အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း အရှေ့၊ အရှေ့တောင်နှင့်တောင်အာရှနိုင်ငံများရှိ အမျိုးသားအိုလံပစ်ကော်မတီများ တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်ရန်ပြည်ပထွက်ခွာ
ရန်ကုန်၊ မတ်လ (၃၁)ရက်
၂၀၂၅ခုနှစ်၊ ဧပြီလ (၂)ရက်နေ့မှ (၃)ရက်နေ့အထိ ဘူတန်နိုင်ငံတွင်ကျင်းပမည့် အရှေ့၊ အရှေ့တောင်နှင့် တောင်အာရှနိုင်ငံများရှိ အမျိုးသားအိုလံပစ်ကော်မတီများ တွေ့ဆုံဆွေးနွေးပွဲ (OS/OCA Regional forum for East , Southeast & South Asian NOCs )သို့ တက်ရောက် ရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုး တို့သည် ယနေ့ ညနေ (၁၈ :၀၀)နာရီ အချိန်၌ လေယာဉ်အမှတ် (8M- 350)ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ရန်ကုန်တိုင်းဒေသကြီးအားကစာနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း နှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသိရှိရသည်။


