အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၄၅)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ၏ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိ

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၄၅)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ၏ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိ ရန်ကုန်၊ မေလ(၁၅)ရက်။ ၂၀၂၅ ခုနှစ်၊ မေလ(၁၁)ရက်နေ့ မှ (၁၂)ရက်နေ့အထိ ကူဝိတ်နိုင်ငံတွင်ကျင်းပပြုလုပ်သည့် (၄၅)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ၏ အထွေထွေညီလာခံ (45th OCA General Assembly Kuwait) တက်ရောက်ရန်အတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး(၄) ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် အတူ (၉.၅.၂၀၂၅)ရက်နေ့ ညနေ(၁၆း၂၅)နာရီအချိန်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကူဝိတ်နိုင်ငံသို့ ထွက်ခွာခဲ့သည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေလ(၁၁)ရက်နေ့တွင်ကျင်းပသော (၄၅)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ အထွေထွေညီလာခံသို့တက်ရောက်ရာ အာရှအိုလံပစ်ကောင်စီ ဒုတိဥက္ကဌ […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်မြင်းစီးအသင်းပြန်လည်ဖွဲ့စည်းရေးနှင့် မြင်းစီးအားကစားနည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်နှင့်ရန်ကုန်မြင်းစီးအသင်းတို့အားတွေ့ဆုံ

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်မြင်းစီးအသင်းပြန်လည်ဖွဲ့စည်းရေးနှင့် မြင်းစီးအားကစားနည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်နှင့်ရန်ကုန်မြင်းစီးအသင်းတို့အားတွေ့ဆုံ ရန်ကုန် ၊ မေလ (၁၄)ရက်။ ရန်ကုန်မြင်းစီးအသင်းပြန်လည်ဖွဲ့စည်းရေးနှင့် မြင်းစီးအားကစားနည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်နှင့်ရန်ကုန်မြင်းစီးအသင်းတို့အား တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေးကို ယနေ့နံနက် (၉:၃၀)နာရီအချိန်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ် ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် နှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ နှင့် အမှုဆောင်များ၊ ရန်ကုန်မြင်းစီးအသင်းဥက္ကဋ္ဌ နှင့် အမှုဆောင်များ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက ရန်ကုန်မြင်းစီးအလုပ်အမှုဆောင်အဖွဲ့သစ်ကို စနစ်တကျရွေးချယ် တင်မြှောက်နိုင်ရေးအတွက် ဆောင်ရွက်ရန်၊ မြင်းစီးအားကစား […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် အသုံးပြုရန်အတွက် ရုံးလုပ်ငန်းသုံးပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် အသုံးပြုရန်အတွက် ရုံးလုပ်ငန်းသုံးပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မေ ၁၄ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် အသုံးပြုရန်အတွက် ရုံးလုပ်ငန်းသုံးပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဧည့်တွေ့ခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ Mr.Li Qianguo (သံမှူး) က ရုံးလုပ်ငန်းသုံးပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းအကြောင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတစ်ချို့ တွင် ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့်အတွက် မိမိတို့ တရုတ်နိုင်ငံအနေဖြင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်၍ ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး (၇၅)နှစ်ပြည့် အထိမ်းအမှတ်တစ်ခုလည်းဖြစ်ပါကြောင်း ၊ ၂၀၂၅ ခုနှစ် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်မြို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်မြို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေး ရန်ကုန် ၊ မေလ (၁၃)ရက် ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၇:၃၀)နာရီအချိန်တွင် ရန်ကုန်မြို့ ၊ အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိရာ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ကြိုဆိုကြပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်နေသော အနောက်တိုင်းလှေ ၊ ရိုးရာလှေနှင့် ကနူး/ကယက်လှေတို့ ယှဉ်ပြိုင်လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေး၍ နည်းပြများအား အစွမ်းကုန်အားထည့်သင်ပြလမ်းညွှန်ကြပ်မတ်ပေးရန် ၊ စံချိန်စံနှုန်းများကောင်းမွန်ပြီး ဆုတံဆိပ်များ ရရှိအောင်ကြိုးစားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ် ၊ အောင်ဆန်းအားကစားပြိုင်ဝင်း ၊ မိုးလုံလေလုံအားကစားရုံသို့ရောက်ရှိရာ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကြိုဆိုကြပြီး […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မေ ၁၂ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးတို့လိုက်ပါ၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့သို့သွားရောက်ကာ တောင်ငူအားကစားခန်းမအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်ငူအားကစားခန်းမ မီးရရှိစေရေး အမြန်ဆုံး ဆောင်ရွက်သွားရန်၊ အားကစားခန်းမအတွင်း နွေရာသီသင်တန်းများ၊ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အဆက်မပြတ်ကျင်းပနိုင်ရေး ဆောင်ရွက်သွားရန်၊ အားကစားရုံပတ်လည်တွင် ခြုံနွယ်များနှင့် အုတ်တံတိုင်းပေါ်တွင် နွယ်ပင်များမရှိစေရေး ရှင်းလင်းဆောင်ရွက်ရန်၊ အားကစားကွင်းအား အမြဲတမ်းစိမ်းလန်းမှုရှိစေရေး ဂရုစိုက်ဆောင်ရွက်ရန်၊ ဂိုးတိုင်များနှင့် Inner Fencing များအား ထုံးဖြူများသုတ်ထားရန်၊ အားကစားခန်းမအား တစ်ခုပျက်ပါက တစ်ခုချက်ချင်း ပြင်ဆင်သွားရန် လိုကြောင်း၊ ခရိုင်အားကစားကွင်း ဖြစ်သည့်အတွက် Score ဘုတ်အား ခရိုင်အဆင့်နှင့်ညီအောင် […]

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီမှ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီမှ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက် ရန်ကုန်၊ မေလ (၁၀)ရက် ။ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့်ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီမှ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ၊ သာကေတမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာတွင်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဌ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက် ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၈၅)ကြိမ်မြောက် စင်ကာပူဖိတ်ခေါ်ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ရရှိခဲ့သော မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပွဲတက်ရောက်

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၈၅)ကြိမ်မြောက် စင်ကာပူဖိတ်ခေါ်ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ရရှိခဲ့သော မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပွဲတက်ရောက် ရန်ကုန်၊ မေလ (၉)ရက် ။ (၈၅)ကြိမ်မြောက် စင်ကာပူဖိတ်ခေါ်ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သော မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပွဲ နှင့် ညစာစားပွဲအခမ်းအနားကို ယမန်နေ့ ည(၇)နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ ၊ […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး (အားကစားသမား၊ အားကစားအဖွဲ့ချုပ်၊ အုပ်ချုပ်သူ/နည်းပြ)ဆုများ ချီးမြှင့်ပွဲအခမ်းအနားတက်‌ရောက်

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး (အားကစားသမား၊ အားကစားအဖွဲ့ချုပ်၊ အုပ်ချုပ်သူ/နည်းပြ)ဆုများ ချီးမြှင့်ပွဲအခမ်းအနားတက်‌ရောက် ရန်ကုန်၊ မေလ (၈)ရက် ။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမား(အမျိုးသား/ အမျိုးသမီး) ၊ စွမ်းဆောင်ရည်အကောင်းဆုံး အားကစားအဖွဲ့ချုပ်၊ အကောင်းဆုံး အုပ်ချုပ်သူ/ နည်းပြဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်ဖြူမာဝေ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ၊မြန်မာနိုင်ငံအားကစားမီဒီယာများ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဘေးသင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် အားကစားအဖွဲ့များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဘေးသင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် အားကစားအဖွဲ့များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မေ ၇ ရန်ကုန်ခါနန်နှစ်ခြင်းအသင်းတော်(လှိုင်သာယာ)နှင့် Sweet J Foundation တို့မှ အလှူရှင်များက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဘေးသင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် အားကစားအဖွဲ့များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်အားကစား‌လေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ထောက်ပံ့ငွေနှင့် ပစ္စည်းများ လာရောက်လှူဒါန်းပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ အလှူရှင်များက ရှင်းလင်းပြောကြားခဲ့ပြီး ထောက်ပံ့လှူဒါန်းပေးအပ်သည့် ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ဒုတိယဝန်ကြီးက လက်ခံရယူခဲ့ပြီး‌နောက် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာ များအား အသီးသီး ပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့် အလှူရှင်များက ထောက်ပံ့ငွေနှင့် ပစ္စည်းများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန (ရုံးသစ်) ဖွင့်ပွဲအခမ်းအနားနှင့် စခန်းသွင်း အားကစားသမားများ လေ့ကျင့်နေမှုအားကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန (ရုံးသစ်) ဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်းနှင့် စခန်းသွင်း အားကစားသမားများ လေ့ကျင့်နေမှုအားကြည့်ရှုအားပေး ရန်ကုန် ၊ မေလ(၇)ရက်။ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန(ရုံးသစ်) ဖွင့်ပွဲ အခမ်းအနားကိုယနေ့နံနက်(၈)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက် အကူပြုကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ Bo Min Bo Co,ltdမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက် ခဲ့ကြပါသည်။ အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ […]