အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဝန်ထမ်းများနေထိုင်ရန်အတွက် တည်ဆောက်လျက်ရှိသည့် ဘာရှာများအားလိုက်လံကြည့်ရှုစစ်ဆေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဝန်ထမ်းများနေထိုင်ရန်အတွက် တည်ဆောက်လျက်ရှိသည့် ဘာရှာများအားလိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မေ ၁၇ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ ညနေပိုင်းတွင် ဝန်ထမ်းများနေထိုင်ရန်အတွက် တည်ဆောက်လျက်ရှိသည့် ဘာရှာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကြာမီ မိုးတွင်းကာလ ရောက်ရှိတော့မည်ဖြစ်၍ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ အဆင်ပြေချောမွေ့စွာဖြင့် လေဝင်လေထွက် ကောင်းမွန်ပြီး ကျယ်ကျယ်ဝန်းဝန်းနှင့် လုံခြုံမှုရှိစေရန်အတွက် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း မိန်းဂိတ်ဝ ဘယ်/ညာရှိ အဆောင်(၁၊ ၂၊ ၃ နှင့် ၄)တို့တွင် (၂)ခန်းတွဲ ဘာရှာများ ဖွဲ့စည်းတည်ဆောက်နေမှု အခြေအနေများနှင့် ဆက်လက်တည်ဆောက်လျက်ရှိသည့် ဘာရှာများအတွက် […]
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသော ကစားနည်းများ၏ အုပ်ချုပ်မှု၊ လေ့ကျင့်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
(၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်း လေ့ကျင့်လျက်ရှိသော ကစားနည်းများ၏အုပ်ချုပ်မှု၊ လေ့ကျင့်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန် ၊မေလ (၁၆)ရက် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသော ကစားနည်းများ၏အုပ်ချုပ်မှု၊ လေ့ကျင့်မှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်က ရန်ကုန်မြို့ ၊ တာမွေမြို့နယ်ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန် ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌ ၊အတွင်းရေးမှူးများနှင့် အမှုဆောင်များ […]
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့်တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့်တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊ မေလ(၁၆)ရက်။ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၉:၃၀)နာရီ အချိန်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်း ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဂျူဂျစ်ဆု၊ Teqball ၊ Squash ၊ ဟော်ကီ ၊ ဘိုးလင်း၊ Kick Boxing ၊ နပန်း ၊ ကျွမ်းဘား ၊Tug of War ၊ Skate Boarding ၊ Kabaddi အားကစားအဖွဲ့ချုပ်များမှဥက္ကဌများ ၊ ဒုတိယဥက္ကဌများနှင့် […]
၂၀၂၅ ခုနှစ် ၊တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
၂၀၂၅ ခုနှစ် ၊တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန် ၊ မေလ(၁၆)ရက်။ ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လှေလှော်၊ ဘော်လီဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉:၀၀)နာရီ အချိန်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာ ဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော လှေလှော်၊ ဘော်လီဘော ၊ ဂျူဒို ၊ တိုက်ကွမ်ဒို အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များနှင့် နည်းပြချုပ်တို့ တက်ရောက်ခဲ့ကြသည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့် […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၄၅)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ၏ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိ
![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၄၅)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ၏ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိ ရန်ကုန်၊ မေလ(၁၅)ရက်။ ၂၀၂၅ ခုနှစ်၊ မေလ(၁၁)ရက်နေ့ မှ (၁၂)ရက်နေ့အထိ ကူဝိတ်နိုင်ငံတွင်ကျင်းပပြုလုပ်သည့် (၄၅)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ၏ အထွေထွေညီလာခံ (45th OCA General Assembly Kuwait) တက်ရောက်ရန်အတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး(၄) ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် အတူ (၉.၅.၂၀၂၅)ရက်နေ့ ညနေ(၁၆း၂၅)နာရီအချိန်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကူဝိတ်နိုင်ငံသို့ ထွက်ခွာခဲ့သည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေလ(၁၁)ရက်နေ့တွင်ကျင်းပသော (၄၅)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ အထွေထွေညီလာခံသို့တက်ရောက်ရာ အာရှအိုလံပစ်ကောင်စီ ဒုတိဥက္ကဌ […]
PENANE INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲတွင် ရွှေ ၅ ခု၊ ငွေ ၄ ခုနှင့် ကြေး ၃ ခု ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သော မြန်မာ့လက်ရွေးစင်ဂျူဒိုအားကစားအဖွဲ့ ပြန်လည်ရောက်ရှိကြိုဆို
![]()
PENANE INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲတွင် ရွှေ ၅ ခု၊ ငွေ ၄ ခုနှင့် ကြေး ၃ ခု ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သော မြန်မာ့လက်ရွေးစင်ဂျူဒိုအားကစားအဖွဲ့ ပြန်လည်ရောက်ရှိကြိုဆို ရန်ကုန် ၊ ဧပြီလ ၁၄ ရက် မလေးရှားနိုင်ငံ၊ ပီနန်းမြို့တွင် (၁၀.၄.၂၀၂၅)ရက်နေ့မှ (၁၄.၄.၂၀၂၅)ရက်နေ့အထိ ကျင်းပခဲ့သော PENANE INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲ တွင် ရွှေတံဆိပ်( ၅)ခု ၊ ငွေတံဆိပ် (၄)ခု နှင့် ကြေးတံဆိပ်(၃)ခု ဆွတ်ခူးရရှိခဲ့သော မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားအဖွဲ့သည် ယနေ့ည (၁၉:၄၅) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ MAI လေကြောင်းလိုင်းဖြင့်ပြန်လည်ရောက်ရှိခဲ့ကြသည်။ အဆိုပါ […]
အားကစားပညာဘာသာရပ် B.Sc (Sports) သင်ကြားရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
အားကစားပညာဘာသာရပ် B.Sc (Sports) သင်ကြားရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊ မေလ(၁၅)ရက်။ အားကစားပညာဘာသာရပ် B.Sc (Sports) သင်ကြားရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုး နှင့် တာဝန်ရှိသူများ၊ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါအောင် ၊ ဆေးတက္ကသိုလ်(၁) ပါမောက္ခ ( ဌာနမှူး ) ဇီဝကမ္မဗေဒဌာန ဒေါက်တာစန္ဒာကျော်၊ ဆေးတက္ကသိုလ်(၁) ခန္ဓာဗေဒဌာန ဒေါက်တာထင်လင်းနှင့် ဖိတ်ကြားထားသော သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် First Semester နှင့် Second Semester တွင် […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်မြင်းစီးအသင်းပြန်လည်ဖွဲ့စည်းရေးနှင့် မြင်းစီးအားကစားနည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်နှင့်ရန်ကုန်မြင်းစီးအသင်းတို့အားတွေ့ဆုံ
![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်မြင်းစီးအသင်းပြန်လည်ဖွဲ့စည်းရေးနှင့် မြင်းစီးအားကစားနည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်နှင့်ရန်ကုန်မြင်းစီးအသင်းတို့အားတွေ့ဆုံ ရန်ကုန် ၊ မေလ (၁၄)ရက်။ ရန်ကုန်မြင်းစီးအသင်းပြန်လည်ဖွဲ့စည်းရေးနှင့် မြင်းစီးအားကစားနည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်နှင့်ရန်ကုန်မြင်းစီးအသင်းတို့အား တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေးကို ယနေ့နံနက် (၉:၃၀)နာရီအချိန်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ် ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် နှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ နှင့် အမှုဆောင်များ၊ ရန်ကုန်မြင်းစီးအသင်းဥက္ကဋ္ဌ နှင့် အမှုဆောင်များ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက ရန်ကုန်မြင်းစီးအလုပ်အမှုဆောင်အဖွဲ့သစ်ကို စနစ်တကျရွေးချယ် တင်မြှောက်နိုင်ရေးအတွက် ဆောင်ရွက်ရန်၊ မြင်းစီးအားကစား […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် အသုံးပြုရန်အတွက် ရုံးလုပ်ငန်းသုံးပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် အသုံးပြုရန်အတွက် ရုံးလုပ်ငန်းသုံးပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မေ ၁၄ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် အသုံးပြုရန်အတွက် ရုံးလုပ်ငန်းသုံးပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဧည့်တွေ့ခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ Mr.Li Qianguo (သံမှူး) က ရုံးလုပ်ငန်းသုံးပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းအကြောင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတစ်ချို့ တွင် ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့်အတွက် မိမိတို့ တရုတ်နိုင်ငံအနေဖြင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်၍ ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး (၇၅)နှစ်ပြည့် အထိမ်းအမှတ်တစ်ခုလည်းဖြစ်ပါကြောင်း ၊ ၂၀၂၅ ခုနှစ် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်မြို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်မြို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေး ရန်ကုန် ၊ မေလ (၁၃)ရက် ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၇:၃၀)နာရီအချိန်တွင် ရန်ကုန်မြို့ ၊ အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိရာ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ကြိုဆိုကြပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်နေသော အနောက်တိုင်းလှေ ၊ ရိုးရာလှေနှင့် ကနူး/ကယက်လှေတို့ ယှဉ်ပြိုင်လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေး၍ နည်းပြများအား အစွမ်းကုန်အားထည့်သင်ပြလမ်းညွှန်ကြပ်မတ်ပေးရန် ၊ စံချိန်စံနှုန်းများကောင်းမွန်ပြီး ဆုတံဆိပ်များ ရရှိအောင်ကြိုးစားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ် ၊ အောင်ဆန်းအားကစားပြိုင်ဝင်း ၊ မိုးလုံလေလုံအားကစားရုံသို့ရောက်ရှိရာ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကြိုဆိုကြပြီး […]