အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၄၅)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ၏ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိ

ရန်ကုန်၊ မေလ(၁၅)ရက်။

၂၀၂၅ ခုနှစ်၊ မေလ(၁၁)ရက်နေ့ မှ (၁၂)ရက်နေ့အထိ ကူဝိတ်နိုင်ငံတွင်ကျင်းပပြုလုပ်သည့် (၄၅)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ၏ အထွေထွေညီလာခံ (45th OCA General Assembly Kuwait) တက်ရောက်ရန်အတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး(၄) ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် အတူ (၉.၅.၂၀၂၅)ရက်နေ့ ညနေ(၁၆း၂၅)နာရီအချိန်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကူဝိတ်နိုင်ငံသို့ ထွက်ခွာခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေလ(၁၁)ရက်နေ့တွင်ကျင်းပသော (၄၅)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ အထွေထွေညီလာခံသို့တက်ရောက်ရာ အာရှအိုလံပစ်ကောင်စီ ဒုတိဥက္ကဌ Mr . Timothy Fok မှ အဖွင့်မိန့်ခွန်းပြောကြားပြီး ကူဝိတ်အိုလံပစ်ကော်မတီ ဥက္ကဌ Sheikh Fahad Al Sabah၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီဥက္ကဋ္ဌ Mr. Thomas Bach မှ အမှာစကားပြောကြားခဲ့ပါသည်။

မေလ(၁၂)ရက်နေ့တွင် အစည်းအဝေးဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဌနှင့်အဖွဲ့သည် 44th OCA General Assembly အစည်းအဝေးမှတ်တမ်းအား အတည်ပြုခြင်း၊ အရှေ့၊ အရှေ့တောင် အာရှ၊ တောင်အာရှ၊ အာရှအလယ်ပိုင်းနှင့် အာရှအနောက်ပိုင်း အစရှိသည့် ဇုန်(၅)ဇုန်၏ သက်ဆိုင်ရာဒုတိယဥက္ကဌများမှ တစ်နှစ်တာအတွင်းဆောင်ရွက်ခဲ့သည့် မှတ်တမ်းများကိုအတည်ပြုခြင်း၊ ကမ္ဘာ့တားမြစ်ဆေးဝါးဆန့်ကျင်းရေးအဖွဲ့ ဥက္ကဋ္ဌ Mr Witold Banka မှတင်ပြခြင်း၊ Hangzhou 2023 Asian Games Organizing Committee ၊ Harbin 2025 Asian Winter Games Organizing Committee ၊Bahrain 2025 AYG Organizing Committee ၊ Aichi Nagoya 2026 AGOC နှင့် Riyadh 2026 Asian Indoor and Martial Art Games OC မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခြင်း၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ ၊ အိုလံပစ်သွေးစည်းညီညွတ်ရေးနှင့် အမျိုးသားအိုလံပစ်ကော်မတီများအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဖြည့်စွက်တင်ပြခြင်း၊ သက်ဆိုင်ရာ ကော်မတီဥက္ကဌ အသီးသီးမှ ဆွေးနွေးတင်ပြခြင်း၊ နောက်ကျင်းပမည့် General Assembly အတွက် နေ့ရက်နှင့်နေရာကို သတ်မှတ်ခြင်းနှင့် အထွေထွေဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏မြန်မာ့အားကစားအဆင့်အတန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာ၊ အပြည်ပြည်ဆိုင်ရာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့မှုများ၊ အားကစားအဖွဲ့ချုပ်များ၏ ဒိုင်နှင့်နည်းပြသင်တန်းများ ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များအတွက် အာရှအားကစားအဖွဲ့ချုပ် အသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီးလည်းကောင်း၊ ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ(၉)ရက်နေ့မှ (၂၀)ရက်နေ့ အထိကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ စနစ်တကျပါဝင်ယှဉ်ပြိုင်နိုင်ရေး ၊ လေ့ကျင့်မှုနေရာများနှင့် နေထိုင်စားသောက်မှုဆိုင်ရာ ကိစ္စရပ်များအဆင်ပြေစေရေးအတွက် ထိုင်းနိုင်ငံ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ(SEAGF Council)မှ တာဝန်ရှိသူများနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။

ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့်အဖွဲ့သည် ယမန်နေ့ညနေ(၁၆း၃၀)နာရီအချိန်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူတို့က ကြိုဆိုခဲ့ကြောင်း သိရှိရပါသည်။