(၃၃)ကြိမ်မြောက် ပဲရစ်အိုလံပစ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ထွက်ခွာ

(၃၃)ကြိမ်မြောက် ပဲရစ်အိုလံပစ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ထွက်ခွာ ရန်ကုန် ၊ ဇူလိုင် ၂၂ ရက်။ ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့တွင် ၂၇.၇.၂၀၂၄ ရက်နေ့ မှ ၁၁.၈.၂၀၂၄ ရက်နေ့အထိကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် ပဲရစ်အိုလံပစ်အားကစားပြိုင်ပွဲသို့ ရေကူးအားကစားနည်းမှ အုပ်ချုပ်သူ (၁)ဦး ၊ နည်းပြ (၁)ဦး ၊ အားကစားသမား (၁)ဦးနှင့် ကြက်တောင်အားကစားနည်းမှ အုပ်ချုပ်သူ(၁)ဦး၊ အားကစားသမား (၁)ဦး၊ စုစုပေါင်း (၅)ဦးတို့သည် ယနေ့ နံနက် (၁၁:၂၀) အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ မြန်မာနိုင်ငံလှေလှော်အဖွဲချုပ်နှင့် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မိဘဆွေမျိုးများက ပို့ဆောင်နူတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဇူလိုင် ၂၂ ။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၊ အစည်းအဝေးခန်းမ(အပေါ်ထပ်)၌ ကျင်းပခဲ့သည်။ ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းအလိုက် အမှတ်ပေးစနစ်၊ ပြိုင်ပွဲကျင်းပမည့်ပုံစံများ၊ ပြိုင်ပွဲရလဒ်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေး၊ Website တင်နိုင်ရေးနှင့် Android Software ရေးဆွဲနိုင်ရေးတို့ အတွက် ယခုအစည်းအဝေးအား ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ […]
အာဆီယံ-တရုတ် 3×3 အသက်(၁၈)နှစ်အောက် ဘတ်စကတ်ဘောပြိုင်ပွဲတွင် မြန်မာဘတ်စကတ်ဘောအားကစားအဖွဲ့ ငွေတံဆိပ်ဆုရရှိ

အာဆီယံ-တရုတ် 3×3 အသက်(၁၈)နှစ်အောက် ဘတ်စကတ်ဘောပြိုင်ပွဲတွင် မြန်မာဘတ်စကတ်ဘောအားကစားအဖွဲ့ ငွေတံဆိပ်ဆုရရှိ ရန်ကုန် ၊ ဇူလိုင်၂၀ ရက်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ယူနန်ပြည်နယ်၊ မယ်လီပိုခရိုင် တွင်ဇူလိုင် ၁၄ ရက်မှ ၂၀ရက် အထိကျင်းပပြုလုပ်ခဲ့သည့် ASEN-CHINA TOUTH BASKETBALL TOURNAMENT AND CULTURAL EXCHAN 3×3 အသက်၁၈နှစ်ေအာက်ဘတ်စကတ်ဘောပြိုင်ပွဲသို့မြန်မာဘတ်စကတ်ဘောအားကစားအဖွဲ့၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာဒုတိယ(ငွေ)တံဆိပ်ဆုနှင့် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ကြောင်းသိရသည်။ အဆိုပါပြိုင်ပွဲတွင်တရုတ်အသင်းက ပထမ(ရွှေ) ၊ မြန်မာအသင်းကဒုတိယ(ငွေ)၊ မလေးရှားအသင်းက ဒုတိယ(ငွေ)၊ ထိုင်းအသင်းက တတိယ(ကြေး)တံဆိပ်ရရှိခဲ့ကြပြီး မြန်မာအသင်းမှ စိုင်းအောင်အောင်က အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ ယင်းပြိုင်ပွဲတွင် အိမ်ရှင်တရုတ်အသင်းက ငါးသင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် မြန်မာတို့က တစ်သင်းစီ၀င် ရောက်ယှဥ်ပြိုင်ခဲ့ကြ ကြောင်းသိရသည်။ […]
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် (အမျိုးသား)ဘောလုံး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် (အမျိုးသား)ဘောလုံး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ နေပြည်တော်၊ ဇူလိုင် ၂၁ ။ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် (အမျိုးသား)ဘောလုံး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Cluster-7 စားရိပ်သာ၌ ကျင်းပခဲ့သည်။ အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဘောလုံး အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ဘောလုံး အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေးနှင့် မျိုးဆက်သစ်အားကစားသမား များစွာပေါ်ထွက်လာစေရေးတို့အတွက်ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ […]
၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မှတ်ပုံတင်စစ်ဆေးခြင်း၊ အသင်းအုပ်ချုပ်သူများအစည်းအဝေးနှင့် ပွဲစဥ်ဇယားရေးဆွဲ မဲနှိုက်ခြင်းကျင်းပ

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မှတ်ပုံတင်စစ်ဆေးခြင်း၊ အသင်းအုပ်ချုပ်သူများအစည်းအဝေးနှင့် ပွဲစဥ်ဇယားရေးဆွဲ မဲနှိုက်ခြင်းကျင်းပ တောင်ကြီး၊ ဇူလိုင်း ၁၅။ ရှမ်းပြည်နယ်အစိုးအဖွဲ့၏လမ်းညွှန်မှုများကိုခံယူကာ ပြေးခုန်ပစ် မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်လာစေရေး၊ ပြည်နယ်လက်ရွေးစင်အသင်းအား ထောက်ပံ့မှု ဖြစ်စေရေးနှင့် ပြေးခုန်ပစ်အားကစားနည်းဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်အလိုက် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူများ အစည်းအဝေးနှင့် ပွဲစဥ်များရေးဆွဲမဲနှိုက်ခြင်းကို ၁၅.၇.၂၀၂၄ ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ၊ အားကစားမှူးများ၊ […]
ရှမ်းပြည်နယ်အစိုးရအဖွဲ့က FIFA-MFF U-17 YOUTH LEAGUE 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သော SHAN FC အသင်းအားဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့က FIFA-MFF U-17 YOUTH LEAGUE 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သော SHAN FC အသင်းအားဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ ဇူလိုင်လ(၁၄)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က FIFA-MFF U-17 YOUTH LEAGUE 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သော SHAN FC အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် အားကစားသမားများ ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို (၁၄.၇.၂၀၂၄)ရက်နေ့ နေ့လယ်(၁၁း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန […]
မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း (၆)လပတ်အစည်းအဝေးကျင်းပ

မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း (၆)လပတ်အစည်းအဝေးကျင်းပ ရန်ကုန် ၊ ဇူလိုင် ၁၄။ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီ အချိန်က ရန်ကုန်မြို့ ၊ တာမွေမြို့နယ်၊ အားကစားနဲ့ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံကွင်းရှိ၊ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းရုံး၌ ကျင်းပရာ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း နာယကများဖြစ်ကြသည့် ဦးသက်ဝင်း၊ ဦးတင်အောင်၊ ဦးအုန်းရှိန် ၊ ဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် ဒုတိယဥက္ကဋ္ဌများ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ထူးအောင်နှင့် လူငယ်ရေးရာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူး၊ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှ အမှုဆောင်များနှင့် အသင်းဝင်များတက်ရောက်ကြသည်။ ရှေးဦးစွာ ဥက္ကဋ္ဌ ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး ၃.၃.၂၄ရက်နေ့တွင် ကျင်းပခဲ့သော ၂/၂၄ နှင့် ၁၁.၅.၂၄ ရက်နေ့ တွင်ကျင်းပခဲ့သည့် ၃/၂၄ အစည်းအဝေးဆုံးဖြတ်ချက်များအား ပြန်လည်သုံးသပ်အတည်ပြုခြင်းများကိုလည်းကောင်း၊ အထွေထွေအတွင်းရေးမှူးမှ ရှေ့လုပ်ငန်းစဉ်များဆောင်ရွက်သင့်သည့် လုပ်ငန်းများကိုတင်ပြပြီး ဆပ်ကော်မတီများအလိုက်ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြသည်။ ဆက်လက်၍ […]
ဒုတိယအကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက်(၂၀)နှစ်အောက်အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဒုတိယအကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက်(၂၀)နှစ်အောက်အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဇူလိုင် ၁၂ရက်။ မြန်မာဘော်လီဘောလူမှုရေးအသင်းအနေဖြင့် မျိုးဆက်သစ်လူငယ်ဘော်လီဘော အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်အတွင်းတွင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်မြို့များနှင့် နေပြည်တော်၊ ၂၀၂၄ ခုနှစ်တွင် ရွှေတောင်၊ ပဲခူးမြို့များတွင် ဘော်လီဘောပြိုင်ပွဲများကျင်းပပေးခဲ့ပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ပြိုင်ပွဲများဆက်လက်ကျင်းပပေးလျက်ရှိရာ၊ ယခုအခါ ရန်ကုန်မြို့တွင် ၂၀၂၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယအကြိမ်မြောက်မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက၊ ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီဌာနမှ တာဝန်ရှိသူများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာဘော်လီဘောလူမှုရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ […]
၂၀၂၄ ခုနှစ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငါးမျိုးစိုက်ထည့်ပွဲ နှင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငါးမျိုးစိုက်ထည့်ပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင် ၁၁ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ ငါးမျိုးစိုက်ထည့်ပွဲနှင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းပရိဝုဏ်အတွင်း၌ ကျင်းပခဲ့သည်။ ဦးစွာ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ကန်အမှတ်(၁)၌ ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၇၅၀၀ နှင့် ထိုင်းငါးခုံးမသားပေါက်ကောင်ရေ ၇၅၀၀ စုစုပေါင်းငါးသားပေါက်ကောင်ရေ ၁၅၀၀၀ ခန့် စိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့်ဇနီးများက ငါးသားပေါက်များစိုက်ထည့်ခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများမှ ငါးသားပေါက်များ ဆက်လက်စိုက်ထည့်ခဲ့ကြသည်။ ထို့နောက် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (A) (B) (C) ရှေ့၌ ရတနာတန်းဝင်အပင်များဖြစ်သည့် […]
ဇမ္ဗူသီရိမြို့နယ် အထက-၇ ၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဇမ္ဗူသီရိမြို့နယ် အထက-၇ ၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ ဇမ္ဗူသီရိ၊ ဇူလှိုင်လ(၁၀)ရက်။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ဘက်စုံ ထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူကောင်း လူတော်များ ဖြစ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။ ဟောပြောပွဲတွင် တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက လူငယ်နှင့် စာဖတ်ခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်နှင်းမမဦးက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏အမြင်များနှင့်ပတ်သက်၍ […]