အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အာဆီယံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များဆိုင်ရာ ဘောလုံး ဖိုရမ်သို့ တက်ရောက်ရန်ပြည်ပထွက်ခွာ

ရန်ကုန်၊ ဧပြီလ (၂၃)ရက်။

၂၀၂၅ ခုနှစ် ၊ ဧပြီလ(၂၄)ရက်နေ့မှ (၂၅)ရက်နေ့အထိ စင်ကာပူနိုင်ငံ PARKROYAL Hotel တွင် ကျင်းပပြုလုပ်မည့် အာဆီယံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များဆိုင်ရာ ဘောလုံးဖိုရမ်(ASEAN SDGs Through Football Forum) သို့ တက်ရောက်ရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူ (အဖွဲ့ခေါင်းဆောင်)နှင့်အတူ ကိုယ်စားလှယ် (၅)ဦးတို့သည် ယနေ့ နံနက်(၁၀:၁၅) နာရီအချိန်၌ လေယာဉ်အမှတ် SQ – 761 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။