လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့်ဉာဏ်စမ်းပဟေဠိမေးမြန်းခြင်း အခမ်းအနားကျင်းပ

လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့်ဉာဏ်စမ်းပဟေဠိမေးမြန်းခြင်း အခမ်းအနားကျင်းပ တပ်ကုန်း၊ နိုဝင်ဘာလ(၁၇)ရက်။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ၊ မြဝတီရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီမှ ကျင်းပပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေး ဟော ပြောခြင်းနှင့်ဉာဏ်စမ်းပဟေဠိမေးမြန်းခြင်း အခမ်းအနားကို နိုဝင်ဘာ ၁၇ရက် နံနက် ၁၀နာရီက အဆိုပါကျောင်း၊ ပြည်သာနိုင်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး၊ နေပြည်တော်လူငယ်ရေးရာတာဝန်ခံဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးလင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းထွဋ်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦး၊ ခေတ္တမြို့နယ်ပညာရေးမှူး၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးတင်မောင်ထွန်းနှင့်ဆရာ၊ ဆရာမများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ စာရေးဆရာမ ဒေါ်ခင်လေး(ပြည်ထောင်စုနယ်မြေ)နှင့်ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၃၀၀)ဦး တက်ရောက်ခဲ့သည်။ ထိုဟောပြောပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုးက […]
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း အခမ်းအနားကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း အခမ်းအနားကျင်းပ ရန်ကုန်၊ နိုဝင်ဘာလ(၁၀)ရက်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ဒုတိယကျောင်းအုပ်ကြီးများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ရန်ကုန်တိုင်း ဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသော အလှူရှင်များ တက်ရောက်ကြသည်။ ဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ […]
မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း (၁၀)နှစ်မြောက် စုံညီနှစ်ပတ်လည် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးဆပ်ကော်မတီ အစည်းအဝေးနှင့် မဟာဘုံကထိန် ဆက်ကပ်လှူဒါန်းရန် ညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း (၁၀)နှစ်မြောက် စုံညီနှစ်ပတ်လည် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးဆပ်ကော်မတီ အစည်းအဝေးနှင့် မဟာဘုံကထိန် ဆက်ကပ်လှူဒါန်းရန် ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊ နိုဝင်ဘာလ(၈)ရက်။ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း (၁၀)နှစ်မြောက် စုံညီနှစ်ပတ်လည်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးဆပ်ကော်မတီ အစည်းအဝေးနှင့် မဟာဘုံကထိန် ဆက်ကပ်လှူဒါန်းရန် ညှိနှိုင်းအစည်းအဝေးကို (၄.၁၁.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံဝင်းအတွင်းရှိ အသင်း၏ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဥက္ကဌဦးစိုးသိန်းနှင့် ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးနှင့် ကော်မတီအလိုက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ အသင်းဥက္ကဌ ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် မဟာဘုံကထိန်ကို (၂၇.၁၁.၂၀၂၃)ရက်နေ့တွင် ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ပြီး (၁၀)နှစ်မြောက် စုံညီနှစ်ပတ်လည်နေ့ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ အဆိုပါ အခမ်းအနားတို့နှင့်ပတ်သက်သည့် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ်ဆွေးနွေး ပြောကြားပြီးနောက် အတွင်းရေးမှူး ဦးဇော်ဇော်မိုးက […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အေရိုးဗစ်ပြိုင်ပွဲ ကျင်းပပြုလုပ်မည်

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အေရိုးဗစ်ပြိုင်ပွဲ ကျင်းပပြုလုပ်မည် နေပြည်တော်၊ နိုဝင်ဘာ(၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် “၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အေရိုးဗစ်ပြိုင်ပွဲ” အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့မှ (၁၇)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် အမျိုးသမီးအသင်း (၁၄)သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်၍ အားကစားကို စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို (အခမဲ့) လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
ရေကြည်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

ရေကြည်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ ရေကြည်၊ နိုဝင်ဘာ(၈)ရက်။ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ရေကြည်မြို့နယ်အတွင်းရှိ ငပိဆိပ်ကျေးရွာ၊ (အ.ထ.က)ငပိဆိပ်ကျောင်း၌ ၈.၁၁.၂၀၂၃ ရက်နေ့ နံနက်၁၁:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မာရီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေကြည်မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်မိုးစီစီအောင်က “ လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ရေကြည်မြို့နယ် စားသုံးသူရေးရာဦးစီးမှူး ဒေါ်ချယ်ရီမြင့်က “ လူငယ်နှင့် အစားအသောက်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရေကြည်မြို့နယ် အားကစားမှူး ဒေါ်နှင်းနှင်းအေးက “ လူငယ်နှင့်အားကစား” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဦးဝေယံထွန်း(နည်းပြ/နည်းစနစ်မှူး)က အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်းအသီးသီးပြောကြားခဲ့ပြီး အားကစားအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် အားကစားဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် Physical Fitness Dance အကများ၊ Exercise is Medicine “ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” အစီအစဥ်ကို ပျော်ရွှင်စွာစုပေါင်းဆင်နွှဲခဲ့ကြပြီး […]
အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ဘောလုံးသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေး

အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ဘောလုံးသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေး ပူတာအို၊ နိုဝင်ဘာ(၇)ရက်။ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ပူတာအိုမြို့နယ် (အထက-ဒုတ္တန်) ကျောင်းတွင် (၇.၁၁.၂၀၂၃) ရက်နေ့၊ နံနက် (၁၀) နာရီတွင်လည်းကောင်း၊ (၆.၁၁.၂၀၂၃) ရက်နေ့ (အထက-ပူတာအို) ကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကချင်ပြည်နယ် အားကစားကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်သူ၊ မြစ်ကြီးနားခရိုင် လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးနိုင်၊ ပူတာအိုခရိုင်အားကစားမှူး ဒေါ်ခင်မိုးသဲ၊ပူတာအိုမြို့နယ်အားကစားမှူး ဒေါ်အားတာဒွေ့နှင့် ဝန်ထမ်းများ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ ဆရာမများ၊ကျောင်းသား/သူများ တက်ရောက်ခဲ့ပါသည်။ အစီအစဥ်အရ ကျောင်းအုပ်ဆရာကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောခြင်း၊ ညွန်ကြားရေးမှူး ဦးအောင်သူနှင့် လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးနိုင်တို့က အားကစားနှင့်လူငယ်ရေးရာ သိကောင်းစရာများဟောပြောခြင်း၊ ဒေါ်ခင်မိုးသဲနှင့် ဒေါ်အားတာဒွေ့တို့က အားကစားသရုပ်ပြသခြင်းနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ဆက်လက်၍ ပူတာအိုမြို့နယ် […]
၂၀၂၃ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား ရရှိခဲ့သည့် ရှမ်းပြည်နယ်အသင်းအားဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား ရရှိခဲ့သည့် ရှမ်းပြည်နယ်အသင်းအားဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီး၊ နိုဝင်ဘာလ(၈)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်မှ ၂၀၂၃ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သော ရှမ်းပြည်နယ်အမျိုးသားအသင်းနှင့် တတိယဆုရရှိခဲ့သောအမျိုးသမီးအသင်းတို့အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် အားကစားသမားများ ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို (၆.၁၁.၂၀၂၃)ရက်နေ့ ညနေ (၁၈:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်ဝန်ကြီးများ၏ဇနီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး၊ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ အုပ်ချုပ်သူ/နည်းပြများ၊ […]
၂၀၂၃ ခုနှစ်၊ (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ဘားအံ၊ နိုဝင်ဘာလ(၈)ရက်။ ၂၀၂၃ ခုနှစ်၊ (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို (၇.၁၁.၂၀၂၃)ရက်နေ့ ဘားအံမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးမန်းငြိမ်းမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးခွန်စံလွင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးစောမြင့်ဦးနှင့်ဇနီး ၊ ကရင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဒေါ်ခင်ဆွေထွန်း ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် […]
၂၀၂၃ ခုနှစ် မွန်ပြည်နယ် အခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ် မွန်ပြည်နယ် အခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ မော်လမြိုင်၊ နိုဝင်ဘာ ၆။ ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်၊ မွန်ပြည်နယ်အခြေခံပညာဦးစီးဌာနနှင့် မွန်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာ ၆ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ ချုပ်၊ အားကစားဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (သုခဝတီ)တို့ ယှဉ်ပြိုင်ကစားနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည်ရှု့အားပေးသည်။ ထို့နောက်ဆုပေးပွဲကို ဆက်လက်ကျင်းပရာ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသူများ၊ အမျိုးသား၊အမျိုးသမီး ဒုတိယဆုရရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ဝင် […]
၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ တောင်ကြီး၊ နိုဝင်ဘာ ၆။ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုများနှင့်အညီ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား / အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယနေ့ ၆.၁၁.၂၀၂၃ရက်နေ့ မွန်းလွဲ (၁၅:၀၀)နာရီအချိန်တွင် အမျိုးသမီးဗိုလ်လုပွဲ ပွဲစဥ်အဖြစ်လည်းကောင်း ၊ ညနေ ( ၁၆:၀၀ )နာရီအချိန်တွင် အမျိုးသားဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ […]