အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

တောင်ကြီးမြို့၊ ဧပြီလ(၂၉)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ၂၉-၄-၂၀၂၄ ရက်နေ့ မွန်းလွဲ (၁၄:၀၀) နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာအဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြာရေးမှူး ဒေါ်နော်မေရီမိုးနှင့် ပြိုင်ပွဲဝင်အားကစားသမား ၂၄၀ ဦးတို့က တက်ရောက်ခဲ့ကြပြီး လူငယ်များအထွေထွေဗဟုသုတနှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝင်းနိုင်က လူငယ်နှင့်ကျန်းမာရေးခေါင်းစဥ်ဖြင့်လည်းကောင်း ၊ ဒေါက်တာ မေမင်းသိမ့်က အဟာရအကြောင်းသိကောင်းစရာ ခေါင်းစဥ်ဖြင့်လည်းကောင်း ၊ ပြည်နယ်ပတ်ဝန်းကျင်နှင့်သဘာဝထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးပြည့်ဖြိုးကျော်က မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်းသိကောင်းစရာ ခေါင်းစဥ်ဖြင့်လည်းကောင်း ၊ တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဇော်အောင်က မြန်မာနိုင်ငံရှိတိုင်းရင်းသားမျိုးနွယ်စုများအကြောင်းသိကောင်းစရာ ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီးနောက် ပြိုင်ပွဲဝင်အားကစားသမားများအား ဉာဏ်စမ်းမေးခွန်းများမေးမြန်းကာ အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။