွေးနွေးမေးမြန်းကြခြင်းကိုလည်းကောင်း ၊ ” လူငယ်နှင့်ခေါင်းဆောင်မှု ” ခေါင်းစဉ်ကို မောင်အောင်ကျော်ဆန်း နှင့် မအေးချမ်းမိုးတို့ နှစ်ဦးမှ အသီးသီးအပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကာ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ အောင်အောင်မျိုးက ” သွေးလွန်တုပ်ကွေးအကြောင်းသိကောင်းစရာ “ ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးဆန်းက ” အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး “ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီးနောက် ခရိုင်လူငယ်ရေးရာကော်မတီ ဥက္ကဌမှ အားကစားအထောက်အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရှိခဲ့ရပါသည်။