အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် ကလပ်ပေါင်းစုံ မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲကျင်းပ

ရန်ကုန်၊ ဇွန်လ (၂၃)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့၏ ဦးဆောင်မှုဖြင့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မျိုးဆက်သစ် မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲကို (၂၁-၆-၂၀၂၅) ရက်နေ့၊ (၂၂-၆-၂၀၂၅) ရက်နေ့များတွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ မြန်မာ့သိုင်းလေ့ကျင့်ရေး သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်အသင်း (၁၅)သင်းမှ အုပ်ချုပ်၊ နည်းပြ၊ ကစားသမား၊ စုစုပေါင်း(၁၇၅)ဦးပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲကို အသက်(၁၀)နှစ်မှ (၁၆)နှစ် အတွင်း မျိုးဆက်သစ်အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ဗန်တိုအတိုက် ကျား(၅)တန်း၊ မ(၄)တန်း၊ တစ်ကိုယ်တော်စွမ်းရည်ပြ (လက်/ဓါး ၁)နှင့် အခြေခံဗန်တို (၆၃) ကျား/မ ပြိုင်ပွဲများကို ထည့်သွင်းကျင်းပခဲ့ပြီး ရွှေ(၁၅)၊ ငွေ(၁၅)၊ ကြေး(၂၄)ဖြင့် စုစုပေါင်း(၅၄)ဆု ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ယင်းပြိုင်ပွဲသို့ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ ဥက္ကဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြန်မာ့သိုင်းပညာရှင်ကြီးများ တက်ရောက်ပြီး၊ ဆုများချီးမြှင့်ကြပါသည်။ ယင်းပြိုင်ပွဲကို ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက်က အဓိက ကူညီပံ့ပိုးပေးခဲ့ပါသည်။