အားကစားရေးရာဝန်ကြီးဌာန

(၈)ကြိမ်မြောက် နိုင်ငံတကာလူငယ် အိုလံပစ်အားကစားသမားများ ဆွေးနွေးပွဲသို့တက်ရောက်ရန်ပြည်ပထွက်ခွာ

Loading

(၈)ကြိမ်မြောက် နိုင်ငံတကာလူငယ် အိုလံပစ်အားကစားသမားများ ဆွေးနွေးပွဲသို့တက်ရောက်ရန်ပြည်ပထွက်ခွာ ရန်ကုန် ၊ မေ ၃၀ ရုရှားနိုင်ငံ ၊ မော်စကိုမြို့တွင် ၂၀၂၆ခုနှစ် ၊ ဇွန်လ ၁ ရက်မှ ၂ ရက်အထိ ကျင်းပမည့် (၈)ကြိမ်မြောက် နိုင်ငံတကာ လူငယ်အိုလံပစ်အားကစားသမားများ ဆွေးနွေးပွဲသို့ တက်ရောက်ရန် အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ဦးဆောင်သည့် အဖွဲ့ဝင် ၅ ဦးတို့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းတို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်းသိရှိရသည်။

AYA Tri Nations Cup 2026 (၃)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လုံခြုံရေးဆိုင်ရာကိစ္စရပ်များညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

AYA Tri Nations Cup 2026 (၃)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လုံခြုံရေးဆိုင်ရာကိစ္စရပ်များညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန် ၊ မေ ၂၇ ရက် AYA Tri Nations Cup 2026 (၃)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၊ ပတ္တမြားခန်းမ၌ ကျင်းပရာ သင်္ဃန်းကျွန်းခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးထိုက်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)ညွှန်ကြားရေးမှူး ဦးသိန်းသန်းနိုင် ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။ ဦးစွာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဆွေးနွေးတင်ပြရာတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခြင်းဖြင့် နိုင်ငံတကာဘောလုံးပြိုင်ပွဲများကို […]

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘတ်ဂျတ်ငွေလုံးငွေရင်းဖြည့်စွက် အသုံးစရိတ်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများ Tender ဖွင့်ပွဲကျင်းပ

Loading

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘတ်ဂျတ်ငွေလုံးငွေရင်းဖြည့်စွက် အသုံးစရိတ်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများ Tender ဖွင့်ပွဲကျင်းပ မေလ ၂၅ ရက်၊ တောင်ကြီးမြို့ အားကစားရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုတို့ကိုခံယူကာ ပြည်နယ်အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးကိုရည်ရွယ်၍ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘတ်ဂျတ်ငွေလုံးငွေရင်းဖြည့်စွက်အသုံးစရိတ်ဖြင့် Open Tender နှင့် Local Tender များခေါ်ယူဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများ Tender ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းတည့်(၁၂:၀၀)နာရီအချိန်တွင် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ တင်ဒါဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးလှိုင်၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မိမိလှိုင် ၊ ပြည်နယ်လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန္တာမျိုး ၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ […]

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ငွေ တံဆိပ် ၁ခု နှင့်ကြေးတံဆိပ် ၁ ခု ဆွတ်ခူးရရှိခဲ့ကြသည့် မြန်မာပိုက်ကျော်ခြင်းအသင်း ပြန်လည်ရောက်ရှိကြိုဆိုခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

Loading

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ငွေ တံဆိပ် ၁ခု နှင့်ကြေးတံဆိပ် ၁ခု ဆွတ်ခူးရရှိခဲ့ကြသည့် မြန်မာပိုက်ကျော်ခြင်းအသင်း ပြန်လည်ရောက်ရှိကြိုဆိုခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ ရန်ကုန် ၊ မေ ၂၅ ၂၀၂၆ခုနှစ် ၊ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် မေလ ၁၆ ရက်မှ ၂၃ရက်နေ့အထိ ကျင်းပခဲ့သည့် ၂ဝ၂၆ ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲကြီးတွင် မြန်မာ အသင်းက အားကစားနည်း (၃)နည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသား (၃) ယောက်တွဲ Regu Event ကစားနည်းတွင် ငွေတံဆိပ်ဆု၊ အမျိုးသား (၄) ယောက်တွဲ Quadrant Event ကစားနည်းတွင်ပူးတွဲကြေးတံဆိပ်ဆုတို့ ကို ရရှိခဲ့ပြီး နိုင်ငံအလိုက်တတိယ ဆုရရှိခဲ့ရာ ပထမဆုနှင့်ဒုတိယဆုကို အိမ်ရှင်မလေးရှား အသင်းနှင့်ထိုင်းအသင်းတို့ရရှိခဲ့ကြသည်။ အဆိုပါမြန်မာအသင်းတွင်အုပ်ချုပ်မှုအဖွဲ့ ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌဦးရဲဝင့် ထွဋ်တင် […]

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များဆက်လက်ကျင်းပ

Loading

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ မေ ၂၂ ဘောလုံးအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်ကွင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်ကွင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ အားကစားဥယျာဉ်ကွင်းနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်းတို့၌ ဇုန်(၄)ဇုန်ခွဲ၍ ကျင်းပခဲ့ရာ အားကစားရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အားကစားဝါသနာရှင် ပရိတ်သတ်အင်အား (၄၀၀၀)ကျော်ခန့် တစ်ခဲနက် […]

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ စတင်ကျင်းပ

Loading

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ စတင်ကျင်းပ နေပြည်တော်၊ မေ ၁၉ အားကစားရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ ဇုန်(၄)ဇုန်ခွဲ၍ ကျင်းပခဲ့ရာ သက်ဆိုင်ရာ ဇုန်များအလိုက် အားကစားကွင်းအသီးသီးတွင် အားကစားရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေး ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အားကစားဝါသနာရှင် ပရိသတ်အင်အား(၆၀၀၀)ကျော်ခန့် တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ ဘောလုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ် မွန်းလွဲ (၃)နာရီမှ စတင်၍ ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်အားကစားကွင်းတွင် […]

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အုပ်စု(ခ) ပဲခူးဇုံ၏ အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အုပ်စု(ခ) ပဲခူးဇုံ၏ အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန် ၊ မေ ၁၇ အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အုပ်စု(ခ) ပဲခူးဇုံ၏ အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၀၈:၀၀)နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ အားကစား နှင့်ကာယပညာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာအားကစားနှင့် ကျင်းပပြုလုပ်ရာအားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးသိန်းသန်းနိုင်၊ ပဲခူးတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကြည်မိုးဝင်းနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများနှင့် နည်းပြများ တက်ရောက်သည်။ ဦးစွာ အစည်းအဝေးသို့ […]

အားကစားရေးရာဝန်ကြီးဌာန၏ ရက်(၁၀၀) စီမံချက်ဖြင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ ဘော်လီဘောကွင်း(၁၀) ကွင်းအတွက် ဆက်စပ်ပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနား ကျင်းပ

Loading

အားကစားရေးရာဝန်ကြီးဌာန၏ ရက်(၁၀၀) စီမံချက်ဖြင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ ဘော်လီဘောကွင်း(၁၀) ကွင်းအတွက် ဆက်စပ်ပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနား ကျင်းပ ရန်ကုန် ၊ မေ ၁၇ ဘော်လီဘောအားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး အားကစားရေးရာဝန်ကြီးဌာန၏ ရက်(၁၀၀) စီမံချက်ဖြင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ ဘော်လီဘော ကွင်း(၁၀)ကွင်းစာအတွက် ဆက်စပ်ပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားပြိုင်ပွဲရုံ၌ ကျင်းပခဲ့သည်။ ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အားကစားရေးရာဝန်ကြီးဌာန၏ ရက်(၁၀၀) စီမံချက်ဖြင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ ဘော်လီဘောကွင်း(၁၀)ကွင်းစာအတွက် ဆက်စပ်ပစ္စည်းများ လှူဒါန်းခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲနိုင်က ဘော်လီဘောကွင်း(၁၀)ကွင်းစာအတွက် ကျပ်သိန်း ၂၅၀ တန်းဖိုးရှိ ဆက်စပ်ပစ္စည်းများဖြစ်သည့် ဘော်လီဘောတိုင် ၂၀ တိုင်၊ ဘောလုံး ၂၀ လုံး၊ […]

MFF – Royal D U15 Youth League 2026 ပြိုင်ပွဲ၏ Official Kick-Off Event အခမ်းအနားကျင်းပ

Loading

MFF – Royal D U15 Youth League 2026 ပြိုင်ပွဲ၏ Official Kick-Off Event အခမ်းအနားကျင်းပ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် Royal D တို့ ပူးပေါင်းကျင်းပသည့် MFF – Royal D U15 Youth League 2026 ပြိုင်ပွဲအတွက် တရားဝင်မိတ်ဆက်ခြင်း (Official Kick-Off Event) အခမ်းအနားကို ယနေ့ မေလ ၁၄ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ MFF Hall ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားတွင် ယခင်နှစ် MFF U-15 League ပြိုင်ပွဲမှတ်တမ်း ဗီဒီယိုဖိုင်အား ပြသခဲ့ပြီးနောက်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်၊ […]

လူငယ်အားကစားလေ့ကျင့်ရေးစခန်း(Youth Camp) ၌စခန်းဝင်လေ့ကျင့်ရန် ရောက်ရှိလာသည့် အားကစားသမားများအား Physical Test နှင့် Skill Test စစ်ဆေးခြင်းများပြုလုပ်

Loading

လူငယ်အားကစားလေ့ကျင့်ရေးစခန်း(Youth Camp) ၌စခန်းဝင်လေ့ကျင့်ရန် ရောက်ရှိလာသည့် အားကစားသမားများအား Physical Test နှင့် Skill Test စစ်ဆေးခြင်းများပြုလုပ် နေပြည်တော်၊ မေ ၉ အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ၏ လမ်းညွှန်မှာကြားချက်အရ လူငယ်အားကစားလေ့ကျင့်ရေးစခန်း(Youth Camp) တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါ်ခင်မေဌေးသည် ရုံးအဖွဲ့မှ တာဝန်ရှိသူများ၊ အားကစားနည်းအလိုက် အုပ်ချုပ်သူ၊ နည်းပြများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်များမှ Grade-12 ဖြေဆိုပြီး၍ အရည်အချင်းပြည့်မီသည့်အတွက် လူငယ်အားကစားလေ့ကျင့်ရေးစခန်း(Youth Camp) ၌စခန်းဝင်လေ့ကျင့်ရန် ရောက်ရှိလာသည့် အားကစားသမားများအား Physical Test နှင့် Skill Test စစ်ဆေးခြင်းများကိုပြုလုပ်ခဲ့သည်။ ယနေ့နံနက် ၆ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ သက်ဆိုင်ရာ အားကစားကွင်း/ အားကစားရုံများ၌ မြားပစ်၊ ပြေးခုန်ပစ်(တာတို၊ တာလတ်၊တာ‌ဝေး၊ လမ်းလျှောက်၊ […]