အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/သင်တန်းသူများ၏ နံနက်စာစားသုံးနေမှုများနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ အောက်တိုဘာ(၂၉)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် သင်တန်းသား/ သင်တန်းသူများ၏ နံနက်စာ စားသုံးနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမားများအား သန့်ရှင်းလက်ဆတ်မှုရှိပြီး လိုအပ်သည့် ကယ်လိုရီပမာဏ၊ အာဟာရနှင့်ညီညွတ်မျှတစွာ ချက်ပြုတ်ကျွေးမွေးသွားမှသာ ကျန်းမာကြံ့ခိုင်သည့် အားကစားသမားများဖြစ်လာနိုင်မည်ဖြစ်၍ တာဝန်ရှိသူများက စနစ်တကျကြပ်မတ်စစ်ဆေးဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ၊ (သာယာဝတီခရိုင်၊ဇီးကုန်းမြို့နယ်၊ နတ်တလင်းမြို့နယ်၊ ရွှေတောင်မြို့နယ်နှင့် ပြည်ခရိုင်/ ပြည်မြို့နယ်) အားကစားနှင့်ကာယ ပညာဦးစီးဌာနရှိ အားကစားကွင်း/ အားကစားရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံး […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ အောက်တိုဘာ(၂၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ၊ ခရိုင် အားကစားကွင်းအတွင်း တည်ဆောက်လျက်ရှိသည့် အုတ်တံတိုင်းကာရံခြင်းလုပ်ငန်းနှင့် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောက်ရွက်နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးနှင့် ကိုက်ညီပြီး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးလေဆိပ်မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာ့လေကြောင်းလိုင်းဖြင့် ဆက်လက်ထွက်ခွာခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)သို့ သွားရောက်၍ လက်ဝှေ့အားကစားနည်း၊ တိုက်ကွမ်ဒိုအားကစားနည်းနှင့် ဝူရှူးအားကစားနည်းတို့မှ သင်တန်းသား/ သင်တန်းသူများ၏ လေ့ကျင့် […]

လူသုံးကုန်ထုန်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ်(၂/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

Loading

လူသုံးကုန်ထုန်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ်(၂/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၂၇)။ လူငယ်များအနေဖြင့် အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် အိမ်တွင်းအသေးစား တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ပြီး ဘဝ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူသုံးကုန် ထုတ်လုပ်မှု နည်းပညာပေးသင်တန်းအမှတ်စဉ်(၂/၂၀၂၃)ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေ(၃)နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ အတွင်းရေးမှူး၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်များအတွက် လူငယ်ရေးရာဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံချက် အဓိကကဏ္ဍ(၁၆)ရပ်တွင် အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍ ပါဝင်သည့် အတွက် ယခုသင်တန်းအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ လူငယ်များအရည်အချင်းနှင့်ကိုက်ညီသည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း၊ အရည်အသွေးပြည့်မီပြီး ပြည့်စုံကောင်းမွန်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာစေလိုကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် “တက်သည့်ပညာ […]

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မကွေးတိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မကွေးတိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ အောက်တိုဘာ(၂၆)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစားကွင်းအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်းအတွင်း သန့်ရှင်းသာယာမှုရှိစေရေးနှင့် မြက်ခင်းများစိမ်းလန်းစိုပြေစေရေးအတွက် အမြဲတမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ချုံနွယ်သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းသွားကြရန်နှင့် ဝန်ထမ်းများ အချင်းချင်း မိသားစု ညီအကိုမောင်နှမစိတ်ဓာတ်ထားရှိပြီး နိုင်ငံတော်မှ ပေးအပ်သည့် လုပ်ငန်းတာဝန်များအား ချစ်ကြည်ရင်းနှီးစွာဖြင့် စည်းစည်းလုံးလုံးနှင့် တာဝန် ကျေပွန်စွာ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်သွားကြရန်လိုကြောင်းပြောကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များနှင့် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့ဆက်လက် ထွက်ခွာခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းရုံး၊ ခရိုင်ရုံးနှင့် မြို့နယ်ရုံးများမှ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက် နေပြည်တော် အောက်တိုဘာ (၂၅)ရက်။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဘော်လီဘောအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ အားကစားသမား အချင်းချင်းချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ဘော်လီဘောအားကစားနည်းကို နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားကစားကြစေရေးတို့အတွက် ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ဘော်လီဘောအားကစားနည်းသည် […]

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ်(၂/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ်(၂/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၂၃)။ လူငယ်များအနေဖြင့် အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်နှင့် အိမ်တွင်းအသေးစား တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရင်းဖြင့် ဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေး သင်တန်းအမှတ်စဉ်(၂/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသက်မွေးဝမ်းကြောင်းပညာရေးဖြင့် လက်တွေ့လုပ်ငန်း နယ်ပယ်တို့ ဆက်စပ်မှုပိုမိုအားကောင်းနိုင်စေရန်နှင့် မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းများမှ ဈေးကွက်ဝင်ထုတ်ကုန်များ ထုတ်လုပ်နိုင်စေရန်ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်သင်ကြား ပေးရခြင်းဖြစ်ကြောင်း၊ မြန်မာ့လူ့အဖွဲ့အစည်း၏ (၉၉)ရာခိုင်နှုန်းခန့်သည် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းအများစုပေါ်တွင်  ရပ်တည်နေလျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့်  လူငယ်ဆိုင်ရာကဏ္ဍများ ပိုမိုဖြည့်ဆည်း မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေးအတွက် ရည်မှန်းချက်ထားရှိ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုရေးဦးတည်ချက် တစ်ခုဖြစ်သည့် “တစ်နိုင်ငံလုံး […]

ရေကူးဒိုင်မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲနှင့် ၂၀၂၃ ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကျင်းပ

Loading

ရေကူးဒိုင်မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲနှင့် ၂၀၂၃ ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၂၀)။ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ရေကူးအားကစားနည်းစဉ်ဆက်မပြတ် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေး၊ မိမိနိုင်ငံအတွင်းမှ လူငယ်များရေကူးအားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေရေးနှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရေကူးအားကစားသမားများ စဉ်ဆက်မပြတ်ထွက်ပေါ်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ရေကူးဒိုင်မွမ်းမံသင်တန်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းနှင့် သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် ရေကူးအားကစားနည်းသည် နိုင်ငံ့ဂုဏ်‌ဆောင်နိုင်ခဲ့သည့်အားကစားနည်းတစ်ခုဖြစ်သည့်အပြင် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အားကစားသမားတစ်ဦးတည်းဖြင့် ဆုတံဆိပ်များစွာရယူပေးနိုင်သည့် အားကစားနည်းတစ်ခုလည်းဖြစ်သည့်အတွက် အရည်အချင်းရှိသည့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် […]

၂၀၂၃ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

Loading

၂၀၂၃ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၁၉)။ ပြေးခုန်ပစ်အားကစားနည်း အဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် ပြေးခုန်ပစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီးပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) ကြိုးတပ်သံလုံးပစ်၊ (အမျိုးသား)(၁၀မျိုးစုံ) (အမျိုးသမီး)(၇မျိုးစုံ)ပြိုင်ပွဲ (အမျိုးသမီး) ကီလိုမီတာ(၂၀)လမ်းလျှောက်၊ (အမျိုးသား/အမျိုးသမီး) မီတာ (၁၀၀၀၀)၊ (အမျိုးသား/အမျိုးသမီး)သံလုံးပစ်၊ (အမျိုးသား) တုတ်ထောက်ခုန်၊ (အမျိုးသား/ အမျိုးသမီး) မီတာ (၄၀၀x၄) လက်ဆင့်ကမ်း၊ (အမျိုးသား/ အမျိုးသမီး) မီတာ၂၀၀၊ (အမျိုးသမီး)တန်းမြင့်ခုန်၊ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ၂၀၂၃ခုနှစ် အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ ကြည့်ရှုအားပေး ဆုချီးမြှင့်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ၂၀၂၃ခုနှစ် အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ ကြည့်ရှုအားပေး ဆုချီးမြှင့် နေပြည်တော်၊ အောက်တိုဘာ(၁၈)။ ပြေးခုန်ပစ်အားကစားနည်းအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် ပြေးခုန်ပစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့် တိုင်းဒေသကြီးပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား)ကီလိုမီတာ၂၀လမ်းလျှောက်၊ (အမျိုးသမီး) ကြိုးတပ်သံလုံးပစ်၊ (အမျိုးသား)(၁၀မျိုးစုံ-၆) မီတာ(၁၁၀)တန်းကျော်ပြေး၊ (အမျိုးသမီး)(၇မျိုးစုံ-၁) မီတာ(၁၀၀)တန်းကျော်ပြေး၊ (အမျိုးသား/အမျိုးသမီး) မီတာ၂၀၀၊ (အမျိုးသမီး)(၇မျိုးစုံ-၂) […]

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်အရ ဖွင့်လှစ်သည့် ပြေးခုန်ပစ်နည်းပြသင်တန်း အဆင့်(၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

Loading

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်အရ ဖွင့်လှစ်သည့် ပြေးခုန်ပစ်နည်းပြသင်တန်း အဆင့်(၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၁၆)။ ပြေးခုန်ပစ်အားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြေးခုန်ပစ်နည်းပြဆရာကောင်းများ ထွက်ပေါ် လာစေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်အရ ဖွင့်လှစ် သည့် ပြေးခုန်ပစ်နည်းပြသင်တန်း အဆင့်(၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးလုပ်ငန်းများကို ရေတိုရေရှည်စီမံချက်များ ချမှတ်ပြီး ဆောင်ရွက်အကောင်အထည်ဖော် ရာတွင် ပထမခြေလှမ်းအဖြစ် အရှေ့တောင်အာရှနိုင်ငံများအလယ်တွင် ဗိုလ်စွဲအနိုင်ရရှိရေးအတွက် ဦးစွာ ကြိုးပမ်းသွားကြရမည်ဖြစ်ပြီး ထိုမှတဆင့် အာရှနိုင်ငံများအတွင်း အောင်မြင်မှုရရှိစေရေးနှင့် နောက်ဆုံး အဆင့်အဖြစ် ကမ္ဘာ့နိုင်ငံများအလယ်တွင် အောင်မြင်မှုများ ဆက်လက်ရရှိလာစေရန်အတွက် […]