အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၄ ခုနှစ် ၊ နွေရာသီအဆင့်မြင့် မြန်မာ့သိုင်းအားကစားသင်တန်း အမျိုးသား/အမျိုးသမီး ခါးစည်းဖြေဆိုပေးအပ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ် ၊ နွေရာသီအဆင့်မြင့် မြန်မာ့သိုင်းအားကစားသင်တန်း အမျိုးသား/အမျိုးသမီး ခါးစည်းဖြေဆိုပေးအပ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ မေလ(၂၂)ရက်။ မြန်မာ့သိုင်းအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်ရွက်ပုန်းသီးအားကစားသမားများပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်သိုင်းဆပ်ကော်မတီတို့မှ ပူးပေါင်းကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် ၊ နွေရာသီအဆင့်မြင့် မြန်မာ့သိုင်းအားကစားသင်တန်း အမျိုးသား/အမျိုးသမီး ခါးစည်းဖြေဆိုပေးအပ်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယနေ့ နံနက် (၀၈:၀၀)နာရီအချိန်က စတင်ကျင်းပပြုလုပ်လျက်ရှိရာ ညနေ (၁၆:၀၀)နာရီအချိန်တွင် ခါးစည်းပေးအပ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး ၊ တောင်ကြီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးဆူးညီညီသိန်းဝင်း ၊ ပြည်နယ်သိုင်းဆပ်ကော်မတီမှ တာဝန်ရှိသူများ နှင့် မြန်မာ့သိုင်းအားကစားဝါသနာရှင် မိဘပြည်သူများ ၊ ဗန်တိုအတိုက် အားကစားသမား ကျား […]

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ မေ(၂၂)။ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်းရှိ Cluster-7 (စားရိပ်သာ)၌ ကျင်းပခဲ့သည်။ အစီအစဉ်ရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာပိုက်ကျော်ခြင်း အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ပိုက်ကျော်ခြင်းအားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ် ပိုက်ကျော်ခြင်းအားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက်ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်း ဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ပိုက်ကျော်ခြင်းအားကစားနည်းသည် လူကြိုက်များသည့်အားကစားနည်း တစ်ခုဖြစ်သည့်အပြင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အာရှအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများ ရယူပေးလျက်ရှိသည့် အားကစားနည်းတစ်ခုဖြစ်ကြောင်း၊ အချိန်ရာသီမရွေးကုန်ကျစရိတ် သက်သက်သာသာဖြင့် လွယ်လွယ်ကူကူကစားနိုင်သည့် အားကစားနည်းတစ်ခုဖြစ်သည့်အတွက် […]

ရပ်စောက်မြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ

Loading

ရပ်စောက်မြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ ရပ်စောက်၊ မေလ ၂၀ ရက်။ ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို မေလ ၂၀ ၊ နံနက်(၁၀:၀၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ Community Center ခန်းမ၌ ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ လူငယ်စကားဝိုင်းဖွင့်ပွဲကို ဒုတိယမြို့နယ်ပညာရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့ပါသည်။ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးမြတ်သူ၊ မြို့နယ်ပညာရေးမှူး ရုံးမှ ဒုဦးစီး(ကာယ) ဒေါ်အမာကြူတို့က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အ−ထ−က(ဗထူး) ကျောင်း Grade−12၊ Grade−11၊ Grade−10 […]

အောင်ပွဲရနိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ကာယဗလအားကစားအဖွဲ့ အား ပြည်သူများသောင်းသောင်းဖျဖျကြိုဆို

Loading

အောင်ပွဲရနိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ကာယဗလအားကစားအဖွဲ့အား ပြည်သူများသောင်းသောင်းဖျဖျကြိုဆို ရန်ကုန် ၊ မေ (၂၀) ရက် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ မေ ၁၆ ရက်နေ့မှ၂၀ ရက်နေ့အထိကျင်းပခဲ့သည့် (၁၈)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံခိုင်မှုအားကစားပြိုင်ပွဲ( 18 th South East Asian Bodybuilding And Physique Sports Championship 2024) ပြိုင်ပွဲသို့ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဌ (ဒုတိယမြို့တော်ဝန်)ဦးညီညီ ဦးဆောင်‌သောမြန်မာ့ကာယဗလအားကစားအဖွဲ့သည် ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ်သုံးခု ဆွတ်ခူးရရှိခဲ့ပြီး ယနေ့ ညတွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ရောက်ရှိလာ ကြသည်။ အဆိုပါ အောင်ပွဲရနိုင်ငံ့ဂုဏ်ဆောင်မြန်မာ့ကာယဗလအားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီနာယကတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး(မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှုးဦးညွန့်ဖေနှင့်ကော်မတီဝင်များ ၊ တာဝန်ရှိသူများ ဌာနဆိုင်ရာတာဝန်ရှိသူများ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး […]

အရှေ့တောင်အာရှဂျူနီယာချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲသို့မြန်မာအားကစားအဖွဲ့ထွက်ခွာ

Loading

အရှေ့တောင်အာရှဂျူနီယာချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲသို့မြန်မာအားကစားအဖွဲ့ထွက်ခွာ ရန်ကုန်၊ မေ(၂၀ )ရက်။ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌‌ မေ(၂၂)ရက်မှ(၂၆)ရက်အထိကျင်းပမည့်အရှေ့တောင်အာရှဂျူနီယာချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲ၂၀၂၄ (Badminton Asia South East(U-17&U-15)Mixed Team&Individual Event 2024)ပြိုင်ပွဲသို့ဝင်‌ရောက်ယှဉ်ပြိုင်မည့် ကြက်တောင်အားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းက ထွက်ခွာသွားရာ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဌဦးအောင်ပိုင်၊ တွဲဖက်အတွင်းရေးမှူးနှင့် အားကစားသမားများ၏‌ မိဘ‌ဆွေမျိုးများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါမြန်မာကြက်တောင်အားကစားအဖွဲ့တွင်အုပ်ချုပ်သူအောင်ခိုင်ထွေး၊နည်းပြ‌ ဒေါ်တွယ်တာဦး၊အားကစားသမားရှစ်ဦးတို့ ၀င်‌ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်‌ကြောင်းသိရသည်။ ယင်းပြိုင်ပွဲတွင်အိမ်ရှင်လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဘရူနိုင်း၊ အရှေ့တီမောနိုင်ငံတို့ပါ၀င်မည်ဖြစ်‌ကြောင်းသိရသည်။

၂၀၂၄ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်းအခမ်းအနားကျင်းပ

Loading

၂၀၂၄ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်းအခမ်းအနားကျင်းပ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်လက်ရွေးစင် အမျိုးသား/အမျိုးသမီး အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်းအနားကို (၂၀.၅.၂၀၂၄)ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) […]

နွေရာသီဖိတ်ခေါ် (အမျိုးသား၊အမျိုးသမီး) ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆု‌ပေးပွဲကျင်းပ

Loading

နွေရာသီဖိတ်ခေါ် (အမျိုးသား၊အမျိုးသမီး) ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆု‌ပေးပွဲကျင်းပ ရန်ကုန် ၊ မေ ၁၉။ အားကစားနှင့်လူငယ်‌ရေးရာ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော၂၀၂၄ခုနှစ်နွေရာသီဖိတ်ခေါ် အမျိုးသား၊အမျိုးသမီး 5 ×5(အလွတ်တန်း)၊ 3×3(U-20)ဘတ်စကက်ဘောပြိုင်ပွဲများကိုယ‌နေ့မွန်းလွဲပိုင်းကရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သု၀ဏ္ဏ၌ကျင်းပသည်။ ဗိုလ်လုပွဲပြိုင်ပွဲ၌ အမျိုးသား5 ×5(အလွတ်တန်း)တွင် ko box myanmar အသင်းနှင့် လားရှိုးအသင်းတို့အကြိတ်အနယ်ယှဥ်ပြိုင်ကစားကြရာ ko box myanmar အသင်းက လားရှိုးအသင်းကို ၈၇မှတ်၊ ၅၀မှတ်ဖြင့်အနိုင်ရရှိသွားသည်။ ပြိုင်ပွဲများအပြီးဆုပေးပွဲကိုကျင်းပရာ အမျိုးသမီး၊ အမျိုးသား3×3(U-20)ပြိုင်ပွဲ၊ အမျိုးသား 5 ×5(အလွတ်တန်း)၊ အမျိုးသမီး5 ×5 ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြ‌သောအသင်းများအား ရန်ကုန်တိုင်း‌ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြား‌ရေးမှူး၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ တာ၀န်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်နှင့်‌ ငွေသားဆုများချီးမြှင့်ကြသည်။ ထို့‌နောက် အမျိုးသမီး၊ အမျိုးသားအ‌ကောင်းဆုံးဆုအားကစားသမားများအား မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်အတွင်းရေးမှူးကလည်း‌ကောင်း၊ အမျိုးသား5 ×5(အလွတ်တန်း) […]

၂၀၂၄ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် အောင်ပွဲရအားကစားသမားများအား ကြိုဆိုဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် အောင်ပွဲရအားကစားသမားများအား ကြိုဆိုဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ မေလ(၁၇)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်မှ ၂၀၂၄ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် (၃)နှစ်ဆက်တိုက်ချန်ပီယံဆုဖလားရရှိခဲ့သော ရှမ်းပြည်နယ်အမျိုးသားအသင်းနှင့် (၂)နှစ်ဆက်တိုက် တတိယဆုရရှိခဲ့သောအမျိုးသမီးအသင်းတို့အား ကြိုဆိုဂုဏ်ပြုခြင်း ၊ဂုဏ်ပြုချီးမြှင့်ငွေနှင့် အားကစားသမားများ ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို (၁၇.၅.၂၀၂၄)ရက်နေ့ ညနေ (၁၇:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်ဝန်ကြီးများ၏ဇနီးများ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့များ ၊ […]

လူငယ်စကားဝိုင်းနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

Loading

လူငယ်စကားဝိုင်းနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ တောင်ကြီးမြို့၊ မေလ(၁၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကြီးကြပ်လမ်းညွှန်မှုများနှင့်အတူ တောင်ကြီးခရိုင်လူငယ်ရေးရာကော်မတီ ၊ သားဖွားသင်တန်းကျောင်းတို့ပူးပေါင်းကျင်းပပြုလုပ်သည့် “ လူငယ်စကားဝိုင်း” နှင့် “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” အခမ်းအနားကို ၁၇.၅.၂၀၂၄ ရက်နေ့ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် ပြည်နယ်သားဖွားသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာအဆိုပါအခမ်းအနားသို့ ခရိုင်လူငယ်ရေးရာကော်မတီဥက္ကဌ ဦးတင့်လှိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ အောင်အောင်မျိုး၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးဆန်း ၊ ပြည်နယ်သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်ခမ်း ၊ တောင်ကြီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်း ၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား/သင်တန်းသူ (၁၆၈)ဦးတို့ကတက်ရောက်ခဲ့ကြပြီး လူငယ်များအထွေထွေဗဟုသုတနှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်အတွက် “ လူငယ်စကားဝိုင်း” ကို ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ တောင်ကြီးခရိုင်လူငယ်ရေးရာကော်မတီဥက္ကဌက […]

အားကစားနည်းပြမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

Loading

အားကစားနည်းပြမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ မေ(၁၇)။ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွန်းလာစေရေးနှင့် အားကစားသမားများအား နည်းစနစ်မှန်ကန်စွာ လေ့ကျင့်သင်ကြားပေးနိုင်စေရေးတို့ကို ရည်ရွယ်၍ အားကစားနည်းပြမွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီခွဲတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။ အစီအစဉ်အရ ဒုတိယဝန်ကြီး ဦးထိန်လင်းက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် နည်းပြများ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် အားကစားနည်းပြမွမ်းမံသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဖွင့်လှစ်ပေးခြင်းဖြင့် အရည်အချင်းပြည့်မီသော နည်းပြဆရာကောင်းများကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှလည်း အရည်အချင်းရှိသည့်နည်းပြများကို မြေတောင်မြှောက်ပေးလျက်ရှိပါကြောင်း၊ နည်းပြများအနေဖြင့်လည်း မိမိတို့၏အရည်အချင်းများ […]