အားကစားရေးရာဝန်ကြီးဌာန

၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကျင်းပ

Loading

၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကျင်းပ နေပြည်တော်၊ ဇွန်လ(၃၀)ရက်။ မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)တို့၌ ကျင်းပလျက်ရှိသည်။ နံနက်ပိုင်းတွင် ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ပညာရေးဝန်ကြီးဌာန(က)အသင်းနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာန(က)အသင်းက (၈)ဂိုး (၃)ဂိုး ဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားကြရာ နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းက (၄)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊ မွန်းလွဲ(၃)နာရီခွဲအချိန်တွင် ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက (၁)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်း အမှတ်(၃) ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(ခ) […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားတက်ရောက်အမှာစကားပြောကြား

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားတက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ ဇွန်လ(၃၀)ရက်။ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ(၂)နာရီခွဲတွင် Naypyitaw State Academy ၌ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီက ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့မြန်မာနိုင်ငံတွင် စုစုပေါင်းလူဦးရေ၏ ၃၄ ရာခိုင်နှုန်းသည် အသက်(၁၅)နှစ်မှ (၃၅)နှစ်အတွင်းရှိသည့် လူငယ်လူရွယ်များဖြစ်ပါကြောင်း၊ လူငယ်များသည် တိုင်းပြည်၏ အနာဂတ်ဖြစ်သည့်အတွက် နိုင်ငံတော်က အားကိုးအားထားရသည့် လူတော်လူကောင်းများဖြစ်လာစေရန် အားလုံးက ဝိုင်းဝန်းပြုစုပျိုးထောင်ပေးရန်လိုကြောင်း၊ နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးကြောင်း၊ အများအကျိုးသယ်ပိုးဆောင်ရွက်နိုင်သည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း၊ လူငယ်များစာဖတ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ငယ်စဉ်အရွယ်ကတည်းက လေ့ကျင့်ပေးရန်လိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် လူငယ်စင်တာများထူထောင်၍ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်၌ လူငယ်များဘက်စုံ […]

၂၀၂၃ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

Loading

၂၀၂၃ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ နေပြည်တော်၊ ဇွန်(၃၀)။ ၂၀၂၃ ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၇)နာရီတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ပြေးခုန်ပစ်အားကစားနည်းမှ မီတာ ၈၀၀ (အမျိုးသား/အမျိူးသမီး) အပြေးပြိုင်ပွဲ၊ အလျားခုန် (အမျိုးသား/အမျိုးသမီး)၊ သံလုံးပစ်(အမျိုးသား/အမျိုးသမီး)၊ မီတာ ၁၀၀ (အမျိုးသား/ အမျိုးသမီး)၊ မီတာ ၁၀၀ x ၄ လက်ဆင့်ကမ်း (အမျိုးသား/အမျိုးသမီး)၊ မီတာ ၁၀၀ x ၄ လက်ဆင့်ကမ်း (အမျိုးသား+အမျိုးသမီး) ပြိုင်ပွဲများကို ကျင်းပခဲ့သည်။ မီတာ ၈၀၀ (အမျိုးသား) အပြေးပြိုင်ပွဲတွင် မောင်စီရမ်းပေါ့က ပထမ၊ မောင်ဖိုးချိုက ဒုတိယ၊ မောင်ထက်မြက်အောင်က တတိယဆုများကိုလည်းကောင်း၊ မီတာ ၈၀၀ (အမျိုးသမီး) အပြေးပြိုင်ပွဲတွင် မကိမ်ရှန်းဒိတ်ဆာန်က ပထမ၊ […]

၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇွန်(၂၈)။ မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)တို့၌ ကျင်းပလျက်ရှိသည်။ နံနက်ပိုင်းတွင် အုပ်စု(က)ပွဲစဉ်အဖြစ် လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ပညာရေးဝန်ကြီးဌာန(က) အသင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာန(က) အသင်းက (၈)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ မွန်းလွဲ (၃)နာရီခွဲအချိန်တွင် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ အုပ်စု(ခ)ပွဲစဉ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဂိုးမရှိသရေရလဒ်ဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်(၂)ဂိုးစီသရေရလဒ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများအား […]

သာကေတမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းခြင်းအခမ်းအနားကျင်းပ

Loading

သာကေတမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းခြင်းအခမ်းအနားကျင်းပ ရန်ကုန်၊ ဇွန်လ(၂၈)ရက်။ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ အရှေ့ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်သူမှ အဖွင့်အမှာစကားပြောကြားခဲ့ကာ အမှတ်(၁)အခြေခံပညာ မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်အေးအေးအောင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်ပြီးလူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးက ”အနာဂတ်နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းပြီး နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်ကြမဲ့ မျိုးဆက်သစ် လူငယ်လူရွယ်များသည် ဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံနဲ့လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတက်အောင် အသိပညာ၊ အတတ်ပညာတွေကို ကြိုးစားလေ့လာဆည်းပူးဖို့လိုသကဲ့သို့ ကျန်းမာကြံ့ခိုင်ခြင်းသည်လည်း အရေးကြီးသည့်ကဏ္ဍဖြစ်သည့်အတွက် ကျန်းမာ ကြံ့ခိုင်ပြီး ဉာဏ်ပညာပြည့်ဝစေရန် အားကစားနည်း […]

၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဇွန်(၂၇)ရက်။ ၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)တို့၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်ပရိတ်သတ်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ ယနေ့အုပ်စုပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်(၇)နာရီခွဲအချိန်တွင် လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (ခ)အသင်းနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(ခ) အသင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို (၅)ဂိုး (၀)ဂိုးဖြင့်လည်းကောင်း၊ မွန်းလွဲ (၃)နာရီခွဲအချိန်တွင် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(က)အသင်းနှင့် ပညာရေးဝန်ကြီးဌာန(ခ)အသင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြောင်းသိရသည်။

အင်္ဂလိပ်စာဘာသာပြန်သင်တန်းအမှတ်စဉ် (၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

အင်္ဂလိပ်စာဘာသာပြန်သင်တန်းအမှတ်စဉ် (၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန်လ(၂၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ အင်္ဂလိပ်စာဘာသာပြန်သင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကတာဝန်ယူထမ်းဆောင်နေကြသည့် လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများ တစ်ဦးချင်းစီ စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် အင်္ဂလိပ်စာ ဘာသာပြန် အခြေခံအဆင့် ကျွမ်းကျင်တတ်မြောက်စေရန်၊ လုပ်ငန်းသုံးအင်္ဂလိပ်စာ(Departmental English)နှင့် ပတ်သက်သည့် ဝေါဟာရများကြွယ်ဝစေရန်၊ လူငယ်ရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်ငံတကာတွင် ဆောင်ရွက်နေသည့်ကိစ္စရပ်များကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် အခြေခံအင်္ဂလိပ်စကားပြောသင်တန်းအမှတ်စဉ်(၁/၂၀၂၂)နှင့် အခြေခံကွန်ပျူတာ သင်တန်းအမှတ်စဉ်(၁/၂၀၂၃)တို့ကိုလည်း ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ရာ၌ အင်္ဂလိပ်ဘာသာစကား အသုံးပြုဆက်သွယ်ရာတွင် […]

၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကျင်းပ နေပြည်တော်၊ ဇွန်(၂၆)။ ၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်ပရိတ်သတ်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့အုပ်စုပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်(၇)နာရီခွဲအချိန်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို (၂)ဂိုး (၀)ဂိုးဖြင့်လည်းကောင်း၊ မွန်းလွဲ (၃)နာရီခွဲအချိန်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို (၁)ဂိုး (၀)ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက်အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများ ဇုန်အလိုက် ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက်အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများ ဇုန်အလိုက် ဆက်လက်ကျင်းပ ရှမ်းပြည်နယ်အမျိုးသမီးဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး ၊ ပြည်နယ်အတွင်းရှိဒေသခံတိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေး ၊ မျိုးဆက်သစ်ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ကာ ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ၂၃.၆.၂၀၂၃ ရက်နေ့ မှစတင်၍ ပြည်နယ်အားကစားကွင်း ၊ အား/ကာ(သိပ္ပံ)အားကစားကွင်းတို့၌ ဇုန်(၂)ဇုန်ခွဲ၍ကျင်းပပြုလုပ်ခဲ့ရာ ယနေ့ပွဲစဥ်များအဖြစ် မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် ပင်လောင်းမြို့နယ်သင်း နှင့် ဖယ်ခုံမြို့နယ်အသင်း ၊ ညနေ(၁၆:၀၀)နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်အသင်း နှင့် လွိုင်လင်မြို့နယ်အသင်းတို့သည် ပြည်နယ်အားကစားကွင်း၌လည်းကောင်း ၊ မွန်းလွဲ(၁၄း၃၀)နာရီအချိန်တွင် ရွာငံမြို့နယ်သင်း နှင့် သီပေါမြို့နယ်အသင်း ၊ ညနေ(၁၆း၀၀)နာရီအချိန်တွင် နမ္မတူမြို့နယ်အသင်း နှင့် ညောင်ရွှေမြို့နယ်အသင်းတို့သည် အား/ကာသိပ္ပံအားကစားကွင်း၌လည်းကောင်း အသီးသီးယှဥ်ပြိုင်ကစားခဲ့ကြပြီး […]

ပျဉ်းမနားမြို့နယ် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

Loading

ပျဉ်းမနားမြို့နယ် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ နေပြည်တော်၊ ဇွန် (၂၆)။ ပြည်ထောင်စုနယ်မြေ(နေပြည်တော်ကောင်စီ)အတွင်းရှိ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်တွင် ပျဉ်းမနားမြို့နယ် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွန်ကြားရေးမှူးဦးတင်မောင်စိုးက လူငယ်နှင့်အားကစားကဏ္ဍ၊ အား/ကာ (သိပ္ပံ)နှင့် B.Sc (Sports) အားကစားသိပ္ပံဘာသာရပ်အကြောင်း သိကောင်းစရာများဟောပြော၍ လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) လူငယ်ရေးရာဦးစီးဌာနတာဝန်ခံဒုတိယညွန်ကြားရေးမှူးဦးကြည်စိုးလင်းမှ လူငယ်နဲ့တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းစဉ်နှင့် လူငယ်များအားကစားပြုလုပ်ရခြင်းကြောင့်ရရှိသော အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြပါသည်။ ထို့နောက် ပျဉ်မနားမြို့နယ်လက်ထောက်ပညာရေးမှူးမှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စာသင်ကျောင်းအတွက် အားကစားအထောက်ကူပြုပစ္စည်းများလှူဒါန်းကာ Fitness Dance အကဖြင့် သရုပ်ပြသဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲအခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွန်ကြားရေးမှူးဦးတင်မောင်စိုး၊ လူငယ်ရေးရာဦးစီးဌာနတာဝန်ခံ ဒုတိယညွန်ကြားရေးမှူးဦးကြည်စိုးလင်းနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ […]