အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားပညာဘာသာရပ် B.Sc (Sports) သင်ကြားရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ မေလ(၁၅)ရက်။

အားကစားပညာဘာသာရပ် B.Sc (Sports) သင်ကြားရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုး နှင့် တာဝန်ရှိသူများ၊ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါအောင် ၊ ဆေးတက္ကသိုလ်(၁) ပါမောက္ခ ( ဌာနမှူး ) ဇီဝကမ္မဗေဒဌာန ဒေါက်တာစန္ဒာကျော်၊ ဆေးတက္ကသိုလ်(၁) ခန္ဓာဗေဒဌာန ဒေါက်တာထင်လင်းနှင့် ဖိတ်ကြားထားသော သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် First Semester နှင့် Second Semester တွင် သင်ကြားပို့ချမည့် သင်ရိုးညွှန်းတမ်းများနှင့် အားကစားဘာသာရပ်များ၊ အားကစားနည်းများပို့ချရန်၊ ဆရာ/ ဆရာမများ၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ သင်ကြားရေးဆိုင်ရာကိစ္စရပ်များ ၊ သင်ထောက်ကူပြုပစ္စည်းအသုံးအဆောင်များ၊ ပြုပြင်ပြောင်းလဲမည့် ဘာသာရပ်ဆိုင်ရာ နည်းဥပဒေများ၊ တားမြစ် ဆေးဝါးနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ အမှတ်ပေးစည်းမျဉ်းပုံစံများ၊ အားကစားနည်းအလိုက် အဖွဲ့ချုပ်များမှ သင်ကြားပို့ချမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။