အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ တတိယအကြိမ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ တတိယအကြိမ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင် ၂၄ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး ဒေါ်မေသန်းကြိုင် တို့အား အမှူးထား၍ ဝန်ထမ်းမိသားစုများ၏ တတိယအကြိမ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ(မြေညီထပ်)၌ ကျင်းပခဲ့သည်။ ဦးစွာ ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဥယျာဉ်စုသိမ်ကျောင်းတိုက် ပဓါနနာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသ မဟာထေရ်မြတ်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ပရိတ်တရားတော်များကို နာယူခြင်း၊ ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်း နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေခြင်းနှင့် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်ခြင်းများ ပြုလုပ်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။ အဆိုပါအခမ်းအနားသို့ […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး နေပြည်တော် ဇူလိုင် ၂၃ ။ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။ အားသွန်ခွန်စိုက်ကြိုးပမ်းယှဉ်ပြိုင် အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး […]

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ

Loading

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင် ၂၃ ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း ကျင်းပသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေနွေးခြင်း အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာ စကားပြောကြားရာတွင် အဂတိဆိုသည်မှာ မလိုက်သင့်သည့်လမ်းကြောင်းဖြစ်ပြီး တနည်းအားဖြင့် ဓမ္မလမ်းကြောင်းမှ  သွေဖယ်ဆောင်ရွက်ခြင်းကိုခေါ်ဆိုခြင်းဖြစ်ကြောင်း၊ ကိုယ့်အကျိုးစီးပွားအတွက် အများပြည်သူဆိုင်ရာလုပ်ငန်းဌာနများကို အသုံးချခြင်း၊ ယုံကြည်စွာအပ်နှံထားသည့် လုပ်ပိုင်ခွင့်အာဏာများကို အလွဲသုံးစားပြုခြင်း၊ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေခြင်း၊ တံစိုးလက်ဆောင်များကို တစ်ဦးတစ်ယောက်အားပေးခြင်း၊ ပေးရန် အားထုတ်ခြင်း၊ လက်ခံခြင်း၊ ရယူခြင်းနှင့် ရယူရန်အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်းသည် […]

ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄)ကျင်းပ

Loading

ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄)ကျင်းပ တောင်ကြီးမြို့၊ ဇူလိုင်လ(၂၂)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄)ကို ယနေ့ မွန်းလွဲ (၁၃း၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့ရာ အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ဒုတိယဥက္ကဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ အတွင်းရေးမှူး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာ ၊ ပြည်နယ် / ခရိုင် / မြို့နယ်များမှ ကော်မတီအဖွဲ့ဝင်များ ၊ လူငယ်ကိုယ်စားလှယ်များ ၊ ပရဟိတအသင်းအဖွဲ့များ နှင့် ဖိတ်ကြားထားသူများက တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီ ဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီက ဦးဆောင်၍ […]

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁) နှစ်အောက် ဘောလုံး(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ စတင်ကျင်းပ

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁) နှစ်အောက် ဘောလုံး(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ စတင်ကျင်းပ နေပြည်တော်၊ ဇူလိုင် ၂၄ ။ မျိုးဆက်သစ် အားကစားသမာများပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁)နှစ်အောက် ဘောလုံး (အမျိုးသား)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့မွန်းလွဲ(၃)နာရီတွင် နေပြည်တော်ရှိ ပေါင်းလောင်းအားကစားကွင်းနှင့် လယ်ဝေးအားကစားကွင်းတို့တွင် ကျင်းပခဲ့သည်။ ယနေ့ ဘောလုံး(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပေါင်းလောင်းအားကစားကွင်းတွင် ရှမ်းပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်(၁)ဂိုးစီ သရေရလဒ် ဖြင့်လည်းကောင်း၊ လယ်ဝေးအားကစားကွင်းတွင် ကရင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဖက်စလုံး ဂိုးမရှိ သရေရလဒ်ဖြင့်အသီးသီး ရရှိခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ […]

(၃၃)ကြိမ်မြောက် ပဲရစ်အိုလံပစ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ထွက်ခွာ

Loading

(၃၃)ကြိမ်မြောက် ပဲရစ်အိုလံပစ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ထွက်ခွာ ရန်ကုန် ၊ ဇူလိုင် ၂၂ ရက်။ ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့တွင် ၂၇.၇.၂၀၂၄ ရက်နေ့ မှ ၁၁.၈.၂၀၂၄ ရက်နေ့အထိကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် ပဲရစ်အိုလံပစ်အားကစားပြိုင်ပွဲသို့ ရေကူးအားကစားနည်းမှ အုပ်ချုပ်သူ (၁)ဦး ၊ နည်းပြ (၁)ဦး ၊ အားကစားသမား (၁)ဦးနှင့် ကြက်တောင်အားကစားနည်းမှ အုပ်ချုပ်သူ(၁)ဦး၊ အားကစားသမား (၁)ဦး၊ စုစုပေါင်း (၅)ဦးတို့သည် ယနေ့ နံနက် (၁၁:၂၀) အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ မြန်မာနိုင်ငံလှေလှော်အဖွဲချုပ်နှင့် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မိဘဆွေမျိုးများက ပို့ဆောင်နူတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဇူလိုင် ၂၂ ။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၊ အစည်းအဝေးခန်းမ(အပေါ်ထပ်)၌ ကျင်းပခဲ့သည်။ ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းအလိုက် အမှတ်ပေးစနစ်၊ ပြိုင်ပွဲကျင်းပမည့်ပုံစံများ၊ ပြိုင်ပွဲရလဒ်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေး၊ Website တင်နိုင်ရေးနှင့် Android Software ရေးဆွဲနိုင်ရေးတို့ အတွက် ယခုအစည်းအဝေးအား ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ […]

အာဆီယံ-တရုတ် 3×3 အသက်(၁၈)နှစ်‌အောက် ဘတ်စကတ်ဘောပြိုင်ပွဲတွင် မြန်မာဘတ်စကတ်ဘောအားကစားအဖွဲ့‌ ငွေတံဆိပ်ဆုရရှိ

Loading

အာဆီယံ-တရုတ် 3×3 အသက်(၁၈)နှစ်‌အောက် ဘတ်စကတ်ဘောပြိုင်ပွဲတွင် မြန်မာဘတ်စကတ်ဘောအားကစားအဖွဲ့‌ ငွေတံဆိပ်ဆုရရှိ ရန်ကုန် ၊ ဇူလိုင်၂၀ ရက်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ယူနန်ပြည်နယ်၊ မယ်လီပိုခရိုင် တွင်ဇူလိုင် ၁၄ ရက်မှ ၂၀ရက် အထိကျင်းပပြုလုပ်ခဲ့သည့် ASEN-CHINA TOUTH BASKETBALL TOURNAMENT AND CULTURAL EXCHAN 3×3 အသက်၁၈နှစ်‌ေအာက်ဘတ်စကတ်ဘောပြိုင်ပွဲသို့မြန်မာဘတ်စကတ်ဘောအားကစားအဖွဲ့၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာဒုတိယ(ငွေ)တံဆိပ်ဆုနှင့် အ‌ကောင်းဆုံးကစားသမားဆု ရရှိခဲ့ကြောင်းသိရသည်။ အဆိုပါပြိုင်ပွဲတွင်တရုတ်အသင်းက ပထမ(ရွှေ) ၊ မြန်မာအသင်းကဒုတိယ(ငွေ)၊ မလေးရှားအသင်းက ဒုတိယ(ငွေ)၊ ထိုင်းအသင်းက တတိယ(ကြေး)တံဆိပ်ရရှိခဲ့ကြပြီး မြန်မာအသင်းမှ စိုင်းအောင်အောင်က အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ ယင်းပြိုင်ပွဲတွင် အိမ်ရှင်တရုတ်အသင်းက ငါးသင်း၊ က‌မ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် မြန်မာတို့က တစ်သင်းစီ၀င်‌ ရောက်ယှဥ်ပြိုင်ခဲ့ကြ‌ ကြောင်းသိရသည်။ […]

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် (အမျိုးသား)ဘောလုံး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် (အမျိုးသား)ဘောလုံး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ နေပြည်တော်၊ ဇူလိုင် ၂၁ ။ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် (အမျိုးသား)ဘောလုံး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Cluster-7 စားရိပ်သာ၌ ကျင်းပခဲ့သည်။ အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဘောလုံး အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ဘောလုံး အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေးနှင့် မျိုးဆက်သစ်အားကစားသမား များစွာပေါ်ထွက်လာစေရေးတို့အတွက်ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ […]

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မှတ်ပုံတင်စစ်ဆေးခြင်း၊ အသင်းအုပ်ချုပ်သူများအစည်းအဝေးနှင့် ပွဲစဥ်ဇယားရေးဆွဲ မဲနှိုက်ခြင်းကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မှတ်ပုံတင်စစ်ဆေးခြင်း၊ အသင်းအုပ်ချုပ်သူများအစည်းအဝေးနှင့် ပွဲစဥ်ဇယားရေးဆွဲ မဲနှိုက်ခြင်းကျင်းပ တောင်ကြီး၊ ဇူလိုင်း ၁၅။ ရှမ်းပြည်နယ်အစိုးအဖွဲ့၏လမ်းညွှန်မှုများကိုခံယူကာ ပြေးခုန်ပစ် မျိုးဆက်သစ်အားကစားသမားများ ထွက်‌ပေါ်လာစေရေး၊ ပြည်နယ်လက်ရွေးစင်အသင်းအား ထောက်ပံ့မှု ဖြစ်စေရေးနှင့် ပြေးခုန်ပစ်အားကစားနည်းဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်အလိုက် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူများ အစည်းအဝေးနှင့် ပွဲစဥ်များရေးဆွဲမဲနှိုက်ခြင်းကို ၁၅.၇.၂၀၂၄ ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ၊ အားကစားမှူးများ၊ […]