အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ‌ရန်ကုန်၊ အောက်တိုဘာလ ၁၆ ရက်။ ၂၀၂၄ခုနှစ်၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီအချိန်က ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ သိမ်ဖြူတင်းနစ်ကွင်း၌ကျင်းပရာ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဦးမျိုးသူရ နှင့် ဒုတိယဥက္ကဋ္ဌများ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးကျော်ထူးအောင်၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ကြသည်။ ဦးစွာ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဦးမျိုးသူရမှ အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများအားလိုက်လံနှုတ်ဆက်ခဲ့သည်။ ပြိုင်ပွဲတွင် အမျိုးသားအသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲ၊ ပထမတန်းအမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ ဒုတိယတန်း အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးအလွတ်တန်းနှစ်ယောက်တွဲပြိုင်ပွဲ ၊ ၅၀နှစ်အထက်နှစ်ယောက်ပေါင်း အသက် ၁၁၀ပြိုင်ပွဲ ၊ ၆၀နှစ်အထက်နှစ်ယောက်ပေါင်း အသက် ၁၃၀ပြိုင်ပွဲ၊ U-12 အမျိုးသား ပြိုင်ပွဲ၊ U-12 အမျိုးသမီးပြိုင်ပွဲ၊ U-14 အမျိုးသားပြိုင်ပွဲ၊ U-14 အမျိုးသမီးပြိုင်ပွဲ၊ U-16 အမျိုးသားပြိုင်ပွဲ၊ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အဆင့်မြင့်ရေကူးကန်သစ်ဖွင့်ပွဲနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ ရေကူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အဆင့်မြင့်ရေကူးကန်သစ်ဖွင့်ပွဲနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ ရေကူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ရန်ကုန်၊ အောက်တိုဘာလ ၁၅ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အဆင့်မြင့်ရေကူးကန်သစ် ဖွင့်ပွဲနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံရေကူးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ဝေလင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ် ‌ရေးရာဝန်ကြီးဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန(ဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး၊ ဧရာဝတီတိုင်းဒေသကြီး ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အားကစား သမားများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနား အစီအစဉ်အရ ဌာနဆိုင်ရာအကြီးအကဲများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အားကစားသမားများက […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး၍ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံ

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး၍ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံ ရန်ကုန် ၊အောက်တိုဘာလ ၁၄ ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံသည် ဧရာဝတီတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (ဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်ရှိ မိုးလုံလေလုံအားကစားခန်းမအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံလမ်းညွှန်မှာကြားပြီးနောက် ဝန်ထမ်းများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်ရှိ အားကစားကွင်း မီတာ(၄၀၀) မြေသားလမ်းပါဘောလုံးကွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။ ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မိသားစုစိတ်ဓာတ်ဖြင့် […]

တတိယအကြိမ်မြောက် အာဆီယံလူငယ်စကားဝိုင်းနှင့် အာဆီယံခေါင်းဆောင်များနှင့် လူငယ်များတွေ့ဆုံပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

Loading

တတိယအကြိမ်မြောက် အာဆီယံလူငယ်စကားဝိုင်းနှင့် အာဆီယံခေါင်းဆောင်များနှင့် လူငယ်များတွေ့ဆုံပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက် နေပြည်တော်၊ အောက်တိုဘာလ (၁၄)။ တတိယအကြိမ်မြောက် အာဆီယံလူငယ်စကားဝိုင်းနှင့် အာဆီယံခေါင်းဆောင်များနှင့် လူငယ်များတွေ့ဆုံပွဲ (The 3rd ASEAN Youth Dialogue 2024 & ASEAN Leader’s Interface with Repre- sentatives of ASEAN Youth 2024) ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့မှ (၁၀)ရက်နေ့အထိ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ Vientiane နှင့် Luang Prabang မြို့တို့တွင် Enhan- cing Comprehensive and Resilient Supports For Sustain- able ASEAN YouthDevelopment ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု […]

မြန်မာ-တရုတ်နှစ်နိုင်ငံမသန်စွမ်းသူများ ချစ်ကြည်ရေး အားကစားလှုပ်ရှားမှုအခမ်းအနားသို့တက်ရောက်ရန်ပြည်ပထွက်ခွာ

Loading

မြန်မာ-တရုတ်နှစ်နိုင်ငံမသန်စွမ်းသူများ ချစ်ကြည်ရေး အားကစားလှုပ်ရှားမှုအခမ်းအနားသို့တက်ရောက်ရန်ပြည်ပထွက်ခွာ ရန်ကုန် ၊အောက်တိုဘာလ ၁၄ ရက် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၄)ရက်နေ့မှ (၁၆)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရွှေလီမြို့တွင် ကျင်းပပြုလုပ်မည့် မြန်မာ-တရုတ်နှစ်နိုင်ငံမသန်စွမ်းသူများ ချစ်ကြည်ရေး အားကစားလှုပ်ရှားမှုအခမ်းအနား(China-Myanmar Disabled Persons Rehabilitation Sports and Fitness exchange activities under the Belt and Road)သို့ တက်ရောက်ရန် အဖွဲ့ခေါင်းဆောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်(၈)ဦးတို့သည် ယနေ့နေ့လယ်(၁၂:၃၀)နာရီ အချိန်၌ လေယာဉ်အမှတ် UB- 811 ဖြင့်ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန မှတာဝန်ရှိသူများက လိုက်လံပို့ဆောင် နှုတ်ဆက် ခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ မြန်မာအမျိုးသားလက်ရွေးစင်ဘောလုံးအသင်းနှင့် သီရိလင်္ကာလက်ရွေးစင် ဘောလုံးအသင်း နိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲ၊ ဒုတိယပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

Loading

ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ မြန်မာအမျိုးသားလက်ရွေးစင်ဘောလုံးအသင်းနှင့် သီရိလင်္ကာလက်ရွေးစင် ဘောလုံးအသင်း နိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲ၊ ဒုတိယပွဲသို့ တက်ရောက်ကြည့်ရှုအားပေး ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံသည် ရန်ကုန်တိုင်းဒေသကြီး ဝေဇယန္တာလမ်းရှိ လူငယ်အားကစားလေ့ကျင့်ရေးစခန်း(သုဝဏ္ဏ) ဘောလုံးကွင်းသို့ ရောက်ရှိရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် လက်ရွေးစင်ဘောလုံးအားကစားသမားများ၊ ဘောလုံးအဖွဲ့ချုပ် ဝန်ထမ်းမိသားစုများက သီတင်းကျွတ်ဂါရဝပြုကန်တော့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် FIFA နိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအမျိုးသားလက်ရွေးစင်ဘောလုံးအသင်းနှင့် တွေ့ဆုံ၍ မိမိနိုင်ငံနှင့် မိမိလူမျိုးတို့၏ဂုဏ်သိက္ခာအတွက် ချစ်ကြည်ရေးခြေစမ်းပွဲကို တွန်းတွန်းတိုက်တိုက် အောင်မြင်အောင်ကြိုးစားကြရန် အားပေးစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ မြန်မာနိုင်ငံဆိုင်ရာသီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E Ms Prabashini Ponnamperuma ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ၊ […]

Wushu Rule & Regulations Update workshop တက်ရောက်နေသည့် အသင်းအုပ်ချုပ်သူ/နည်းပြချုပ်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

Loading

Wushu Rule & Regulations Update workshop တက်ရောက်နေသည့် အသင်းအုပ်ချုပ်သူ/နည်းပြချုပ်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ အောက်တိုဘာ ၁၁ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့က ပူးပေါင်း ဖွင့်လှစ်သည့် Wushu Rules & Regulations Update Workshop တွင် တက်ရောက် လျက်ရှိသော ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အုပ်ချုပ်သူ/နည်းပြချုပ် စုစုပေါင်း(၃၃)ဦးတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်တုများပြခန်း၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်ရရှိခဲ့ကြသူများနှင့် အားကစားနည်း အလိုက် ပြိုင်ပွဲမှတ်တမ်းဓာတ်ပုံများပြခန်း၊ (၂၇)ကြိမ်မြောက် […]

ဒုတိယအကြိမ်မြောက်ကာယကြံ့ခိုင်မှုနှင့် ကျန်းမာရေးမြှင့်တင်ရေးဆိုင်ရာ တရုတ်-အာဆီယံ အပြည်ပြည်ဆိုင်ရာညီလာခံသို့ တက်ရောက်ရန်ပြည်ပထွက်ခွာ

Loading

ဒုတိယအကြိမ်မြောက်ကာယကြံ့ခိုင်မှုနှင့် ကျန်းမာရေးမြှင့်တင်ရေးဆိုင်ရာ တရုတ်-အာဆီယံ အပြည်ပြည်ဆိုင်ရာညီလာခံသို့ တက်ရောက်ရန်ပြည်ပထွက်ခွာ ရန်ကုန် ၊ အောက်တိုဘာလ ၈ ရက်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၈)ရက်နေ့မှ (၁၂)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီအန်းမြို့တွင် ကျင်းပပြုလုပ်မည့်ဒုတိယအကြိမ်မြောက်ကာယကြံ့ခိုင်မှုနှင့် ကျန်းမာရေးမြှင့်တင်ရေးဆိုင်ရာ တရုတ်-အာဆီယံ အပြည်ပြည်ဆိုင်ရာညီလာခံ ( 2nd China – ASEAN International Conference on Physical Fitness and Health Promotion)သို့ တက်ရောက်ရန် အဖွဲ့ခေါင်းဆောင်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်နှင့်အတူ ကိုယ်စားလှယ်(၂)ဦးတို့သည် ယနေ့မွန်းလွဲ (၁၃:၁၀)နာရီ အချိန်၌ လေယာဉ်အမှတ် MU- 9642 ဖြင့်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံပို့ဆောင်ခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အမျိုးသမီးကိုယ်လုံပညာ သင်တန်းဖွင့်လှစ်

Loading

ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အမျိုးသမီးကိုယ်လုံပညာ သင်တန်းဖွင့်လှစ် တောင်ကြီး၊ အောက်တိုဘာလ(၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ပူးပေါင်းဖွင့်လှစ်သည့် အမျိုးသမီးကိုယ်လုံပညာ သင်တန်းအား ယနေ့ မွန်းလွဲ ၁၄:၃၀ နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းဖွင့်လှစ်ရာသို့ ရှမ်းပြည်နယ်အမျိုးသမီးရေးရာနှင့် အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ ဥက္ကဌ ဒေါ်ထားထားဝင်း ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့်ဇနီး၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များမှာ အမျိုးသမီးအားကစားအဆင့်အတန်းမြင့်မားစေရေးနှင့် ကိုယ်ကာယကြံ့ခိုင်မှုပြည့်ဝစေရေးတို့အတွက် ယခုသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်းနှင့် သင်တန်းသူများအနေဖြင့် မိမိကိုယ်ကိုပြန်လည်ခုခံကာကွယ်နိုင်စေရန်ရည်ရွယ်၍ ၇.၁၀.၂၀၂၄ ရက်နေ့မှ စတင်ကာ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါသင်တန်းအား သင်တန်းသူစုစုပေါင်း(၁၆)ဦးတက်ရောက်နေကြပြီး အဆိုပါသင်တန်းကို ၁၁.၁၀.၂၀၂၄ ရက်နေ့ထိ (၅)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြားပစ်အားကစားသမားများ၏ “ SEA Games အကြို” လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲကျင်းပ

Loading

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြားပစ်အားကစားသမားများ၏ “ SEA Games အကြို” လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲကျင်းပ နေပြည်တော်၊ အောက်တိုဘာ ၇ ။ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြားပစ်အားကစားသမားများ၏ “ SEA Games အကြို” လက်ရည်ဆန်းစစ် မြားပစ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ၊ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့သည်။ အောက်တိုဘာ ၅ ရက်နေ့တွင် (အမျိုးသား/အမျိုးသမီး) Recurve/Compound မြား (၇၂)ချောင်း Ranking Round ပြိုင်ပွဲအား ယှဉ်ပြိုင်ပစ်ခတ်ခဲ့ကြသည်။ ယနေ့ အောက်တိုဘာ ၇ ရက်နေ့တွင် အကြို ဗိုလ်လုပွဲ […]