အားကစားရေးရာဝန်ကြီးဌာန

အောင်ပွဲရမြန်မာ့လက်ရွေးစင် ခရစ်ကက် အမျိုးသမီးအသင်းသည် စင်ကာပူပြိုင်ပွဲတွင် ပထမနှင့် တရုတ်ပြိုင်ပွဲတွင် တတိယဆုရရှိပြီး ပြန်လည်ရောက်ရှိ

Loading

အောင်ပွဲရမြန်မာ့လက်ရွေးစင် ခရစ်ကက် အမျိုးသမီးအသင်းသည် စင်ကာပူပြိုင်ပွဲတွင် ပထမ နှင့် တရုတ်ပြိုင်ပွဲတွင် တတိယဆုရရှိပြီး ပြန်လည်ရောက်ရှိ ရန်ကုန် ၊ နိုဝင်ဘာ ၁၁ရက် စင်္ကာပူနိုင်ငံတွင် အောက်တိုဘာ ၂၀ရက်နေ့မှ ၃၀ရက်နေ့အထိ ကျင်းပခဲ့သည် MERLION TROPHY SINGAPORE WOMEN’S CRICKET CHAMPIONSHIPS 2024 နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ HANGZHOU မြို့တွင် အောက်တိုဘာ ၃၁ရက်မှနိုဝင်ဘာ ၁၀ရက် နေ့အထိ ကျင်းပခဲ့သည့် BELT AND ROAD WOMEN’S T201 IN HANGZHOU 2024 ပြိုင်ပွဲတွင် ပထမဆုဖလားနှင့်အတူ တတိယဆုရရှိခဲ့သည်။ အောက်တိုဘာ၂၀ရက်နေ့ မှ ၃၀ရက်နေ့ အထိ စင်္ကာပူနိုင်ငံတွင်အိမ်ရှင်စင်္ကာပူနိုင်ငံအသင်း ၊ မြန်မာနိုင်ငံအသင်း ၊ ကူဝိတ်နိုင်ငံအသင်း တို့သည် […]

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်း ညီညွတ်ရေးအစီစဉ်ဖြင့် ဖွင့်လှစ်သည့် ရေကူးနည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

Loading

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်း ညီညွတ်ရေးအစီစဉ်ဖြင့် ဖွင့်လှစ်သည့် ရေကူးနည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ နေပြည်တော် ၊ နိုဝင်ဘာ၁၁ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်း ညီညွတ်ရေးအစီစဉ်ဖြင့် ဖွင့်လှစ်သည့် ရေကူး နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေး စခန်း Gold Camp ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးလုပ်ငန်းများကို ရေတိုရေရှည်စီမံချက်များချမှတ်ပြီး ဆောင်ရွက်အကောင်အထည်ဖော်ရာ၌ ပထမခြေလှမ်းအဖြစ် အရှေ့တောင်အာရှနိုင်ငံများအလယ်တွင် အနိုင်ရရှိရေးအတွက်ဦးစွာကြိုးပမ်းသွားကြရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် အာရှနိုင်ငံများအတွင်း အောင်မြင်မှုများရရှိရေးနှင့် ကမ္ဘာ့နိုင်ငံများအလယ်တွင် အောင်မြင်မှုများ ဆက်လက်ရရှိစေရေးအတွက် အဆင့်ဆင့်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရေကူးအားကစားနည်းသည် အိုလံပစ် အားကစားနည်းဖြစ်သည့်အပြင် ဆုတံဆိပ်များစွာ မျှော်မှန်းနိုင်သည့်အားကစားနည်းဖြစ်သည့်အတွက် ရေကူးအားကစားနည်းပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရေကူးအားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် […]

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ နိုဝင်ဘာလ(၈)ရက်။ ၂၀၂၄ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေ(၁၇:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ ၊ ဆုရအားကစားသမားများနှင့် အုပ်ချုပ်သူ / နည်းပြများ နှင့် အားကစားဝါသနာရှင်မိဘပြည်သူများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ရှေးဦးစွာ ဆုချီးမြှင့်ခြင်းအခမ်းအနားမစတင်မီ ရှမ်းပြည်နယ်တရားလွှတ်တော် […]

(၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်မြန်မာမှရဲထွန်း‌နောင် ပထမ(ရွှေတံဆိပ်) ဆွတ်ခူးရရှိ

Loading

(၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်မြန်မာမှရဲထွန်း‌နောင် ပထမ(ရွှေတံဆိပ်) ဆွတ်ခူးရရှိ ရန်ကုန် ၊ နိုဝင်ဘာ ၁၀ရက် မော်ဒိုက်နိုင်ငံ ၊ Addu City Canareey Resortမြို့၌ နိုဝင်ဘာ ၆ ရက်မှ ၁၁ရက်အထိ ကျင်းပ‌‌နေသော (၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစား (15th World Bodybuilding Physique Sport Championships )ပြိုင်ပွဲကို နို၀င်ဘာ ၉ရက်က ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားသမား ရဲထွန်းနောင် ပထမ‌(ရွှေတံဆိပ်)ဆုရရှိခဲ့‌သည်။ အဆိုပါပြိုင်ပွဲတွင် ၇၅ ကီလိုတန်းမှ နိုင်ငံ‌ပေါင်း (၆)နိုင်ငံ ၀င်‌ရောက်ယှဉ်ပြိုင်ခဲ့ရာမြန်မာနိုင်ငံ မှ ရဲထွန်း‌နောင်က ပထမ(ရွှေတံဆိပ်) ၊ ဗီယက်နမ်နိုင်ငံ မှ ဒုတိယ(ငွေတံဆိပ်) နှင့် အိန္ဒိယနိုင်ငံမှ တတိယ(ကြေးတံဆိပ်)ဆုတို့ ရရှိခဲ့သည်။ ရဲထွန်း‌နောင်သည် ၇၅ ကီလိုတန်းတွင် […]

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးမင်းသိန်းဇံ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများ ကြိုတင်ပြင်ဆင်နေမှု ကြည့်ရှုအားပေး

Loading

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးမင်းသိန်းဇံ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများ ကြိုတင်ပြင်ဆင်နေမှု ကြည့်ရှုအားပေး နေပြည်တော်၊ နိုဝင်ဘာလ(၈)ရက်။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် အကအလှများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ဆင်နွှဲဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးကြသည်။ ဦးစွာ “လှပချစ်စရာ တို့ရွှေမြန်မာ” တေးသီချင်းနှင့်အတူ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသူ ၃၂၀ ၏ အကအလှများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဇာတ်တိုက်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မှာကြားရာတွင် အမျိုးသားအားကစားပွဲတော် ကျင်းပရန် အချိန်အားဖြင့် တစ်လခန့်သာကျန်ရှိတော့ကြောင်း၊ ကျောင်းသူများ၏ အကအလှများသည် အားကစားပွဲတော် […]

မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

Loading

မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ နိုဝင်ဘာလ(၇)ရက်။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၏ Website နှင့် Mobile application သင်တန်းသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ကိုယ်စားလှယ်(၄)ဦးတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း၊ မြန်မာ့အားကစား မော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ ပုံတူရုပ်တုများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ရရှိခဲ့ကြသူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲ မှတ်တမ်းဓာတ်ပုံများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ၊ အားကစားရွာနှင့် Social Zone ဖွင့်ပွဲမှတ်တမ်း ဓာတ်ပုံများပြခန်းနှင့် အားကစားပြတိုက် (စိတ်ဓာတ်မြှင့်တင်ရေး ခန်းမ)တို့ကို လာရောက်ကြည့်ရှုလေ့လာခဲ့ပြီး […]

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ နိုဝင်ဘာလ(၇)ရက်။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့်နေရာများအား ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများနှင့် ဒိုင်/ဂျူရီများတည်းခိုနေထိုင်မည့် အိပ်ဆောင်များ ပြုပြင်မွမ်းမံ ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲများ တက်ရောက်ကြည့်ရှုအားပေးမည့် နေရာထိုင်ခင်းများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အားကစားပွဲတော်ကာလအတွင်း လျှပ်စစ်မီးများ မပြတ်တောက်စေရေးအတွက် အရန်မီးစက်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အားကစားလေ့ကျင့်ရေးစခန်း (Gold […]

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် အသင်းလိုက်အားကစားနည်းများအတွက် ပွဲစဉ်ဇယားကြိုတင်ရေးဆွဲနိုင်ရေး အစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် အသင်းလိုက်အားကစားနည်းများအတွက် ပွဲစဉ်ဇယားကြိုတင်ရေးဆွဲနိုင်ရေး အစည်းအဝေးကျင်းပ နေပြည်တော်၊ နိုဝင်ဘာ ၆ ။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ၂၃ နည်းမှ အသင်းလိုက်အားကစားနည်းများဖြစ်သည့် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ဘက်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ရိုးရာခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ တင်းနစ်နှင့် ခရစ်ကက် အားကစားနည်း ၁၀ နည်းနှင့်ပတ်သက်၍ ပြိုင်ပွဲ ပွဲစဉ်ဇယား ကြိုတင်ရေးဆွဲနိုင်ရေးအတွက် အုပ်စုမဲနှိုက်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး […]

မသန်စွမ်းသူများအတွက် ဖွင့်လှစ်ခဲ့သည့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေး သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းအခမ်းအနား

Loading

မသန်စွမ်းသူများအတွက် ဖွင့်လှစ်ခဲ့သည့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေး သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းအခမ်းအနား နေပြည်တော်၊ နိုဝင်ဘာ ၁ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ မသန်စွမ်းသူများအတွက် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းကို ၂၉-၁၀-၂၀၂၄ ရက်နေ့မှ ၁-၁၁-၂၀၂၄ ရက်နေ့အထိ လယ်ဝေးမြို့၊ Training Center 2 တွင် ဖွင့်လှစ်ခဲ့ရာ လယ်ဝေးခရိုင်အတွင်းရှိ မသန်စွမ်းသင်တန်းသား/သူ ၃၂ ဦး တက်ရောက်ခဲ့ပါ သည်။ သင်တန်းတွင် စားသောက်ကုန်များအနေဖြင့် ရှောက်ယို၊ သင်္ဘောသီးယို၊ ခရမ်းချဉ်သီးယို၊ ကျောက်ဖရုံယို အပါအဝင် ယိုမျိုးစုံပြုလုပ်နည်းနှင့် ဇီးဖျော်ရည်၊ ရှောက်သီး ဖျော်ရည်၊ မကျည်းသီးဖျော်ရည်နှင့် သံပုရာရည်အဆီပြုလုပ်နည်းတို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ပါသည်။ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းအခမ်းအနားကို ၁-၁၁-၂၀၂၄ ရက်နေ့၊ ညနေ (၀၄:၀၀)နာရီအချိန်တွင် Training Center – 2 ၌ ကျင်းပပြုလုပ်ခဲ့ရာ လူငယ်ရေးရာဦးစီးဌာနမှ […]

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၏ Website နှင့် Mobile Application တို့တွင် ဖော်ပြမည့်အချက်အလက်များအား ထည့်သွင်းနိုင်ရေးသင်တန်းပို့ချ

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၏ Website နှင့် Mobile Application တို့တွင် ဖော်ပြမည့်အချက်အလက်များအား ထည့်သွင်းနိုင်ရေးသင်တန်းပို့ချ နေပြည်တော်၊ နိုဝင်ဘာ ၄။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၏ Website နှင့် Mobile Application တို့တွင် ဖော်ပြမည့်အချက်အလက်များအား ထည့်သွင်းနိုင်ရေးနှင့်စပ်လျဉ်း၍ သင်တန်းပို့ချခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာဆိုင်ရာ အထောက်အကူပြုအဖွဲ့(ICT)မှ တာဝန်ရှိသူများက ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အထောက်အကူပြုရုံးအဖွဲ့မှ Data Collection Team (DCT) အဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအားကစားအဖွဲ့ချုပ်မှ ဘောလုံးတာဝန်ခံများနှင့် ဖူဆယ်တာဝန်ခံ ကိုယ်စားလှယ်များကို ၎င်း Website နှင့် […]