အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၄ခုနှစ်၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ဥက္ကဌဖလား ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

Loading

၂၀၂၄ခုနှစ်၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ဥက္ကဌဖလား ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ ရန်ကုန်၊ ဇန်နဝါရီလ(၁၉)ရက်။ ၂၀၂၄ခုနှစ်၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ဥက္ကဌဖလား ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်မှ ဒုတိယဥက္ကဌများ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ များ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများတက်ရောက်ခဲ့ကြပါသည်။ ဗိုလ်လုပွဲအဖြစ် အမျိုးသားအလွတ်တန်းဘတ်စကက်ဘောပြိုင်ပွဲတွင် Ba Na အသင်းနှင့် Ne Ko အသင်းတို့ ယှဉ်ပြိုင်ကစားရာ Ba Na အသင်း က ပထမရရှိခဲ့ပါသည်။ ရှေးဦးစွာ ဆုပေးပွဲအခမ်းအနားမစတင်မီ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်မှ ငွေကျပ်(၁၀)သိန်း၊ Fu Xing Brothers Group […]

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ပဲခူး၊ ဇန်နဝါရီလ(၂၀)ရက်။ ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ဘောလုံးအားကစားကွင်း၌ ဇန်နဝါရီလ(၂၀)ရက်နေ့ (၁၅:၃၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးအောင်ဝင်းဦးမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသစ္စာဓိဌာန်(၄)ချက်ရွတ်ဆို၍ ကွင်းအတွင်းမှပြန်လည်ထွက်ခွာသွားကြပြီး သယံဇာတရေးရာဝန်ကြီးဦးတင်သိန်းက အထက(၃)ကိုယ်စားပြုဘင်ခရာတပ်ဖွဲ့နှင့်ပန်းပွားအကအဖွဲ့တို့အား ချီးမြှင့်ငွေကျပ်(၃)သိန်း အား ချီးမြှင့်ပေးအပ်ပြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင်ပြည်သူများက နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြသည်ကို ကြည့်ရှု့အားပေးခဲ့ကြရာ သာယာဝတီခရိုင်မှ နတ်တလင်းခရိုင်အား နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။ ၂၀၂၄ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၆)ခရိုင်မှ ဘောလုံးအသင်း(၆)သင်းပါဝင်ပြီး အုပ်စု(၂)အုပ်စုခွဲ၍ ဇန်နဝါရီလ(၂၀) […]

Recurve မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

Recurve မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၂၀)။ မြားပစ်အားကစားနည်းဖြင့် ရွှေတံဆိပ်ဆုများ ရယူပေးနိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရန် ရည်ရွယ်၍ နေပြည်တော် လူငယ်အားကစားလေ့ကျင့်ရေးစခန်းနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်၊ မန္တလေး) ကျောင်းတို့မှ မြားပစ်အားကစားသမားများ၏ ၂၀၂၄ ခုနှစ်၊ လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲများနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့သည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် Recurve (အမျိုးသား/အမျိုးသမီး) တစ်ဦးချင်းပြိုင်ပွဲနှင့် (Mixed Team) များ၏ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ပစ်ခတ်ခဲ့သည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ Recurve (အမျိုးသမီး) ရှုံးထွက်ပြိုင်ပွဲတွင် ပထမ ချိုချိုဇင် (Youth Camp)၊ […]

ရေကြည်မြို့နယ်တွင် “ လူငယ်စကာဝိုင်း” နှင့် “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” အခမ်းအနားကျင်းပ

Loading

ရေကြည်မြို့နယ်တွင် “ လူငယ်စကာဝိုင်း” နှင့် “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” အခမ်းအနားကျင်းပ ရေကြည်၊ ဇန်နဝါရီ (၁၉)။ လူငယ်ရေးရာဟောပြောပွဲအခမ်းအနားကို ရေကြည်မြို့နယ်အတွင်းရှိ (အ.ထ.က) ငါးသိုင်းချောင်းတွင် နံနက် (၁၀:၀၀) အချိန်နှင့် (အ.ထ.က) မြို့မကျောင်း၌ မွန်းလွဲ (၁:၀၀) အချိန်တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူးဦးရဲထက်အောင်နှင့် ရေကြည်မြို့နယ်ပညာရေးမှူးဆရာကြီး ဦးကျော်နိုင်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ငါးသိုင်းချောင်းမြို့ ပြန်/ဆက်ဦးစီးမှူးဒေါ်ဇာဇာလှိုင်၊ ရေကြည်မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်မိုးစီစီအောင်က “ လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရေကြည်မြို့နယ် အားကစားမှူး ဒေါ်နှင်းနှင်းက “ လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးဟောပြောဆွေးနွေးခဲ့ပြီး Grade-9 တွင်ပညာသင်ကြားနေသော မမဒီပုံ့ပုံ့ချိုက “ လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 တွင်ပညာသင်ကြားနေသော မောင်စိုးခန့်ဇော်က “ လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ […]

မြားပစ်အားကစားသမားများအား လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲကျင်းပ

Loading

မြားပစ်အားကစားသမားများအား လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၁၉)။ မြားပစ်အားကစားနည်းဖြင့် ရွှေတံဆိပ်ဆုများ ရယူပေးနိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရန် ရည်ရွယ်၍ နေပြည်တော် လူငယ်အားကစားလေ့ကျင့်ရေးစခန်းနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်၊မန္တလေး)ကျောင်းတို့မှ မြားပစ်အားကစားသမားများ၏ ၂၀၂၄ ခုနှစ်၊ လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ ယနေ့လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် Recurve(အမျိုးသား/အမျိုးသမီး) မြား(၃၆)ချောင်း(၂)ကြိမ် စုစုပေါင်း မြား(၇၂)ချောင်း အဆင့်သတ်မှတ်ခြင်းပြိုင်ပွဲအား ပစ်ခတ်ခဲ့ကြပြီးနောက် ညနေပိုင်းတွင် တစ်ဦးချင်း ရှုံး/ထွက် ပြိုင်ပွဲနှင့် Mixed Team ရှုံး/ထွက် ပွဲစဉ်များ၏ ကွာတားဖိုင်နယ် ပွဲစဉ်များနှင့်အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ပစ်ခတ်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ(၂၀)ရက်နေ့၊ နံနက်(၉)နာရီခွဲတွင် Recurve(အမျိုးသား/အမျိုးသမီး) တစ်ဦးချင်းပြိုင်ပွဲနှင့် Mixed Team ပြိုင်ပွဲများ၏ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ပစ်ခတ် သွားမည်ဖြစ်သည်။ […]

ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်များအား ၂၀၂၃ ခုနှစ်အတွက် တစ်နှစ်တာအတွင်း အားကစားလှုပ်ရှားဆောင်ရွက်မှု ဆုများပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်များအား ၂၀၂၃ ခုနှစ်အတွက် တစ်နှစ်တာအတွင်း အားကစားလှုပ်ရှားဆောင်ရွက်မှု ဆုများပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ ဇန်နဝါရီ ၁၉။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်/မျှော်မှန်းချက်ဖြင့်ချမှတ်ထားသော စံနှုန်းများအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့်ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်များအား ၂၀၂၃ ခုနှစ်အတွက် တစ်နှစ်တာအတွင်း အားကစားလှုပ်ရှားဆောင်ရွက်မှု ဆုများပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ (၁၅:၃၀)နာရီအချိန်တွင် ပြည်နယ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ဒုတိယကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်းဇော် ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ လက်ထောက်ညွှန်ကြားရေးမှူးများ ၊ မြို့နယ်အားကစားမှူးများ နှင့် မြို့နယ်တာဝန်ခံများက တက်ရောက်ခဲ့ကြပါသည်။ […]

ရေကြည်မြို့နယ်အတွင်းရှိ (အ.ထ.က)မြို့မ၌ “ လူငယ်စကားဝိုင်း” အခမ်းအနားကျင်းပ

Loading

ရေကြည်မြို့နယ်အတွင်းရှိ (အ.ထ.က)မြို့မ၌ “ လူငယ်စကားဝိုင်း” အခမ်းအနားကျင်းပ “ လူငယ်စကားဝိုင်း” အခမ်းအနားကို ရေကြည်မြို့နယ်အတွင်းရှိ (အ.ထ.က)မြို့မ၌ ယနေ့မွန်းလွဲ(၉:၃၀)နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။ မြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဌ(ကစ)မြို့နယ်ပညာရေးမှုးဆရာကြီး ဦးကျော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး လူငယ်စကားဝိုင်းကိုစတင်ခဲ့ရာ ရေကြည်မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်မိုးစီစီအောင်နှင့်ရေကြည်မြို့နယ်လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဒေါ်နှင်းနှင်းအေးတို့က ဦးဆောင်ဆွေးနွေးကြပြီး G-10 တွင် ပညာသင်ကြားနေသောမချိုနှင်းသဇင်ကျော်က “ လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ G-10 တွင် ပညာသင်ကြားနေသော မခိုင်ဝေဇင်ဦးက “ လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ G-8တွင်ပညာသင်ကြားနေသော မောင်ဟိန်းထက်ဇော်က “ လူငယ်နှင့်မူးယစ်ဆေး” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ G-10တွင် ပညာသင်ကြားနေသော မောင်နေဖုန်းဝေက “ လူငယ်နှင့်အားကစား” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ G-12တွင် ပညာသင်ကြားနေသော မောင်ထူးသစ်နိုင်က “ လူငယ်နှင့်စာရိတ္တ” ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။ ထို့နောက်အခမ်းအနားတက်ရောက်လာသူများမှ သိရှိလိုသည်များ […]

“မြန်မာလူငယ်များရဲ့ အခန်းကဏ္ဍကို အားပေးမြှင့်တင်လို့ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးဖော်ဆောင်ကြပါစို့” အလုပ်ရုံဆွေးနွေးပွဲ၏ Sideline အခမ်းအနားပွဲကို Virtual စနစ်ဖြင့် ကျင်းပ

Loading

“မြန်မာလူငယ်များရဲ့ အခန်းကဏ္ဍကို အားပေးမြှင့်တင်လို့ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးဖော်ဆောင်ကြပါစို့” အလုပ်ရုံဆွေးနွေးပွဲ၏ Sideline အခမ်းအနားပွဲကို Virtual စနစ်ဖြင့် ကျင်းပ နေပြည်တော်၊ ဇန်နဝါရီ (၁၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကကြီးမှူး၍ လူငယ်ရေးရာဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သည့် “မြန်မာလူငယ်များရဲ့ အခန်းကဏ္ဍကို အားပေးမြှင့်တင်လို့ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးဖော်ဆောင်ကြပါစို့ ” အလုပ်ရုံဆွေးနွေးပွဲ၏ Sideline အစီအစဉ်ဖြစ်သည့် (ASEAN Talk Watchparty and Feedback Session)ကို ယနေ့နံနက်(၀၉:၃၀) အချိန်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ပညာရေး၊ လူငယ်နှင့်အားကစားဌာနခွဲမှ တာဝန်ရှိသူများ၊ အာဆီယံလူငယ်ဆိုင်ရာအဖွဲ့(AYO)၊ အာဆီယံလူငယ်ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ (AYF)နှင့် အာဆီယံလူငယ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(CAYC)တို့မှ ကိုယ်စားလှယ်များနှင့် မြန်မာလူငယ်ကိုယ်စားလှယ် စုစုပေါင်း (၅၀)ဦးတို့ […]

တောင်ကြီးမြို့၊ အ.ထ.က(၉)၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

Loading

တောင်ကြီးမြို့၊ အ.ထ.က(၉)၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို (၁၇.၁.၂၀၂၄)ရက်နေ့ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးစိုးထက်လင်းနှင့် ဝူရှူးအားကစားနည်းသရုပ်ပြအဖွဲ့တို့တက်ရောက်ခဲ့ကြပြီး လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန် ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းခန်းမအတွင်း၌ ကျောင်းသား/ကျောင်းသူ (၂၀၀)ဦးတို့မှတက်ရောက်ခဲ့ကြပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးက ” လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး “ ခေါင်းစဥ်ဖြင့်လည်းကောင်း ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးစိုးထက်လင်းက ” ဝူရှူးအားကစားအကြောင်းသိကောင်းစရာ “ ခေါင်းစဥ်ဖြင့် လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး ဝူရှူးအားကစားနည်းသရုပ်ပြအဖွဲ့မှ သရုပ်ပြသခဲ့ကာ အဆိုပါသရုပ်ပြပွဲအား ကျောင်းသား/ ကျောင်းသူ (၃၀၀)ဦးမှ တက်ရောက်ကြည့်ရှုကြပြီးဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးက […]

၂၀၂၄ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား

Loading

၂၀၂၄ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တောင်ကြီး၊ ဇန်နဝါရီလ(၁၇)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား (၁၇.၁.၂၀၂၄)ရက်နေ့ ညနေ (၁၅:၃၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ ပြည်နယ်အားကစားကွင်း၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး နှင့် […]