၂၀၂၆ ခုနှစ် ၊ ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းဖူဆယ် (အမျိုးသား)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဝန်ကြီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများအား လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
၂၀၂၆ ခုနှစ် ၊ ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းဖူဆယ် (အမျိုးသား)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဝန်ကြီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများအား လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဩဂုတ် ၁ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းဖူဆယ် (အမျိုးသား)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဝန်ကြီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင် အသင်းများမှ အားကစားသမားများအား လူတွေ့စစ်ဆေးခြင်း၊ ပွဲစဉ်ဇယားရေးဆွဲခြင်းနှင့် အသင်း အုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဥ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ-(၁) ဒုတိယညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ […]
အာရှအိုလံပစ်ကောင်စီ၏ Special Project အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် ဝန်ထမ်းများအတွက် နိုင်ငံတကာဆက်သွယ်ဆက်ဆံရေး ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း Strengthening International Communication Skills For Staff သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
![]()
အာရှအိုလံပစ်ကောင်စီ၏ Special Project အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် ဝန်ထမ်းများအတွက် နိုင်ငံတကာဆက်သွယ်ဆက်ဆံရေး ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း Strengthening International Communication Skills For Staff သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင် ၃၁ အားကစားရေးရာဝန်ကြီးဌာန(MOSA)၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ(MOC)နှင့် အာရှ အိုလံပစ်ကောင်စီ(OCA)တို့ပူးပေါင်းဖွင့်လှစ်သည့် ဝန်ထမ်းများအတွက် နိုင်ငံတကာဆက်သွယ် ဆက်ဆံရေး ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း Strengthening International Communication Skills For Staff သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလဲပိုင်းတွင် နေပြည်တော်၊ အားကစား လေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ သင်တန်းသား/သင်တန်းသူများက English Language is Useful For Staff in The Sports Industry Too ခေါင်းစဉ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီးနောက် […]
(၃၄)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန်စခန်းသွင်းလေ့ကျင့်နေသောအားကစားအဖွဲ့များနှင့်အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိပညာသင်ကြားနေသောသင်တန်းသား/သင်တန်းသူများအားကစားနည်းအလိုက်လေ့ကျင့်နေမှုတို့အားကြည့်ရှူစစ်ဆေး
![]()
(၃၄)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန်စခန်းသွင်းလေ့ကျင့်နေသောအားကစားအဖွဲ့များနှင့်အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိပညာသင်ကြားနေသောသင်တန်းသား/သင်တန်းသူများအားကစားနည်းအလိုက်လေ့ကျင့်နေမှုတို့အားကြည့်ရှူစစ်ဆေး ရန်ကုန် ၊ ဇူလိုင် ၂၂ အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးဦးထွန်းထွန်းဦး နှင့် ဒုတိယညွှန်ကြားရေးမှူးများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ၂ဝ၂၇ ခုနှစ်၊ မလေးရှားနိုင်ငံ တွင်အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ မည့် (၃၄)ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ရန်ကုန်မြို့ ၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံ အားကစားကွင်းအတွင်း၌ စခန်း သွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမ လက်ရွေးစင်အလေးမ အားကစားသမားများနှင့် ဝူရှူး အားကစားသမားများ၏ လေ့ကျင့် နေမှုများ အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမား များအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ခန္ဓာကိုယ် […]
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန် ၊ ဇူလိုင် ၂၁ အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေး အတွက်အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀:၀၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ထူးအောင် ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ်အတွင်းရေးမှူးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများနှင့် နည်းပြများ တက်ရောက်ကြသည်။ ဦးစွာအစည်းအဝေးသို့တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်း အုပ်ချုပ်သူ များက အသီးသီးမိတ်ဆက်ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားအောင်နိုင်ရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို […]
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန် ၊ ဇူလိုင် ၅ အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက်အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀:၀၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး နှင့် တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများနှင့် နည်းပြများ တက်ရောက် ကြသည်။ ဦးစွာအစည်းအဝေးသို့တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်း အုပ်ချုပ်သူ များက အသီးသီးမိတ်ဆက်ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က အဖွင့်အမှာစကားပြောကြားရာတွင် […]
၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံး(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အားကစားသမားများအား လူတွေ့စစ်ဆေးခြင်း၊ ပွဲစဉ်ဇယားရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံး(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အားကစားသမားများအား လူတွေ့စစ်ဆေးခြင်း၊ ပွဲစဉ်ဇယားရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဇွန် ၃၀ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် ဝန်ကြီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများအား လူတွေ့စစ်ဆေး ခြင်း၊ ပွဲစဉ်ဇယားရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (A)၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ် နာယက ဦးစိုးတင့်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဥ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ-(၁) ညွှန်ကြားရေးမှူး ဦးသိန်းသန်းနိုင်၊ ပြိုင်ပွဲ ကျင်းပရေး အဖွဲ့မှတာဝန်ရှိသူများ၊ ဝန်ကြီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများမှ […]
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ
![]()
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန် ၂၆ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Gold Medal Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့သည်။ ဦးစွာ ဝန်ထမ်းများက ကိုယ်ရေးကိုယ်တာ အခက်အခဲများနှင့် လိုအပ်ချက်များကို အသီးသီး တင်ပြခဲ့ရာ စီမံ/ဘဏ္ဍာဌာနခွဲ ညွှန်ကြားရေးမှူး ဦးစန်းချိုက ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဘုတ်အဖွဲ့များ၊ အိမ်ရာကော်မတီဝင်များနှင့် ပေါင်းစပ် တိုင်ပင်ညှိနှိုင်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ […]
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး Gold Camp နှင့် Youth Camp တို့မှ ပိုက်ကျော်ခြင်း၊ အလေးမ၊ မြားပစ်နှင့် ပီတန်းအားကစားသမားများ၏ လေ့ကျင့်နေမှုအား လိုက်လံကြည့်ရှုအားပေး
![]()
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး Gold Camp နှင့် Youth Camp တို့မှ ပိုက်ကျော်ခြင်း၊ အလေးမ၊ မြားပစ်နှင့် ပီတန်းအားကစားသမားများ၏ လေ့ကျင့်နေမှုအား လိုက်လံကြည့်ရှုအားပေး နေပြည်တော်၊ ဇွန် ၂၄ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် တာဝန်ရှိ သူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ ပီတန်းကွင်းတို့၌ လေ့ကျင့်လျက်ရှိသည့် Gold Camp နှင့် Youth Camp တို့မှ ပိုက်ကျော်ခြင်း၊ အလေးမ၊ မြားပစ်နှင့် ပီတန်းအားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီးနောက် အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံ၍ ကျန်းမာရေးသည် အရေးကြီးသည့်အတွက် နေထိုင်၊ သွားလာ၊ စားသောက်မှုနှင့် လေ့ကျင့်မှုများတွင် အထူးဂရုစိုက်ကြရန်လိုကြောင်း၊ ကျန်းမာရေးမထိခိုက်စေရန် အိပ်ရေးဝဝအိပ်ရန်လိုကြောင်း၊ […]
၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း ၅၁ ခု၏ တင်ဒါအောင်မြင်သော ကုမ္ပဏီများနှင့် လုပ်ငန်းအပ်နှံစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကျင်းပ
![]()
၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း ၅၁ ခု၏ တင်ဒါအောင်မြင်သော ကုမ္ပဏီများနှင့် လုပ်ငန်းအပ်နှံစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန် ၁၇ ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း ၅၁ ခု၏ တင်ဒါအောင်မြင်သော ကုမ္ပဏီများနှင့် လုပ်ငန်းအပ်နှံစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ (A)၌ ကျင်းပခဲ့သည်။ ဦးစွာ တင်ဒါကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူက အဖွင့်အမှာစကားပြောကြားရာတွင် တည်ဆောက်ရေးလုပ်ငန်း ၅၁ ခုအား လုပ်ထုံး လုပ်နည်းများနှင့်အညီ တင်ဒါခေါ်ယူခြင်းများဆောင်ရွက်ခဲ့ရာ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသော ကုမ္ပဏီများ တင်ဒါအောင်မြင်ခဲ့သည့်အတွက် လုပ်ငန်းများအပ်နှံစာချုပ် ချုပ်ဆိုရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများကို သတ်မှတ်အရည်အသွေး၊ […]
ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဇွန် ၁၂ အားကစားရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ ကြီးမှူးကျင်းပမည့် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး၊ ဖူဆယ်၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံးနှင့်ဘော်လီဘော အားကစားပြိုင်ပွဲများကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစား လေ့ကျင့်ရေးစခန်းရှိ အစည်းအဝေးခန်း၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်လမ်းညွှန်ချက်ဖြင့် ဝန်ကြီးဌာန များတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိလာစေရေး၊ မျိုးဆက်သစ်အားကစားသမားများ ပိုမိုရရှိလာစေရေးနှင့် မြန်မာ့အားကစားကဏ္ဍ တိုးတက်မြင့်မား လာစေရေးတို့အတွက် ရည်ရွယ်၍ မိမိတို့ဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ ပူးပေါင်း ၍ ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၆-၂၀၂၇ ခုနှစ်၊ အားကစားပြက္ခဒိန်ပါအတိုင်း ပြိုင်ပွဲများကျင်းပရေးပိုင်း၊ […]