အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဝန်ထမ်းများနေထိုင်ရန်အတွက် တည်ဆောက်လျက်ရှိသည့် ဘာရှာများအားလိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မေ ၁၇

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ ညနေပိုင်းတွင် ဝန်ထမ်းများနေထိုင်ရန်အတွက် တည်ဆောက်လျက်ရှိသည့် ဘာရှာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကြာမီ မိုးတွင်းကာလ ရောက်ရှိတော့မည်ဖြစ်၍ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ အဆင်ပြေချောမွေ့စွာဖြင့် လေဝင်လေထွက် ကောင်းမွန်ပြီး ကျယ်ကျယ်ဝန်းဝန်းနှင့် လုံခြုံမှုရှိစေရန်အတွက် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း မိန်းဂိတ်ဝ ဘယ်/ညာရှိ အဆောင်(၁၊ ၂၊ ၃ နှင့် ၄)တို့တွင် (၂)ခန်းတွဲ ဘာရှာများ ဖွဲ့စည်းတည်ဆောက်နေမှု အခြေအနေများနှင့် ဆက်လက်တည်ဆောက်လျက်ရှိသည့် ဘာရှာများအတွက် ပစ္စည်းများစုပုံထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများ အမြန်ဆုံးပြောင်းရွှေ့နေထိုင်နိုင်စေရန် တာဝန်ရှိသူများအား သတ်မှတ်ညွှန်ကြားချက်များနှင့် အညီဖြစ်စေရေး၊ အရည်အသွေးကောင်းမွန်စေရေးနှင့် သတ်မှတ်ရက်အတွင်း အချိန်မီ ပြီးစီးစေရေးတို့အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အခက်အခဲများရှိပါက လိုအပ်သည်များကို ပေါင်းစပ်ကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။