အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ ထိုင်းနိုင်ငံသို့ရောက်ရှိ

Loading

(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ ထိုင်းနိုင်ငံသို့ရောက်ရှိ နာခွန်ရစ်ချာဆီမား၊ ဇန်နဝါရီ ၁၅။ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် အားကစားနည်း(၁၁)နည်း၌ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ဦးဆောင်သည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ဝင် (၁၄၅)ဦး တို့သည် မြန်မာ့လေကြောင်းလိုင်း(MAI) စင်းလုံးငှား လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယနေ့နံနက် မြန်မာစံတော်ချိန် (၆)နာရီအချိန်တွင် ထွက်ခွာခဲ့ရာ ထိုင်းနိုင်ငံ၊ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက်(၆)နာရီ (၄၅)မိနစ်အချိန်တွင် ရောက်ရှိခဲ့ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့် စစ်သံမှူးကြီး ဗိုလ်မှူးချုပ် ဝင်းသူလင်းတို့က လာရောက်ကြိုဆိုခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးမှ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် စစ်သံမှူးကြီးတို့အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့များ တည်းခိုနေထိုင်ရေးအတွက် အဖွဲ့ချုပ်ဥက္ကဋ္ဌအပါအဝင် ဖိတ်ကြားခံပုဂ္ဂိုလ်များ၊ အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့် (NPC […]

(၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာမသန်စွမ်းအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာ

Loading

(၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာမသန်စွမ်းအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာ ရန်ကုန်၊ ဇန်နဝါရီ ၁၅ ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့နှင့် နတ်ခွန်းရတ်ချဆီးမားမြို့များတွင် ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်းအားကစားအဖွဲ့မှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ သည် ယနေ့နံနက် (၀၆း၀၀) နာရီအချိန်တွင် လေယာဉ်အမှတ် 8M-364 အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း MAI ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့သည်။ […]

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၁၃)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မသန်စွမ်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ရှိ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၁၃)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မသန်စွမ်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ရှိ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား ရန်ကုန်၊ ဇန်နဝါရီ ၁၄ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ညနေပိုင်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်း အားကစား အဖွဲ့ချုပ်သို့ သွားရောက်၍ (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် မသန်စွမ်းအားကစားအဖွဲ့ များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး ခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် […]

အားကစားနှင့်ကာယပညာဦးစီးဌာနရှိ လစ်လပ်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာများတွင် ဝန်ထမ်းများအား နေရာချထားပေးနိုင်ရေးအတွက် အိမ်ရာကော်မတီအစည်းအဝေးကျင်းပ

Loading

အားကစားနှင့်ကာယပညာဦးစီးဌာနရှိ လစ်လပ်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာများတွင် ဝန်ထမ်းများအား နေရာချထားပေးနိုင်ရေးအတွက် အိမ်ရာကော်မတီအစည်းအဝေးကျင်းပ ရန်ကုန်၊ ဇန်နဝါရီ ၁၄ အားကစားနှင့်ကာယပညာဦးစီးဌာနလက်အောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် လစ်လပ် ဝန်ထမ်းအိမ်ရာများ၌ ဝန်ထမ်းများအား နေရာချထားပေးနိုင်ရေးအတွက် အိမ်ရာကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှန်ဆောင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့် အိမ်ရာအစည်းအဝေးသည် ဝန်ထမ်းအိမ်ရာတွင်နေထိုင်သူများ စည်းကမ်းစနစ်တကျရှိစေရေးအတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သူများသည် စည်းမျဉ်း/ စည်းကမ်းနှင့်အညီ နေထိုင်မှုမရှိခြင်း၊ စည်းကမ်းလိုက်နာမှု အားနည်းခြင်းများကို တွေ့ရှိရပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများနှင့် အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းများတို့မှ ကျောင်းအုပ်ကြီးများအား အိမ်ရာဆပ်ကော်မတီနှင့် ပတ်သက်ပြီး […]

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် (၁၃)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့အား သွားရောက်ကြည့်ရှုအားပေး

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် (၁၃)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့အား သွားရောက်ကြည့်ရှုအားပေး ရန်ကုန်၊ ဇန်နဝါရီ ၁၃ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ နဝရတ်အားကစား ကွင်း အဆင့်မြှင့်တင်တည်ဆောက်ပြီးစီးမှု အခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရွှေပြည်သာမြို့နယ်ရှိ နဝရတ်အားကစားကွင်းသို့ ရောက်ရှိ ပြီး ရန်ကုန်တိုင်းဒေသကြီးအားကစားအဆင့်အတန်းပိုမိုတိုးတက်မြင့်မားလာစေရေးနှင့် အများ ပြည်သူ လာရောက်လေ့ကျင့်နိုင်စေရေးတို့အတွက် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက် ၄၄၉.၃၁၀သန်းဖြင့် အဆင့်မြင့်အားကစားရုံ(က)အဆင့် ကျန်ရှိလုပ်ငန်း (၅၀%)ရာခိုင်နှုန်း၏ […]

အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး ရန်ကုန်၊ ဇန်နဝါရီ ၁၂ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် တာဝန်ရှိသူများနှင့် အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်း အားကစား အဖွဲ့ချုပ်သို့ သွားရာက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်သည် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ရှိ အစည်းအဝေး ခန်းမ၌ ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ရာ မသန်စွမ်း အားကစား အဖွဲ့ချုပ်မှ တာဝန်ရှိသူများက (၁၃)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ထောက်ပံ့ပေးအပ်မည့်ဆုကြေးငွေများအား ကြိုတင် ထုတ်ပေးထားရှိမှုများ၊ ပြိုင်ပွဲကာလအတွင်း တည်းခိုနေထိုင်စားသောက်ရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး ရှင်လင်းတင်ပြခဲ့ရာ ညွှန်ကြားရေးမှူးချုပ်က နေ့စဉ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မှု အခြေအနေများနှင့် ဆုတံဆိပ်ရရှိမှု အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ အဖွဲ့ချုပ်မှ တာဝန်ရှိသူများအနေဖြင့် နေ့အလိုက်ဆုတံဆိပ်ရရှိမှု […]

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြစ်ကြီးနားမြို့ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့အောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြစ်ကြီးနားမြို့ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့အောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ နေပြည်တော်၊ ဇန်နဝါရီ ၁၁ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့အောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အားကစားကဏ္ဍနှင့် ပတ်သက်၍ မြန်မာ့အားကစားအဆင့်အတန်း ပြန်လည်ဦးမော့ တိုးတက်မြင့်မားရေးအတွက် လိုအပ်နေသည့် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ပေါက်လာစေရန် လူရွေးချယ်ရေး၊ လေ့ကျင့်ရေးနှင့် အောင်နိုင်ရေးတို့အတွက် စနစ်တကျစီမံကိန်းရေးဆွဲဆောင်ရွက်ရန်၊ အားကစားအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် တိုးချဲ့တည်ဆောက်သွားရန်နှင့် လူငယ်များ အားကစားဝန်းကျင်ကောင်း […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း နေပြည်တော်အတွင်းရှိ မြို့နယ်အားကစားကွင်း ဘောလုံးကွင်းဖောက်လုပ်နေမှုနှင့် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘောလုံးကွင်း၊ အားကစားရုံ (C)နှင့် ရေကူးကန် ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း နေပြည်တော်အတွင်းရှိ မြို့နယ်အားကစားကွင်း ဘောလုံးကွင်းဖောက်လုပ်နေမှုနှင့် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘောလုံးကွင်း၊ အားကစားရုံ (C)နှင့် ရေကူးကန် ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇန်နဝါရီ ၁၀ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားအဆင့် အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် နေပြည်တော် ဥတ္တရသီရိခရိုင်အတွင်းရှိ၊ ဥတ္တရသီရိ မြို့နယ်နှင့် လယ်ဝေးခရိုင်အတွင်းရှိ ၊ ဒက္ခိဏသီရိမြို့နယ် အားကစားကွင်း ဘောလုံးကွင်း ဖောက်လုပ်နေမှု၊ ခြံစည်းရိုးအုတ်တံတိုင်းကာရံနေမှုအခြေအနေများနှင့် မန္တလေးငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ VIP မှန်ခန်း အထူးတန်းပွဲကြည့်စင်၊ ဘောလုံးကွင်း၊ အားကစားရုံ (C)နှင့် ရေကူးကန် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား […]

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နေပြည်တော်အတွင်းရှိ ဒက္ခိဏသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ် အားကစားကွင်း ဘောလုံးကွင်းဖောက်လုပ်နေမှု၊ ခြံစည်းရိုးအုတ်တံတိုင်းကာရံနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နေပြည်တော်အတွင်းရှိ ဒက္ခိဏသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ် အားကစားကွင်း ဘောလုံးကွင်းဖောက်လုပ်နေမှု၊ ခြံစည်းရိုးအုတ်တံတိုင်းကာရံနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇန်နဝါရီ ၁၀ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် တာဝန်ရှိ သူများလိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် လယ်ဝေးခရိုင်အတွင်းရှိ ၊ ဒက္ခိဏ သီရိမြို့နယ်နှင့် ဥတ္တရသီရိခရိုင်အတွင်းရှိ၊ ဥတ္တရသီရိမြို့နယ် အားကစားကွင်း ဘောလုံးကွင်း ဖောက်လုပ်နေမှု၊ ခြံစည်းရိုးအုတ်တံတိုင်းကာရံနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး ခဲ့သည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်သည် လယ်ဝေးခရိုင်အတွင်းရှိ ၊ ဒက္ခိဏသီရိမြို့နယ် အားကစားကွင်းသို့ သွားရောက်၍ ဘောလုံးကွင်းကြမ်းဖောက်လုပ်ခြင်း၊ မြေသားပြေးလမ်း ခင်းကျင်းရန်အတွက် ကွင်းမြေညှိခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ရေဂါလံ ၈၀၀၀၀ ဆံ့(Ground Water Tank)တူးဖော်မည့် မြေနေရာများအားလည်းကောင်း ဥတ္တရသီရိ ခရိုင်၊ ဥတ္တရသီရိမြို့နယ် အားကစားကွင်းအတွင်းရှိ […]

၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဇန်နဝါရီ ၈ ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာ ချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေး ယဉ်ကျေးမှု အဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် […]