အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရန်ကုန်တိုင်းဒေသကြီး မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဖလား U-18 အမျိုးသား၊ U-22 အမျိုးသမီး၊ U-25 အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ အောက်တိုဘာလ(၈)ရက်။

ရန်ကုန်တိုင်းဒေသကြီး မြန်မာဘော်လီဘောလူမှုရေး အသင်း အမှုဆောင်ဖလား U-18 အမျိုးသား၊ U-22 အမျိုးသမီး၊ U-25 အမျိုးသား ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ် ၊ အောင်ဆန်းအားကစားကွင်း မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ် ရာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာ့အားကစား လက်‌ရွေးစင်ဟောင်းများအသင်း ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဒုတိယဥက္ကဌ၊ မြန်မာဘော်လီဘော လူမှုရေးအသင်းဥက္ကဌ၊ ဒုတိယဥက္ကဌ ၊ အမှုဆောင်များနှင့်တာဝန်ရှိသူ များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အုပ်ချုပ်/နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစား သမားများတက်ရောက်ခဲ့ကြပါသည်။

ဗိုလ်လုပြိုင်ပွဲ ပွဲစဉ်တွင် U-25 အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် အုတ်ကျင်းလူငယ်နှင့် လှည်းကူးပညာရေးဒီဂရီကောလိပ်အသင်းတို့ယှဉ်ပြိုင်ကစားရာ အုတ်ကျင်းလူငယ်အသင်းက (၃)ပွဲပြတ် ဖြင့်လည်းကောင်း၊ U-22 အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် အ.ထ.က(၁) တွံ့တေးအသင်းနှင့် RAVIES အသင်းတို့ ယှဉ်ပြိုင်ကစားရာ RAVIES အသင်းက (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ U-18 အမျိုးသားဘော်လီဘော ပြိုင်ပွဲတွင် အုတ်ကျင်းလူငယ်နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အသင်းတို့ ယှဉ်ပြိုင်ကစားရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)အသင်းက (၃)ပွဲပြတ် ဖြင့်လည်းကောင်းအသီးသီးအနိုင်ရရှိသွားပါသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ပြိုင်ပွဲတွင်ကူညီဆောင်ရွက်ပေးခဲ့ကြသော ဒိုင်လူကြီးများ အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များအား မြန်မာဘော်လီဘောလူမှုရေးအသင်း ဥက္ကဌ ဦးရဲနိုင်နှင့် ရာသက်ပန်အသင်းဝင် ဦးတင်မောင်ထွန်း တို့ကလည်းကောင်း၊ ပြိုင်ပွဲအတွက်လှူဒါန်းကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းနှင့် အမှတ်တရ လက်ဆောင် များအား ပေးအပ်ရာတွင် အသင်းဂုဏ်ထူးဆောင်ဦးကျော်အေးမြင့်မှ ဦးဇော်လင်း (AEC) ကိုယ်ပိုင်အထက်တန်းကျောင်းအား လည်းကောင်း၊ အသင်းဂုဏ်ထူးဆောင် ဦးကိုကိုနိုင်မှ မန္တလေးမြို့ရွှေခြင်းလုံးအားကစားရုံပိုင်ရှင် ဦးရဲသီဟ အား လည်းကောင်း၊ အသင်းဒုတိယဥက္ကဌ(၁) ဦးမြတ်မျိုးဝင်းမှ ဦးမျိုးမင်းဦး စက်မှု(၁)လက်ရွေးစင်အားကစားသမားဟောင်းအား လည်းကောင်း ပေးအပ်ချီးမြင့်ခဲ့ပါသည်။

ယင်းနောက် U-22 အမျိုးသမီးပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော WDC အသင်းအား မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင် ဒေါ်နန်းအေးအေးကြည်နှင့် ဒေါ်နန်းလင်ဒါ တို့က လည်းကောင်း၊ အ.ထ.က ကွမ်းခြံကုန်အသင်းအား မြန်မာဘော်လီဘောလူမှုရေးအသင်း အထောက်အကူပြု ကော်မတီဝင် ဒေါ်နန်းရှိုင်းတစ်နှင့် ဒေါ်ခင်စန်းအေး (ကုန်သွယ်ရေး)တို့က လည်းကောင်း၊ဒုတိယဆုရရှိသော အ.ထ.က(၁) တွံ့တေးအသင်းအား မြန်မာဘော်လီဘောလူမှုရေး အသင်း အမှုဆောင် ဒေါ်သူဇာတင်နှင့် ဒေါ်ကြည်ကြည်အေးတို့ကလည်းကောင်း၊ ပထမဆုရရှိသော RAVIES အသင်းအား ဦးဇော်လင်း AEC ကိုယ်ပိုင်အထက်တန်းကျောင်းက လည်းကောင်း၊ မြန်မာဘော်လီဘော လူမှုရေးအသင်း ဒုတိယ ဥက္ကဌ နှင့် ဒေါ်ဖြူဖြူဇော်နှင့် အမှုဆောင် ဒေါ်ဂျနီဖာတင်လေးတို့က လည်းကောင်း၊ အကောင်းဆုံးအားကစားသမားဆုရ RAVIES အသင်းမှ ကျောနံပတ်-၃ သွန်းရတီဦးအား မြန်မာဘော်လီဘော လူမှုရေးအသင်းအမှုဆောင်ဒေါ်သူဇာတင်က လည်းကောင်း၊ တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသားဆုများအားအသီးသီးပေးအပ်ချီးမြှင့်ပြီးနောက် U-22 အမျိုးသမီးဘော်လီဘောပြိုင်ပွဲ တံခွန်စိုက်ဆုအား မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင် ဒေါ်ဂျနီဖာတင်လေးက လည်းကောင်းပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ U-18 အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိခဲ့သော ရွှေပြည်သာအသင်းအား အမှုဆောင် ဦးမြင့်နိုင်နှင့် ဦးသန်းလှိုင်တို့ကလည်းကောင်း၊ အ.ထ.က ကွမ်းခြံကုန်းအသင်းအား မန္တလေးတိုင်းဒေသကြီး မြန်မာဘော်လီဘော လူမှုရေးအသင်း ဒုတိယခေါင်းဆောင် ဦးတင့်ဝေနှင့် ရွှေခြင်းလုံးအားကစားရုံပိုင်ရှင် ဦးရဲသီဟတို့ကလည်းကောင်း၊ ဒုတိယဆုရရှိသော အုတ်ကျင်းလူငယ်အသင်းအား မြန်မာဘော်လီဘောလူမှုရေးအသင်းဥက္ကဌ ဦးရဲနိုင် နှင့် ဒုတိယဥက္ကဌ(၁) ဦးမြတ်ချိုဝင်း တို့ကလည်းကောင်း၊ ပထမဆုရရှိသော အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)အသင်းအား ဦးဇော်လင်း(AEC) ကိုယ်ပိုင်အထက်တန်းကျောင်းက ဆုတံဆိပ်နှင့် ထပ်ဆောင်းချီးမြှင့်ငွေအား လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး က တစ်ဦးချင်း ဆုတံဆိပ်များ၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုအားပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အကောင်းဆုံး အားကစားသမား ဆုရရှိသော အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)အသင်းမှ ကျောနံပတ် – ၄ သူထူးလွင်အား ဆုတံဆိပ်နှင့် ငွေသားဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရှိရသည်။

၄င်းနောက် U-25 အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိခဲ့သော အ.ထ.က ကွမ်းခြံကုန်းအသင်းအား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး က လည်းကောင်း၊ အ.ထ.က.တွံ့တေးအသင်းအား အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေက လည်းကောင်း၊ ဒုတိယဆုရရှိသော လှည်းကူး ပညာရေးဒီဂရီကောလိပ်အသင်းအား ဗိုလ်တစ်ထောင်ခရိုင် အုပ်ချုပ်‌ရေးမှူး ဦးအောင်လွင် က လည်းကောင်း၊ ပထမဆုရရှိသော အုတ်ကျင်းလူငယ်အသင်းအား ဦးဇော်လင်း(AEC) ကိုယ်ပိုင်အထက်တန်း ကျောင်း က ဆုတံဆိပ်နှင့် ထပ်ဆောင်းချီးမြှင့်ငွေအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင် က တစ်ဦးချင်း ဆုတံဆိပ်များ၊ ငွေသားဆုနှင့် တံခွန်စိုက်ဆု အား ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အကောင်းဆုံး အားကစားသမားဆုရရှိသော အုတ်ကျင်းလူငယ်အသင်းမှ ကျောနံပတ် – ၁ ကောင်းထက်ဟန် အား ဆုတံဆိပ်နှင့် ငွေသားဆုများပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရှိရသည်။