အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ် လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ် လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဇွန်လ (၆)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ အခမ်းအနားအစီအစဉ်အရ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းသား/ ကျောင်းသူလေးများက ဒို့ချစ်တဲ့သိပ္ပံသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် […]

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့်ခရိုင်များအလိုက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့်ခရိုင်များအလိုက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ တောင်ကြီး၊ ဇွန်လ(၆)ရက်။ ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန်(၅)ရက် ညနေ့(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ကျင်းပသည်။ ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဖူဆယ်ဘောလုံးအားကစားနည်းသည် နည်းစနစ်ကိုအခြေခံပြီး တစ်ဦးချင်းကျွမ်းကျင်မှု၊ လျှင်မြန်ဖြတ်လက်မှု၊ သက်လုံနှင့်ကြံ့ခိုင်မှုကိုပါ ပြည့်ဝရန်လိုအပ်သည့်အပြင် အသင်းလိုက်အပေးအယူမျှမျီနှင့်ကစားရသည့်အားကစားနည်းဖြစ်ပါကြောင်း၊ ဖူဆယ်ကစားခြင်းသည် အပေါင်းအသင်း မိတ်ဆွေများတိုးပွားစေခြင်း၊ အသင်းလိုက် စုစည်းညီညွှတ်စွာ ပူးပေါင်းလုပ်ဆောင်တတ်သော အလေ့အကျင့်ကောင်းများရရှိစေခြင်းနှင့် မိမိကိုယ်ကိုယုံကြည်မှုတိုးပွားစေခြင်းကို ကစားရင်းအလိုအလျောက်ရရှိစေနိုင်သော အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ ယခုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့်ခရိုင်များအလိုက် အမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးကစားသမားများအနေဖြင့်နိုင်ငံတော်က အလေးထားဆောင်ရွက်နေသည့် အမျိုးသားအားကစားမြင့်တင်ရေးတာဝန်များကို ဦးထိပ်ထားပြီး မြန်မာ့အားကစားအဆင့်အတန်းမြင့်ရေးကို အမျိုးသားရေးအမြင်ဖြင့် ယှဉ်တွဲပြီးကြိုးပမ်းဆောင်ရွက်ကြရန် […]

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်အားကစားနည်းမှ မြန်မာနိုင်ငံအတွက် ပထမဦးဆုံးရွှေတံဆိပ်ဆု ဆွတ်ခူးရရှိ

Loading

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်အားကစားနည်းမှ မြန်မာနိုင်ငံအတွက် ပထမဦးဆုံးရွှေတံဆိပ်ဆု ဆွတ်ခူးရရှိ ကမ္ဘောဒီးယား၊ ဇွန်(၅)။ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို ယမန်နေ့ ဒေသစံတော်ချိန် နံနက်(၈)နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ Morodok Techo National Stadium Complex ၌ ကျင်းပပြုလုပ်ခဲ့ရာ (အမျိုးသမီး) သံလုံးပစ် (F55)ပြိုင်ပွဲ ပွဲစဉ်၌ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး(ရွှေတံဆိပ်)ဆုကို မထက်ထက်အေးကလည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်)ဆုကို ဗီယက်နမ်နိုင်ငံကလည်းကောင်း၊ တတိယ(ကြေးတံဆိပ်)ဆုကို ဖိလစ်ပိုင်နိုင်ငံကလည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့သည်။ ဆက်လက်၍ (အမျိုးသမီး) သံလုံးပစ် (F64) ပြိုင်ပွဲ ပွဲစဉ်၌ မြန်မာနိုင်ငံမှ မစိန်ဖောက ဒုတိယမြောက် (ရွှေတံဆိပ်)ဆုကိုလည်းကောင်း၊ ဒုတိယ (ငွေတံဆိပ်)ဆုကို အင်ဒိုနီးရှားနိုင်ငံကလည်းကောင်း၊ တတိယ (ကြေးတံဆိပ်)ဆုကို […]

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ကမ္ဘောဒီးယား၊ ဇွန်(၄)။ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ဒေသစံတော်ချိန်( ၄ )နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ Morodok Techo National Stadium ၌ ကျင်းပပြုလုပ်ခဲ့ရာ အရှေ့တောင်အာရှပြိုင်ပွဲဝင် နိုင်ငံများတက်ရောက်ခဲ့ကြပြီး  မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့် အုပ်ချုပ်သူ/နည်းပြများ၊ မသန်စွမ်းအားကစားသမားများနှင့် တာဝန်ရှိပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ ကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် H.E Hun Many(Member of the Cambodian National Assembly)နှင့် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌတို့က အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် HUN SEN က (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို […]

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်နိုင်ငံများအား ကြိုဆိုနှုတ်ဆက်ခြင်းအခမ်းအနားကျင်းပ

Loading

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်နိုင်ငံများအား ကြိုဆိုနှုတ်ဆက်ခြင်းအခမ်းအနားကျင်းပ ကမ္ဘောဒီးယား၊ ဇွန်(၂)။ ၂၀၂၃ ခုနှစ်၊ ဇွန်(၃) ရက်နေ့မှ (၉)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားအဖွဲ့များအား ကြိုဆိုနှုတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက် မြန်မာစံတော်ချိန် (၇)နာရီခွဲအချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Morodok Techo National Sports Complex၌ (Team Welcome Ceremony) ကြိုဆိုရေးအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ဦးစွာ ကမ္ဘောဒီးယားနိုင်ငံမှ H.E. Hun Many (Member of the Cambodian National Assembly) က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ထို့နောက် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ […]

ပဲခူးတိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် (အမျိုးသား/အမျိုးသမီး)ပြေးခုန်ပစ်အသင်း မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

Loading

ပဲခူးတိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် (အမျိုးသား/အမျိုးသမီး)ပြေးခုန်ပစ်အသင်း မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ ဇွန်(၁)။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးအသင်းသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မြန်မာ့ အားကစားလှုပ်ရှားမှုများပြခန်းအားလည်းကောင်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင် ထားရှိထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်ထုများအား လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

(၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်းအားကစားအဖွဲ့ထွက်ခွာ

Loading

(၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်းအားကစားအဖွဲ့ထွက်ခွာ ရန်ကုန်၊ မေလ (၃၁)ရက် ။ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ဇွန်( ၃ )ရက်မှ ( ၉ )ရက်ထိ ကျင်းပမည့် (၁၂)ကြိမ်မြောက်အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ၀င်‌ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် ယ‌နေ့မွန်းလွဲ (၁၂)နာရီ (၄၀)မိနစ်က ရန်ကုန်မြို့မှ မြန်မာအမျိုးသားလေကြောင်းလိုင်း (စင်းလုံးငှား)လေယာဉ်အမှတ် UB-7011 ဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ‌ […]

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ မေလ (၂၉)ရက် ။ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့တင်းနစ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွှယ်၍ “ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ’’ ကို ယမန်နေ့ ညနေ(၄)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူတင်းနစ်ကွင်း၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် ဥက္ကဌ ဦးမျိုးသူရနှင့် တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒိုင်လူကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမား များတက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးမျိုးသိန်းထွေး မှ […]

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

Loading

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ ရန်ကုန်၊ မေလ (၂၅)ရက် ။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ သိမ်ဖြူတင်းနစ်ကွင်း၌ ဆက်လက်ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဒိုင်လူကြီးများ၊ တင်းနစ် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြသည်။ ယနေ့နံနက်(၈)နာရီမှစ၍ အမျိုးသားအသင်းလိုက် ပြိုင်ပွဲများတွင် ရန်ကုန်တိုင်းဒေသကြီး အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ( ၂ : ၀ ) ဖြင့်လည်းကောင်း ၊ ဧရာဝတီတိုင်းဒေသကြီးအသင်း က တနင်္သာရီ တိုင်းဒေသကြီး အသင်းကို ( ၂:၁ ) ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အသင်းက ချင်းပြည်နယ် အသင်းကို […]

၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ ရန်ကုန်၊ မေလ (၂၄)ရက်။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲကို ယနေ့ နံနက်(၈)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ သိမ်ဖြူတင်းနစ်ကွင်း၌ ဆက်လက်ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဒိုင်လူကြီးများ၊ တင်းနစ်အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြသည်။ ယနေ့ နံနက်(၈)နာရီမှစ၍ အမျိုးသားအသင်းလိုက်ပြိုင်ပွဲများတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ( ၃ : ၀ )ဖြင့်လည်းကောင်း ၊ နေပြည်တော်အသင်းက မွန်ပြည်နယ်အသင်းကို (၂:၁)ဖြင့်လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီးက ကရင်ပြည်နယ်အသင်းကို(၂ : ၁)ဖြင့်လည်းကောင်း ၊ ပဲခူးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ( ၃: ၀)ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို […]