အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

တောင်ကြီးမြို့၊ ဇွန်လ(၃၀)ရက်။

မြန်မာအမျိုးသမီးလူငယ်အားကစားသမားများပေါ်ထွက်လာစေရန်နဲ့ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူပြုစေဖို့ပဲဖြစ်ပါကြောင်း ၊ ကျန်းမာကြံ့ခိုင်သောအမျိုးသမီးများ ပေါ်ထွက်လာစေရန်တို့ကို ရည်ရွယ်ကာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ရှမ်းပြည်နယ် အမျိုးသမီးကော်မတီတို့မှ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် (၀၉:၀၀)နာရီအချိန်မှစတင်၍ တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး နှင့်ပြည်နယ်ဝန်ကြီးများ၏ ဇနီးများ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ၊ ဒုတိယညွှန်ကြားရေးမှူး ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များက တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်း(၂၂)သင်းမှ စုပေါင်းသရုပ်ပြသခဲ့ကြပြီး ဗိုလ်လုပွဲသို့တက်ရောက်သွားသည့် ပြိုင်ပွဲအသင်း(၆)သင်းမှ ဆက်လက်ယှဥ်ပြိုင်ခဲ့ကြပြီး ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားအားဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲသို့ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသော ပြိုင်ပွဲဝင်အသင်းများအား တစ်သင်းလျှင် (၁)သိန်းကျပ်စီဂုဏ်ပြုချီးမြှင့်ခဲ့ပြီး စုစုပေါင်း (၁၆)သိန်းကျပ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများနှင့် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များကလည်းကောင်း ၊ ပြိုင်ပွဲတွင် နှစ်သိမ့်ဆု(၁) ၊ နှစ်သိမ့်ဆု(၂) ၊ နှစ်သိမ့်ဆု(၃) ၊ ပထမဆု ၊ ဒုတိယဆု ၊ တတိယဆု ရရှိသွားသော အသင်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ရှမ်းပြည်နယ်အမျိုးသမီးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးနှင့် တာဝန်ရှိသူများက ဆုရအားကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရကာအမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါကြောင်း သိရှိရပါသည်။