၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် ဖူဆယ်(အမျိုးသား/အမျိုးသမီး) အားကစားပြိုင်ပွဲ အားကစားအသင်းမန်နေဂျာများ အစည်းအဝေးဆက်လက်ကျင်းပ

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် ဖူဆယ်(အမျိုးသား/အမျိုးသမီး)အားကစားပြိုင်ပွဲ အားကစားအသင်းမန်နေဂျာများ အစည်းအဝေးဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၇ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်ပါဝင်သည့် ဝန်ကြီးဌာနအဆင့် (အမျိုးသား) ဖူဆယ်အားကစားနည်း အသင်းမန်နေဂျာများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)၌ ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြသည့် အသင်းများမှ အားကစားသမား များသည် ကြိုတင်ဖြန့်ဝေအသိပေးထားသော စည်းမျဉ်း/စည်းကမ်းများနှင့်ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြီးနောက် ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ဝန်ကြီးဌာနပေါင်းစုံအဆင့် ဖူဆယ်ပြိုင်ပွဲတွင် အသင်း(၂၅)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဝန်ကြီးဌာနအဆင့်ပြိုင်ပွဲများကို ဒီဇင်ဘာလ (၈) ရက်နေ့မှ (၁၉)ရက်နေ့အထိ နံနက် ၈ နာရီအချိန်မှ စတင်၍ ဝဏ္ဏသိဒ္ဓိဖူဆယ်ရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ ဒီဇင်ဘာ ၇ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲနှင့်ပိတ်ပွဲတွင် မီးရှူးတိုင်သယ်ယူရေးအပါအဝင် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ကြမည့် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းဥက္ကဋ္ဌအပါအဝင် စုစုပေါင်း အဖွဲ့ဝင်(၉)ဦးတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ Social Zone အတွင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း၊ မြန်မာ့အားကစား မော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ ပုံတူရုပ်ထုများပြခန်းနှင့် အားကစားပြတိုက် (စိတ်ဓာတ်မြှင့်တင်ရေး ခန်းမ) တို့ကို လာရောက်ကြည့်ရှုလေ့လာရင်း ပြခန်းအတွင်းပြင်ဆင်ဆောင်ရွက်သင့်သည်များကို အကြံပြုဆွေးနွေးခဲ့ပြီးနောက် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ သတင်းထောက်ချုပ် ဒေါ်ခင်ရတနာက အားကစားပွဲတော်ကာလအတွင်း ထုတ်ဝေမည့်သတင်းလွှာတွင်ထည့်သွင်း ဖော်ပြရန်အတွက် မေးမြန်းသည့်အချက် အလက်များကို ဖြေကြားခဲ့ပါကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲများနှင့် မသန်စွမ်းအားကစားပြိုင်ပွဲ အသင်းမန်နေဂျာများအစည်းအဝေးကျင်းပ

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲများနှင့် မသန်စွမ်းအားကစားပြိုင်ပွဲ အသင်းမန်နေဂျာများအစည်းအဝေးကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၄ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်ပါဝင်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ကြက်တောင်၊ လက်ဝှေ့၊ ခရစ်ကက် (အမျိုးသား/အမျိုးသမီး)အားကစားနည်းများနှင့် မသန်စွမ်းအားကစား နည်းများဖြစ်သည့် ပြေးခုန်ပစ်၊ ရေကူး၊ ထိုင်လျက်ဘော်လီဘော၊ စစ်တုရင်(မျက်မမြင်) အားကစား ပြိုင်ပွဲများ၏ အသင်းမန်နေဂျာများအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၃)၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း(ရွာတော်)နှင့် လယ်ဝေး TC-2 တို့တွင်ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အသင်းများမှ အားကစားသမားများသည် ကြိုတင်ဖြန့်ဝေအသိပေးထားသည့် စည်းမျဉ်း/စည်းကမ်းများနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ်ပြီးနောက် ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များကိုညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ကြက်တောင်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် ကျား(၁၄) သင်း၊ မ(၁၀)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီးအုပ်စုပတ်လည်ပွဲစဉ်များကို ဒီဇင်ဘာလ (၅)ရက်နေ့မှ (၆)ရက်နေ့အထိ နံနက် […]
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲနှင့် ဘတ်စကက်ဘော (အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲနှင့် ဘတ်စကက်ဘော (အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၃ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ရာ ဝန်ကြီးဌာနအဆင့် ဘောလုံး(အမျိုးသား)ပြိုင်ပွဲကို ပေါင်းလောင်း၊ ရွှေကြာပင်၊ လယ်ဝေး TC-2 ဘောလုံးကွင်းများတွင်လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘောလုံး(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိလေ့ကျင့်ကွင်းအမှတ် (၃ ၊ ၄) ၊ ဘောဂဝတီကွင်းနှင့် လယ်ဝေးမြို့နယ်ဘောလုံးကွင်းများတွင်လည်းကောင်း၊ ဖူဆယ်(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိဖူဆယ်ရုံ၌လည်းကောင်း၊ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌လည်းကောင်း၊ ဘတ်စကက်ဘော(အမျိုးသား)ပြိုင်ပွဲများကို ရွှေကြာပင်အားကစားရုံတို့၌လည်းကောင်း ကျင်းပခဲ့ရာ ပြိုင်ပွဲများသို့ ဒုတိယဝန်ကြီးများ၊ တပ်မတော်မှအရာရှိကြီးများ၊ […]
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် အလွတ်တန်း ဘောလုံး(အမျိုးသား)ပြိုင်ပွဲ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် (အမျိုးသား/အမျိုးသမီး) ဘောလုံးနှင့် ဖူဆယ် အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မန်နေဂျာများ အစည်းအဝေးကျင်းပ

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် အလွတ်တန်း ဘောလုံး(အမျိုးသား)ပြိုင်ပွဲ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် (အမျိုးသား/အမျိုးသမီး) ဘောလုံးနှင့် ဖူဆယ် အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မန်နေဂျာများ အစည်းအဝေးကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၁ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်ပါဝင်ကြသည့် ဝန်ကြီးဌာနအဆင့် ဘောလုံး၊ ဖူဆယ်နှင့် ဘော်လီဘော အားကစားနည်းများအတွက် အသင်းမန်နေဂျာများအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ C နှင့် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း(ရွာတော်)တို့၌ အသီးသီးကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့်အသင်းများမှ အားကစားသမားများသည် ကြိုတင်ဖြန့်ဝေ အသိပေးထားသော စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်ပြီးနောက် ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ဝန်ကြီးဌာနအဆင့် ဘောလုံးပြိုင်ပွဲတွင် စုစုပေါင်း (၁၉)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အုပ်စုအဆင့်ပြိုင်ပွဲများကို ၂-၁၂-၂၀၂၄ ရက်နေ့မှ ၁၄-၁၂-၂၀၂၄ ရက်နေ့အထိ ညနေ ၃ […]
မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်၏ ပထမအကြိမ်အလုပ်အမှုဆောင် အစည်းအဝေးနှင့် အဖွဲ့ချုပ်အောက်၌ ဆပ်ကော်မတီအလိုက် ပြန်လည်ဖွဲ့စည်း

မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်၏ ပထမအကြိမ်အလုပ်အမှုဆောင် အစည်းအဝေးနှင့် အဖွဲ့ချုပ်အောက်၌ ဆပ်ကော်မတီအလိုက် ပြန်လည်ဖွဲ့စည်း ရန်ကုန် ၊ နို၀င်ဘာ ၃၀ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် ခြင်းလုံးအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအားစနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးတို့အတွက် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်၏ ပထမအကြိမ်အလုပ်အမှုဆောင်အစည်းအဝေးနှင့် အဖွဲ့ချုပ်အောက်၌ ဆပ်ကော်မတီအလိုက် ပြန်လည်ဖွဲ့စည်းသည့် အခမ်းအနားကို ယနေ့နံနက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ၊ ဟိုတယ်ရွှေဂုံတိုင်(ရန်ကုန်)၌ကျင်းပသည်။ ဦးစွာမြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်အသစ်တွင်နာယက ဦးစိုးတင့်ကခြင်းလုံးနှင့်ပတ်သက်၍သိကောင်းစရာများ၊ ရှေ့လုပ်ငန်းစဥ်များပြောကြားပြီး ဥက္ကဌဦးသက်လွင်က ဖွဲ့စည်းထားရှိမှုများအားရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဥက္ကဌ ဦးဝင်းတင့်က အမျိုးသားအားကစားပွဲတော်တွင် သရုပ်ပြခတ်ကစားမည့်အစီအစဉ်များအားတင်ပြ၍လည်းကောင်း ၊ ဒုတိယဥက္ကဌ ဦးထွန်းလင်းသောင်းက အမှာစကားပြောကြား၍လည်းကောင်း ၊ အမှုဆောင်များကခြင်းလုံးနှင့်ပက်သက်၍ အသီးသီး တင်ပြခဲ့ကြသည်။ အဆိုပါမြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်အသစ်တွင် နာယက ဦးစိုးတင့်၊ ဥက္ကဌဦးသက်လွင်၊ဒုတိယဥက္ကဌများဖြစ်ကြသည့် အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (၃) ဦးကျော်ဇင်မိုး ၊ […]
အရှေ့နှင့် အရှေ့တောင်အာရှနည်းပြများနှင့်ဒိုင်လူကြီးများအတွက် အာရှအိုလံပစ်ကောင်စီ၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်သို့တက်ရောက်ရန် ပြည်ပထွက်ခွာ

အရှေ့နှင့် အရှေ့တောင်အာရှနည်းပြများနှင့်ဒိုင်လူကြီးများအတွက် အာရှအိုလံပစ်ကောင်စီ၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်သို့တက်ရောက်ရန် ပြည်ပထွက်ခွာ ရန်ကုန် ၊ နိုဝင်ဘာ ၂၄ရက် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိကျင်းပမည့် အရှေ့နှင့်အရှေ့တောင်အာရှနည်းပြများနှင့်ဒိုင်လူကြီးများအတွက် အာရှအိုလံပစ်ကောင်စီ၏ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် ( OCA Development Programmer For Coach and Referees – East Asia and Southeast Asia )သို့ တက်ရောက်ရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကေသီ ဦးဆောင်သည့်အဖွဲ့ဝင်စုစုပေါင်း ၈ ဦးတို့သည် ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်အချိန်က လေယာဉ်ခရီးစဉ်အမှတ် 8M 501 ဖြင့် […]
ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်အားကစားအဖွဲ့အား Anti – Doping နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပ

ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်အားကစားအဖွဲ့အား Anti – Doping နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပ တောင်ကြီးမြို့၊ နိုဝင်ဘာလ ၂၀ ရက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် ကျန်းမာရေးဝန်ကြီးဌာန ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်းကာ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ရှမ်းပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်လူငယ်အားကစားသမားအား ကျန်းမာရေးနှင့်အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ၂၀.၁၁.၂၀၂၄ ရက်နေ့ ညနေ(၁၅:၃၀)နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာအဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းနိုင် ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ ပြိုင်ပွဲဝင်အားကစားသမား(၃၅၂)ဦးတို့ကတက်ရောက်ခဲ့ကြပြီး လူငယ်များအထွေထွေဗဟုသုတတိုးတက်စေရန်အတွက် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ […]
ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သောနိုင်ငံ့ဂုဏ်ဆောင်မြန်မာအားကစားအဖွဲ့ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ

ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သောနိုင်ငံ့ဂုဏ်ဆောင်မြန်မာအားကစားအဖွဲ့ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ ရန်ကုန် ၊ နိုဝင်ဘာလ(၁၂)ရက်။ မော်ဒိုက်နိုင်ငံ၊ Addu City ၌ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်မှ ၁၁ ရက်ထိကျင်းပသည့် (၁၅)ကြိမ်မြောက်ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ(15th World Bodybuilding & Physique Sport Championship) တွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဒုတိယဥက္ကဌဦးကျော်သန်း(အုပ်ချုပ်သူ) ခေါင်းဆောင်၍ အားကစားသမား ရဲထွန်းနောင်ပါဝင်သော နိုင်ငံ့ဂုဏ်ဆောင် မြန်မာအားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းကရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိကြသည်။ နိုင်ငံ့ဂုဏ်ဆောင်မြန်မာ့ကာယဗလအားကစားအဖွဲ့အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဦးညွန့်ဖေနှင့်ကော်မတီဝင် ဦးအောင်နိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွန်ကြားရေးမှုး ဦးထွန်းထွန်းဦးနှင့်တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများ၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှ အမှုဆောင်များနှင့် တာဝန်ရှိသူများ၊အားကစားသမားများ၊ မိဘဆွေမျိုးမိတ်သင်္ဂဟများ၊ ပြည်သူများက အိုးစည်ဒိုးပတ်အကများဖြင့် သောင်းသောင်းဖြဖြကြိုဆိုကြသည်။ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားသမား ရဲထွန်းနောင်သည် ယင်းပြိုင်ပွဲ၏ အမျိုးသားကာယဗလ ၇၅ ကီလိုတန်း၌ […]
အောင်ပွဲရမြန်မာ့လက်ရွေးစင် ခရစ်ကက် အမျိုးသမီးအသင်းသည် စင်ကာပူပြိုင်ပွဲတွင် ပထမနှင့် တရုတ်ပြိုင်ပွဲတွင် တတိယဆုရရှိပြီး ပြန်လည်ရောက်ရှိ

အောင်ပွဲရမြန်မာ့လက်ရွေးစင် ခရစ်ကက် အမျိုးသမီးအသင်းသည် စင်ကာပူပြိုင်ပွဲတွင် ပထမ နှင့် တရုတ်ပြိုင်ပွဲတွင် တတိယဆုရရှိပြီး ပြန်လည်ရောက်ရှိ ရန်ကုန် ၊ နိုဝင်ဘာ ၁၁ရက် စင်္ကာပူနိုင်ငံတွင် အောက်တိုဘာ ၂၀ရက်နေ့မှ ၃၀ရက်နေ့အထိ ကျင်းပခဲ့သည် MERLION TROPHY SINGAPORE WOMEN’S CRICKET CHAMPIONSHIPS 2024 နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ HANGZHOU မြို့တွင် အောက်တိုဘာ ၃၁ရက်မှနိုဝင်ဘာ ၁၀ရက် နေ့အထိ ကျင်းပခဲ့သည့် BELT AND ROAD WOMEN’S T201 IN HANGZHOU 2024 ပြိုင်ပွဲတွင် ပထမဆုဖလားနှင့်အတူ တတိယဆုရရှိခဲ့သည်။ အောက်တိုဘာ၂၀ရက်နေ့ မှ ၃၀ရက်နေ့ အထိ စင်္ကာပူနိုင်ငံတွင်အိမ်ရှင်စင်္ကာပူနိုင်ငံအသင်း ၊ မြန်မာနိုင်ငံအသင်း ၊ ကူဝိတ်နိုင်ငံအသင်း တို့သည် […]