အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြို့နယ်အဆင့်ကင်းထောက်လူငယ်သင်တန်းပို့ချမှုတက်ရောက်အားပေး

တောင်ကြီးမြို့၊ မေလ(၁၅)ရက်။

ပြည်နယ်လူငယ်ရေးရာကော်မတီ၏ လမ်းညွှန်ချက်များအတိုင်း တောင်ကြီးမြို့နယ်အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပဖွင့်လှစ်သည့် မြို့နယ်အဆင့်ကင်းထောက်လူငယ်သင်တန်းပို့ချနေမှုများကို ယနေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ မြို့နယ်အခြေခံပညာဦးစီးဌာန ပညာရေးမှူး ဒေါက်တာ သင်းသင်းခိုင်၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ ၊ တောင်ကြီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးဆူးညီညီသိန်းဝင်း ၊ အခြေခံပညာကျောင်းများမှ ဆရာ / ဆရာမများ ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ နှင့် သင်တန်းသား/သင်တန်းသူများကတက်ရောက်ခဲ့ကြပါသည်။

ဆက်လက်ပြီး သင်တန်းပို့ချနေမှုများကို သွားရောက်ကြည့်ရှုအားပေးကာ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးက လူငယ်ကဏ္ဍ(၁၆)ရပ်နှင့်ပတ်သက်သည့် အချက်အလက်များနှင့် လူငယ်ရေးရာဦးစီးဌာနလုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားကာ သင်တန်းသား / သင်တန်းသူများအား ရေဓာတ်အားဖြည့်အချိုရည် Pocari Sweat များအား ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရှိခဲ့ရပါသည်။