အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဒဏ်သင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ မတ် ၃၀။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် သည် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ညနေပိုင်းတွင် ၂၈-၃-၂၀၂၅ ရက်နေ့၌ လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးယိုယွင်းသွားသော နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ပိတောက်အိမ်ရာရှိ တိုက်အမှတ်- ၈၂၁ နှင့် ၈၂၂ တို့အားလည်းကောင်း၊ ဉာဏသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ်- ၃၃၉၉ အားလည်းကောင်း၊ ဘူးကွဲအိမ်ရာရှိ တိုက်အမှတ်- ၅၃၅၀ နှင့် ၅၃၅၁ တို့အပြင် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ အားကစားသမားများ၏ နေထိုင်စားသောက်မှုအဆင်ပြေစေရေး၊ သောက်ရေနှင့် သုံးရေရရှိစေရေးတို့အတွက် ဆက်လက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။




