အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ၂၀၂၅ ခုနှစ် Olympic Day Movement – Nay Pyi Taw Street Day ပြိုင်ပွဲ အခမ်းအနားသို့ တက်ရောက်
နေပြည်တော်၊ ဇွန် ၂၁
၂၀၂၅ ခုနှစ် Olympic Day Movement – Nay Pyi Taw Street Day ပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ရေပန်းဥယျာဉ်၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပါသည်။
ပြိုင်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံစကိတ်အားကစားအဖွဲ့ချုပ် လက်ရွေးစင် စကိတ်အားကစားသမားများနှင့် BMX အားကစားသမားများမှ သရုပ်ပြစီးနှင်ခဲ့ပြီးနောက် Fixed Gear Bike စက်ဘီး ပြိုင်ပွဲများ၊ စကိတ်ဘုတ် အားကစားပြိုင်ပွဲ ပွဲစဉ်များ၊ စကိတ်ဘုတ်အားကစားနည်း ပွဲစဉ်များ၊ Fixed Gear Bike ၊ Long Skit နှင့် Mass Race ပွဲစဉ်များကို အသီးသီး ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ Fixed Gear Bike (Truck Stand Men 3 Prizes)ပြိုင်ပွဲ၊ Fixed Gear Bike(Truck Stand Women 3 Prizes) ပြိုင်ပွဲ၊ Long Skit (3 Prizes)ပြိုင်ပွဲနှင့် Fixed Gear of Bike(3 Prizes)ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများကို မြန်မာနိုင်ငံစကိတ်အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများကလည်းကောင်း၊ Skateboard(Fun Run 5 Prizes)ပြိုင်ပွဲ၊ Skateboard(Game of Skate 2 Prizes)ပြိုင်ပွဲနှင့် Skateboard(Distance Ollie 3 Prizes)ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများကို အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။




