၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
တောင်ကြီးမြို့၊ ဇွန်လ(၃၀)ရက်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုများကိုခံယူကာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြည်နယ်အတွင်းပိုက်ကျော်ခြင်းအားကစားနည်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားကစားအဆင့်အတန်းအစဥ်အမြဲတိုးတက်စေရေးတို့ကို ရည်ရွယ်၍ ၂၀၂၅ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၃၀.၆.၂၀၂၅ရက်နေ့ညနေ(၁၅:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ ၊ သူနာပြုသင်တန်းကျောင်းမှသင်တန်းသား/သင်တန်းသူများ၊ ပညာရေးဒီဂရီကောလိပ်မှသင်တန်းသား/သင်တန်းသူများနှင့် ပိုက်ကျော်ခြင်းအားကစားဝါသနာရှင်များက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
ရှေးဦးစွာ ဆုချီးမြှင့်ခြင်းအခမ်းအနားမစတင်မီ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အမျိုးသမီးဗိုလ်လုပွဲ ပွဲစဥ်အဖြစ် မိုင်းဆတ်မြို့နယ်အသင်း နှင့် ပင်းတယမြို့နယ်အသင်းတို့၏ ယှဥ်ပြိုင်ကစားနေမှုများကိုလည်းကောင်း ၊ အမျိုးသားဗိုလ်လုပွဲ ပွဲစဥ်အဖြစ် တောင်ကြီးမြို့နယ် အသင်း နှင့် လင်းခေးမြို့နယ်အသင်းတို့၏ယှဥ်ပြိုင်ကစားနေမှုများကိုလည်းကောင်း အသီးသီးကြည့်ရှုအားပေးခဲ့ကြပြီး အမျိုးသမီးဗိုလ်လုပွဲ ပွဲစဥ်တွင် မိုင်းဆတ်မြို့နယ်အသင်း နှင့် ပင်းတယမြို့နယ်အသင်းတို့၏ယှဥ်ပြိုင်ကစားခဲ့ရာ မိုင်းဆတ်မြို့နယ်အသင်းက ပင်းတယမြို့နယ်အသင်းကို ( ၂ )ပွဲပြတ်ဖြင့် လည်းကောင်း ၊ အမျိုးသားဗိုလ်လုပွဲ ပွဲစဥ်တွင် တောင်ကြီးမြို့နယ်အသင်း နှင့် လင်းခေးမြို့နယ်အသင်းတို့၏ယှဥ်ပြိုင်ကစားခဲ့ရာ တောင်ကြီးမြို့နယ်အသင်းက လင်းခေးမြို့နယ်အသင်းကို (၂)ပွဲ ၊ (၁)ပွဲဖြင့်လည်းကောင်း အသီးသီးအနိုင်ရဗိုလ်စွဲသွားကြောင်းသိရှိရကာ ဆက်လက်၍ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ အမျိုးသမီးပြိုင်ပွဲတွင် အကောင်းဆုံးဆုရအားကစားသမားများအား ဆုချီးမြှင့်ရာတွင် ပထမဦးစွာ အကောင်းဆုံးရိုက်ခုတ်ဆု ရရှိသွားသော မိုင်းဆတ်မြို့နယ်အသင်းမှ မနော်လေးမီအား ဆုတံဆိပ်နှင့်ငွေသားဆု (၅၀,၀၀၀ိ/-)ကျပ် ၊ အကောင်းဆုံးပင့်ထောင်ဆု ရရှိသွားသော တောင်ကြီးမြို့နယ်အသင်းမှ မမေသင်္ကြန်အေးအား ဆုတံဆိပ်နှင့်ငွေသားဆု (၅၀,၀၀၀ိ/-)ကျပ် ၊ အကောင်းဆုံးနောက်ထိန်းဆု ရရှိသွားသော မိုင်းဆတ်မြို့နယ်အသင်းမှ မနိုးလာဘိုအား ဆုတံဆိပ်နှင့်ငွေသားဆု (၅၀,၀၀၀ိ/-)ကျပ် ၊ ပွဲစဥ်တစ်လျှောက်အကောင်းဆုံးဆုရရှိသွားသော ပင်းတယမြို့နယ်အသင်းမှ မဖြိုးသဇင်ထွန်းတို့အား ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၏ ဇနီးမှလည်းကောင်း ၊ အမျိုးသားပြိုင်ပွဲတွင် အကောင်းဆုံးဆုရအားကစားသမားများအား ဆုချီးမြှင့်ရာတွင် ပထမဦးစွာ အကောင်းဆုံးရိုက်ခုတ်ဆု ရရှိသွားသော လင်းခေးမြို့နယ်အသင်းမှ မောင်အောင်သပြေဖြိုးအား ဆုတံဆိပ်နှင့်ငွေသားဆု (၅၀,၀၀၀ိ/-)ကျပ် ၊ အကောင်းဆုံးပင့်ထောင်ဆု ရရှိသွားသော တောင်ကြီးမြို့နယ်အသင်းမှ မောင်စိုင်းဇင်မင်းထက်အား ဆုတံဆိပ်နှင့်ငွေသားဆု (၅၀,၀၀၀ိ/-)ကျပ် ၊ အကောင်းဆုံးစပေးဘောဆု ရရှိသွားသော ပင်းတယမြို့နယ်အသင်းမှ မောင်ဟန်ဝင်းထွဋ်အား ဆုတံဆိပ်နှင့်ငွေသားဆု (၅၀,၀၀၀ိ/-)ကျပ် ၊ ပွဲစဥ်တစ်လျှောက်အကောင်းဆုံးဆုရရှိသွားသော တောင်ကြီးမြို့နယ်အသင်းမှ မောင်ကျော်ဇင်သန့်အား ဆုတံဆိပ်နှင့်ငွေသားဆု (၅၀,၀၀၀ိ/-)ကျပ်တို့အား ပြည်နယ်ဥပဒေချုပ် မှလည်းကောင်း ၊ ဆက်လက်ပြီး အမျိုးသမီးပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသွားကြသော တောင်ကြီးမြို့နယ်အသင်းအား ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးမှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု (၂၀၀,၀၀၀ိ/-)ကျပ်အားလည်းကောင်း ၊ အမျိုးသားပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသွားသော ပင်းတယမြို့နယ်အသင်းအား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီးမှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု (၂၀၀,၀၀၀ိ/-)ကျပ်အားလည်းကောင်း ၊ အမျိုးသမီးပြိုင်ပွဲတွင် တတိယဆုရရှိသွားကြသော လွိုင်လင်မြို့နယ်အသင်းအား ပြည်နယ်သယံဇာတရေးရာဝန်ကြီးမှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု (၂၀၀,၀၀၀ိ/-)ကျပ်အားလည်းကောင်း ၊ အမျိုးသားပြိုင်ပွဲတွင် တတိယဆုရရှိသွားသော ရပ်စောက်မြို့နယ်အသင်းအား ပြည်နယ်စီးပွားရေးရာဝန်ကြီးမှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု (၂၀၀,၀၀၀ိ/-)ကျပ်အားလည်းကောင်း ၊ အမျိုးသမီးပြိုင်ပွဲတွင် ဒုတိယဆုရရှိသွားသော ပင်းတယမြို့နယ်အသင်းကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီးမှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု(၃၀၀,၀၀၀ိ/-)ကျပ်အားလည်းကောင်း ၊ အမျိုးသားပြိုင်ပွဲတွင် ဒုတိယဆုရရှိသွားသော လင်းခေးမြို့နယ်အသင်းကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်မှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု(၃၀၀,၀၀၀ိ/-)ကျပ်အားလည်းကောင်း ၊ အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရရှိသွားသော မိုင်းဆတ်မြို့နယ်အသင်းကို ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယက ၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး မှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု (၅၀၀,၀၀၀ိ/-)ကျပ်နှင့် ပထမဆုဖလားအားလည်းကောင်း ၊ အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသွားသော တောင်ကြီးမြို့နယ်အသင်းကို ပြည်နယ်ဝန်ကြီးချုပ် မှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု (၅၀၀,၀၀၀ိ/-)ကျပ်နှင့် ပထမဆုဖလားအားလည်းကောင်း ဆုများအသီးသီးပေးအပ်ခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံအားရိုက်ကူးခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။


