အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဒဏ်သင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစားသမားများအတွက် သုံးရေဖြန့်ဝေပေးနေမှုများအား လိုက်လံကြည့်ရှု

နေပြည်တော်၊ ဧပြီ ၂ ။

နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ စခန်းဝင်နေထိုင်လျက်ရှိသည့် ငလျင်ဒဏ်သင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစားသမားများ သုံးရေ အဆင်ပြေစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရေဂါလံ ၁၂၀၀ ဆံ့ ကားများဖြင့် သယ်ဆောင်၍ Cluster များအလိုက် ရေပေးဝေနေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများလိုက်ပါလျက် လိုက်လံကြည့်ရှုခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Cluster-10 တွင် စခန်းဝင်နေထိုင်လျက်ရှိသည့် အားကစားသမားအိပ်ဆောင်များအားလည်းကောင်း၊ Cluster-6 တွင် ယာယီနေထိုင်လျက်ရှိသည့် ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအားလည်းကောင်း အိပ်ဆောင်များအလိုက် သုံးရေအဆင်ပြေစေရေးအတွက် ကားများဖြင့် သယ်ဆောင်၍ ရေပေးဝေနေမှုများအား လိုက်လံ ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးနောက် နေထိုင်စားသောက်ရေး အဆင်ပြေစေရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Cluster များအလိုက် မီးလိုင်းများရရှိစေရေး အတွက် Transformer ထားရှိသည့်နေရာများ၊ မီးလိုင်းများ၊ အရန်မီးစက်များနှင့် မီးကြိုးများ၊ ပျက်စီးဆုံးရှုံးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်မီး အမြန်ဆုံးပြန်လည် ရရှိစေရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။