အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဘေးဒဏ်သင့် အပြာရောင်အဆင့်နှင့်လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇွန် ၂၀
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် မတ်လ ၂၈ ရက်နေ့၌ လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာ အဆာက်အဦများကို သက်ဆိုင်ရာဌာနများမှ ကျွမ်းကျင်ပညာရှင်များက စစ်ဆေးအတည်ပြုပြီး အပြာရောင်အဆင့်နှင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာအဆောက်အဦးများအားလိုက်လံ ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အပြာရောင်အဆင့် သတ်မှတ်ထားသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများနေထိုင်ခဲ့သော ဇမ္ဗူသီရိမြို့နယ်အတွင်း ဘောဂသိဒ္ဓိ ရပ်ကွက်ရှိ ပိတောက်အိမ်ရာ တိုက်အမှတ်(၈၂၁)နှင့် (၈၂၂) တို့တွင် ပြန်လည်ပြောင်းရွှေ့ နေထိုင်ရန်အတွက် အသေးစားနှင့် အလတ်စားပြုပြင်မှုများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊
ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများနှင့် ပြန်လည်ပြောင်းရွှေ့နေထိုင်နေသည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ အဆင်ပြေမှုရှိစေရေးတို့အတွက် လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် ဘောဂသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် (၇၄၇)တို့အားလည်းကောင်း၊ မူလက အနီရောင်အဆင့်သတ်မှတ်ထားပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပေါင်းစပ်၍ အဆင်ဆင့်စစ်ဆေးပြီး အပြာရောင်အဆင့်အဖြစ်ပြောင်းလဲသတ်မှတ်ခဲ့သည့် ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ဘူးကွဲအိမ်ရာရှိ တိုက်အမှတ်(၅၃၅၀)နှင့် (၅၃၅၁)တို့အားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အသေးစား၊ အလတ်စားနှင့် အကြီးစားပြုပြင်မှုများ ပြန်လည်ပြုပြင်ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများနှင့် ပြုပြင်ဆောင်ရွက်ပြီးစီးပါက ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုဝင်များအား အမြန်ဆုံးပြန်လည် ပြောင်းရွှေ့နေထိုင်နိုင်စေရေးနှင့် ဝန်ထမ်းများ အဆင်ပြေချောမွေ့စွာဖြင့် မိုးလုံလေလုံ နေထိုင်နိုင်စေရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။




