အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

(၁၃)ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့မှ Virtual စနစ်ဖြင့် ပါဝင်တက်ရောက်

Loading

(၁၃)ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့မှ Virtual စနစ်ဖြင့် ပါဝင်တက်ရောက် နေပြည်တော်၊ ဧပြီ ၂၉ အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ အစည်းအဝေးများ၏ ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက် လျက်ရှိသည့် ဖိလစ်ပိုင်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်သည့် (၁၃)ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အပေါင်း ၃ နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ၏ အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ခေါင်းဆောင်၊ လူငယ်ရေးရာဦးစီးဌာန […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဒဏ်သင့် အရာထမ်း/ အမှုထမ်းများအား ထောက်ပံ့ပစ္စည်းများကို စတုတ္ထအကြိမ်ဖြန့်ခွဲပေးအပ်ပွဲ အခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဒဏ်သင့် အရာထမ်း/ အမှုထမ်းများအား ထောက်ပံ့ပစ္စည်းများကို စတုတ္ထအကြိမ်ဖြန့်ခွဲပေးအပ်ပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ ဧပြီ ၂၉ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ငလျင်ဒဏ်သင့် အရာထမ်း/ အမှုထမ်းများအား အလှူရှင်များမှ လှူဒါန်းထားသည့် ထောက်ပံ့ပစ္စည်းများကို စတုတ္ထအကြိမ်ဖြန့်ခွဲပေးအပ်ပွဲ အခမ်းအနားကို ယနေ့ည‌နေပိုင်းတွင် နေပြည်တော် အားကစား‌လေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် မတ်လ ၂၈ ရက်နေ့၌ ၇.၇ ရစ်(ခ်)တာ စကေးနှုန်းဖြင့် လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ခံစားခဲ့ရသည့် မိမိတို့ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း/ အမှုထမ်းများအား နေထိုင်စားသောက်မှုများ၊ သောက်ရေနှင့် သုံးရေများ အဆင်ပြေချောမွေ့စေရန် အားကစား လေ့ကျင့်ရေးစခန်း(Gold […]

(၁၄) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ လူငယ်ရေးရာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့မှ Virtual စနစ်ဖြင့် တက်ရောက်

Loading

(၁၄) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ လူငယ်ရေးရာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့မှ Virtual စနစ်ဖြင့် တက်ရောက် နေပြည်တော်၊ ဧပြီ ၂၈။ ၂၀၂၅ – ၂၀၂၆ ခုနှစ်များအတွက် အာဆီယံလူငယ်ဆိုင်ရာ အစည်းအဝေးများ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဖိလစ်ပိုင်နိုင်ငံ၏ ဦးဆောင်ကျင်းပမှုဖြင့် (၁၄)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးခေါင်းဆောင်၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Virtual စနစ်ဖြင့်တက်ရောက်ခဲ့သည်။ အစီအစဉ်အရ (၁၄)ကြိမ်မြောက် အစည်းအဝေးအား အခမ်းအနားအစီအစဉ် (၁၄)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အဓိကအားဖြင့် ယခင်က ကျင်းပခဲ့သည့် (၁၃)ကြိမ်မြောက် အစည်းအဝေး […]

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အားကစားလူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ပဲခူး လူငယ်စင်တာ ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

Loading

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အားကစားလူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ပဲခူး လူငယ်စင်တာ ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ် ပဲခူး ဧပြီ ၂၈ ပဲခူးမြို့၌ လူငယ်စင်တာ ဖွင့်ပွဲအခမ်းအနားအား ရွှေမော်ဓောဘုရားလမ်းနှင့် ရှင်စောပုလမ်းထောင့်ရှိ အဆိုပါအဆောက်အုံ၌ ဧပြီလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးခဲ့ကြသည်။ ရှေးဦးစွာ လူငယ်စင်တာ ဖွင့်ပွဲအခမ်းအနားအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ လူမှုရေးဝန်ကြီး ဦးမျိုးအောင်၊ လူရည်ချွန် မခြူးတိမ်လွှာထက်နှင့် ထူးချွန်အားကစားသမား မမေဟန်နီနီအောင်လွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြ သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇင်မင်းထက်တို့က လူငယ်စင်တာ ဆိုင်းဘုတ်အား […]

စင်္ကာပူဖိတ်ခေါ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု လေး‌ခု ဆွတ်ခူးရရှိခဲ့သော မြန်မာပြေးခုန်ပစ်အဖွဲ့ ပြန်လည်ရောက်ရှိ ကြိုဆို

Loading

စင်္ကာပူဖိတ်ခေါ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု လေး‌ခု ဆွတ်ခူးရရှိခဲ့သော မြန်မာပြေးခုန်ပစ်အဖွဲ့ ပြန်လည်ရောက်ရှိ ကြိုဆို ရန်ကုန် ၊ ဧပြီလ ၂၆ ရက် (၈၅)ကြိမ်မြောက် ၊ စင်္ကာပူဖိတ်ခေါ် ( Singapore SportsHub )ပြိုင်ပွဲကို ဧပြီလ ၂၄ရက်နှင့်၂၅ ရက်က ကျင်းပခဲ့ရာ မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့မှ ရွှေတံဆိပ်ဆု လေးခု ဆွတ်ခူးရရှိခဲ့ပြီး ယ‌နေ့ည ၁၀ နာရီခွဲက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်‌ရောက်ရှိလာကြသည်။ အဆိုပါပြိုင်ပွဲ၌ အမျိုးသမီး ကြိုးတပ် သံလုံးပစ်ပြိုင်ပွဲတွင် သွယ်သွယ်မိုး က ရွှေတံဆိပ်ဆုကို စံချိန် ( ၄၇.၃၈မီတာ ) ဖြင့်လည်းကောင်း ၊ အမျိုးသမီး ၁၀၀၀၀ မီတာ လမ်းလျှောက်ပြိုင်ပွဲတွင် ဝင်းဝင်းခိုင် ကရွှေတံဆိပ်ဆုကို စံချိန် ( […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပီတန်းအားကစားနည်း ပထမအကြိမ် Single Shooting လက်ရည်ဆန်းစစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပီတန်းအားကစားနည်း ပထမအကြိမ် Single Shooting လက်ရည်ဆန်းစစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက် နေပြည်တော်၊ ဧပြီ ၂၆ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပီတန်းအားကစားသမားများ၏ ပထမအကြိမ် Single Shooting လက်ရည်ဆန်းစစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။ ယနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် ပီတန်းအားကစားနည်း Single Shooting (Men/ Women) တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် ဆုချီးမြှင့်ပွဲအား […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့၊ အလေးမနှင့် မြားပစ်အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့၊ အလေးမနှင့် မြားပစ်အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဧပြီ ၂၄ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များလိုက်ပါလျက် ယနေ့ညနေပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားနည်းများ အနက်မှ လက်ဝှေ့၊ အလေးမ နှင့် မြားပစ်အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများနှင့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အားကစားကွင်း/အားကစားရုံအခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ […]

အာဆီယံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များဆိုင်ရာ ဘောလုံး ဖိုရမ်သို့ တက်ရောက်ရန်ပြည်ပထွက်ခွာ

Loading

အာဆီယံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များဆိုင်ရာ ဘောလုံး ဖိုရမ်သို့ တက်ရောက်ရန်ပြည်ပထွက်ခွာ ရန်ကုန်၊ ဧပြီလ (၂၃)ရက်။ ၂၀၂၅ ခုနှစ် ၊ ဧပြီလ(၂၄)ရက်နေ့မှ (၂၅)ရက်နေ့အထိ စင်ကာပူနိုင်ငံ PARKROYAL Hotel တွင် ကျင်းပပြုလုပ်မည့် အာဆီယံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များဆိုင်ရာ ဘောလုံးဖိုရမ်(ASEAN SDGs Through Football Forum) သို့ တက်ရောက်ရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူ (အဖွဲ့ခေါင်းဆောင်)နှင့်အတူ ကိုယ်စားလှယ် (၅)ဦးတို့သည် ယနေ့ နံနက်(၁၀:၁၅) နာရီအချိန်၌ လေယာဉ်အမှတ် SQ – 761 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး […]

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဌာနခွဲများအလိုက် ဝန်ထမ်းများ၏ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ပီတန်းနှင့် ဂျူဒိုအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဌာနခွဲများအလိုက် ဝန်ထမ်းများ၏ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ပီတန်းနှင့် ဂျူဒိုအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဧပြီ ၂၂ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မိုးလုံလေလုံ တင်းနစ်အားကစားရုံနှင့် အားကစား လေ့ကျင့်ရေးစခန်း (Gold Camp)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဌာနခွဲများအလိုက် ဝန်ထမ်းများ၏ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုဝန်ကြီးရုံး၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူငယ်ရေးရာဦးစီးဌာန ဌာနခွဲများအလိုက် ဝန်ထမ်းများ၏ ပုံမှန်ရုံးချိန်အတိုင်း ရုံးတက်ရောက်မှုအခြေအနေများ၊ ရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် သတ်မှတ်ဝတ်စုံများအား စနစ်တကျ ဝတ်ဆင်ထားမှုရှိစေရေးနှင့် ရုံးပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့အတွက် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သင်္ကြန်ရုံး ပိတ်ရက်ကာလရှည်တွင် […]

(၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်း‌ လေ့ကျင့်လျက်ရှိသော ကစားနည်းများ၏ သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

(၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်း‌ လေ့ကျင့်လျက်ရှိသော ကစားနည်းများ၏အုပ်ချုပ်မှု၊ လေ့ကျင့်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန် ၊ ဧပြီလ (၂၂)ရက် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ သို့ဝင်ရောက် ယှဉ်ပြိုင် နိုင်ရန် စခန်းသွင်း‌ လေ့ကျင့်လျက်ရှိသော ကစားနည်းများ၏အုပ်ချုပ်မှု၊ လေ့ကျင့်မှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်က ရန်ကုန်မြို့ ၊ တာမွေမြို့နယ်ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်‌ ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ယှဉ်ပြိုင်‌ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၂) ညွှန်ကြားရေးမှူး […]