၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲများ ဆက်လက်ကျင်းပ(၂၇.၇.၂၀၂၄)
၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲများ ဆက်လက်ကျင်းပ(၂၇.၇.၂၀၂၄) နေပြည်တော်၊ ဇူလိုင် ၂၇ ။ မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ(၃)နာရီတွင် ပေါင်းလောင်းအားကစားကွင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင်းရေးကွင်းအမှတ်(၁)တို့တွင် ကျင်းပခဲ့သည်။ ယနေ့ ဘောလုံး(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပေါင်းလောင်းအားကစားကွင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေကြီးအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင်းရေးကွင်းအမှတ်(၁)တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်(၁)ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲ(၃)နာရီတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ […]
၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲများ ဆက်လက်ကျင်းပ
၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇူလိုင်(၂၆)။ မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ(၃)နာရီတွင် ပေါင်းလောင်းအားကစားကွင်းနှင့် ဝဏ္ဏသိဒ္ဓိဘောလုံး၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့တွင် ကျင်းပခဲ့သည်။ ယနေ့ ဘောလုံး (အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ပေါင်းလောင်းအားကစားကွင်းတွင် ရှမ်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မန္တလေးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို (၁)ဂိုး၊ ဂိုးမရှိဖြင့်လည်း ကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင်းရေးကွင်းအမှတ်(၁)တွင် ကချင်ပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကချင်ပြည်နယ်အသင်းက ကရင်ပြည်နယ် အသင်းကို (၄)ဂိုး၊ (၁)ဂိုးဖြင့်လည်း ကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲ(၃)နာရီတွင် […]
၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁) နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲများ ဆက်လက်ကျင်းပ
၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁) နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇူလိုင် ၂၅ ။ မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁)နှစ်အောက် ဘောလုံး(အမျိုးသား) ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ(၃)နာရီတွင် ပေါင်းလောင်းအားကစားကွင်းနှင့် လယ်ဝေးအားကစားကွင်းတို့တွင် ကျင်းပခဲ့သည်။ ယနေ့ဘောလုံး(အမျိုးသား)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ပေါင်းလောင်းအားကစားကွင်းတွင် ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဖက်စလုံးဂိုးမရှိ သရေရလဒ်ဖြင့်လည်းကောင်း၊ လယ်ဝေးအားကစားကွင်းတွင် တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို(၂)ဂိုး(၁)ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲ(၃)နာရီတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ် အောက် ဘောလုံး (အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ […]
ရန်ကုန်တိုင်းဒေသကြီးတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကျင်းပ
ရန်ကုန်တိုင်းဒေသကြီးတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကျင်းပ ရန်ကုန်၊ ဇူလိုင်လ(၂၄)ရက်။ ရန်ကုန်တိုင်းဒေသကြီး၊ ဂုဏ်ထူးဦးမောင်မောင်ကိုယ်ပိုင်အထက်တန်းကျောင်း လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးကျင်းပသော အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲအား ဂုဏ်ထူးဦးမောင်မောင်ကိုယ်ပိုင်အထက်တန်းကျောင်း လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ၂၃-၇-၂၀၂၄ ရက်နေ့နံနက် (၉:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို အင်းစိန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ၊ ခရိုင်ဆရာဝန်ကြီး ၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူ အင်အား(၁၈၅၆) ဦးခန့် တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ဆရာဝန်ကြီး ဦးဝင်းမြတ်သူမှ အဖွင့်အမှာစကားနှင့် ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်၍လည်းကောင်း ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်ဝင်းမူမှ စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်းလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်ဖြိုးမွန်စံမှ လူငယ်နှင့်အားကစားအကြောင်း အသီးသီးဟောပြောခဲ့ကြပါသည်။ ဆက်လက်၍ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများမှ Fitness Dance အကဖြင့်လည်းကောင်း ၊ လှိုင်သာယာတိုက်ကွမ်ဒိုကလပ်မှ […]
ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄)ကျင်းပ
ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄)ကျင်းပ တောင်ကြီးမြို့၊ ဇူလိုင်လ(၂၂)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄)ကို ယနေ့ မွန်းလွဲ (၁၃း၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့ရာ အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ဒုတိယဥက္ကဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ အတွင်းရေးမှူး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာ ၊ ပြည်နယ် / ခရိုင် / မြို့နယ်များမှ ကော်မတီအဖွဲ့ဝင်များ ၊ လူငယ်ကိုယ်စားလှယ်များ ၊ ပရဟိတအသင်းအဖွဲ့များ နှင့် ဖိတ်ကြားထားသူများက တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီ ဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီက ဦးဆောင်၍ […]
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁) နှစ်အောက် ဘောလုံး(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ စတင်ကျင်းပ
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁) နှစ်အောက် ဘောလုံး(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ စတင်ကျင်းပ နေပြည်တော်၊ ဇူလိုင် ၂၄ ။ မျိုးဆက်သစ် အားကစားသမာများပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁)နှစ်အောက် ဘောလုံး (အမျိုးသား)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့မွန်းလွဲ(၃)နာရီတွင် နေပြည်တော်ရှိ ပေါင်းလောင်းအားကစားကွင်းနှင့် လယ်ဝေးအားကစားကွင်းတို့တွင် ကျင်းပခဲ့သည်။ ယနေ့ ဘောလုံး(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပေါင်းလောင်းအားကစားကွင်းတွင် ရှမ်းပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်(၁)ဂိုးစီ သရေရလဒ် ဖြင့်လည်းကောင်း၊ လယ်ဝေးအားကစားကွင်းတွင် ကရင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဖက်စလုံး ဂိုးမရှိ သရေရလဒ်ဖြင့်အသီးသီး ရရှိခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ […]
(၃၃)ကြိမ်မြောက် ပဲရစ်အိုလံပစ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ထွက်ခွာ
(၃၃)ကြိမ်မြောက် ပဲရစ်အိုလံပစ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ထွက်ခွာ ရန်ကုန် ၊ ဇူလိုင် ၂၂ ရက်။ ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့တွင် ၂၇.၇.၂၀၂၄ ရက်နေ့ မှ ၁၁.၈.၂၀၂၄ ရက်နေ့အထိကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် ပဲရစ်အိုလံပစ်အားကစားပြိုင်ပွဲသို့ ရေကူးအားကစားနည်းမှ အုပ်ချုပ်သူ (၁)ဦး ၊ နည်းပြ (၁)ဦး ၊ အားကစားသမား (၁)ဦးနှင့် ကြက်တောင်အားကစားနည်းမှ အုပ်ချုပ်သူ(၁)ဦး၊ အားကစားသမား (၁)ဦး၊ စုစုပေါင်း (၅)ဦးတို့သည် ယနေ့ နံနက် (၁၁:၂၀) အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ မြန်မာနိုင်ငံလှေလှော်အဖွဲချုပ်နှင့် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မိဘဆွေမျိုးများက ပို့ဆောင်နူတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
အာဆီယံ-တရုတ် 3×3 အသက်(၁၈)နှစ်အောက် ဘတ်စကတ်ဘောပြိုင်ပွဲတွင် မြန်မာဘတ်စကတ်ဘောအားကစားအဖွဲ့ ငွေတံဆိပ်ဆုရရှိ
အာဆီယံ-တရုတ် 3×3 အသက်(၁၈)နှစ်အောက် ဘတ်စကတ်ဘောပြိုင်ပွဲတွင် မြန်မာဘတ်စကတ်ဘောအားကစားအဖွဲ့ ငွေတံဆိပ်ဆုရရှိ ရန်ကုန် ၊ ဇူလိုင်၂၀ ရက်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ယူနန်ပြည်နယ်၊ မယ်လီပိုခရိုင် တွင်ဇူလိုင် ၁၄ ရက်မှ ၂၀ရက် အထိကျင်းပပြုလုပ်ခဲ့သည့် ASEN-CHINA TOUTH BASKETBALL TOURNAMENT AND CULTURAL EXCHAN 3×3 အသက်၁၈နှစ်ေအာက်ဘတ်စကတ်ဘောပြိုင်ပွဲသို့မြန်မာဘတ်စကတ်ဘောအားကစားအဖွဲ့၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာဒုတိယ(ငွေ)တံဆိပ်ဆုနှင့် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ကြောင်းသိရသည်။ အဆိုပါပြိုင်ပွဲတွင်တရုတ်အသင်းက ပထမ(ရွှေ) ၊ မြန်မာအသင်းကဒုတိယ(ငွေ)၊ မလေးရှားအသင်းက ဒုတိယ(ငွေ)၊ ထိုင်းအသင်းက တတိယ(ကြေး)တံဆိပ်ရရှိခဲ့ကြပြီး မြန်မာအသင်းမှ စိုင်းအောင်အောင်က အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ ယင်းပြိုင်ပွဲတွင် အိမ်ရှင်တရုတ်အသင်းက ငါးသင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် မြန်မာတို့က တစ်သင်းစီ၀င် ရောက်ယှဥ်ပြိုင်ခဲ့ကြ ကြောင်းသိရသည်။ […]
၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မှတ်ပုံတင်စစ်ဆေးခြင်း၊ အသင်းအုပ်ချုပ်သူများအစည်းအဝေးနှင့် ပွဲစဥ်ဇယားရေးဆွဲ မဲနှိုက်ခြင်းကျင်းပ
၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မှတ်ပုံတင်စစ်ဆေးခြင်း၊ အသင်းအုပ်ချုပ်သူများအစည်းအဝေးနှင့် ပွဲစဥ်ဇယားရေးဆွဲ မဲနှိုက်ခြင်းကျင်းပ တောင်ကြီး၊ ဇူလိုင်း ၁၅။ ရှမ်းပြည်နယ်အစိုးအဖွဲ့၏လမ်းညွှန်မှုများကိုခံယူကာ ပြေးခုန်ပစ် မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်လာစေရေး၊ ပြည်နယ်လက်ရွေးစင်အသင်းအား ထောက်ပံ့မှု ဖြစ်စေရေးနှင့် ပြေးခုန်ပစ်အားကစားနည်းဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်အလိုက် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူများ အစည်းအဝေးနှင့် ပွဲစဥ်များရေးဆွဲမဲနှိုက်ခြင်းကို ၁၅.၇.၂၀၂၄ ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ၊ အားကစားမှူးများ၊ […]
ရှမ်းပြည်နယ်အစိုးရအဖွဲ့က FIFA-MFF U-17 YOUTH LEAGUE 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သော SHAN FC အသင်းအားဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
ရှမ်းပြည်နယ်အစိုးရအဖွဲ့က FIFA-MFF U-17 YOUTH LEAGUE 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သော SHAN FC အသင်းအားဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ ဇူလိုင်လ(၁၄)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က FIFA-MFF U-17 YOUTH LEAGUE 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သော SHAN FC အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် အားကစားသမားများ ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို (၁၄.၇.၂၀၂၄)ရက်နေ့ နေ့လယ်(၁၁း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန […]