အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

စိန်နားပန် မီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲတွင် (ဆန်းသစ်တီထွင်မှုအကောင်းဆုံးဆု)ကိုအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှရရှိ

Loading

စိန်နားပန် မီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲတွင် (ဆန်းသစ်တီထွင်မှုအကောင်းဆုံးဆု)ကိုအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှရရှိ နေပြည်တော်၊ နိုဝင်ဘာလ(၁၉)ရက်။ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ခမ်းနားထည်ဝါစွာဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးဌာန ၁၅ ခုပါဝင်ယှဉ်ပြိုင်ခဲ့သော စိန်နားပန် မီးပုံးပျံ ပြိုင်ပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ “ ဆန်းသစ်တီထွင်မှုအကောင်းဆုံးဆု” ရရှိခဲ့ပြီး ဆုကြေးငွေ ကျပ် ၅ သိန်းတိတိ ဂုဏ်ပြုချီးမြှင့်ခြင်းခံခဲ့ရပါသည်။ အဆိုပါ ဆုရရှိခဲ့သည့်အတွက် မီးပုံပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ တစ်ထောင့်တစ်နေရာမှ စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ၁၉-၁၁-၂၀၂၄ ရက်နေ့ နံနက် ၉ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် […]

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ အစမ်းလေ့ကျင့်သည့် အခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ အစမ်းလေ့ကျင့်သည့် အခမ်းအနားကျင်းပ နေပြည်တော်၊ နိုဝင်ဘာ ၁၈ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ အစမ်းလေ့ကျင့်သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့သည်။ ဦးစွာ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုကျင်းပမည့် အားကစားပွဲတော်သည် အမျိုးသားအဆင့် ကျင်းပပြုလုပ်သည့်အခမ်းအနားဖြစ်၍  လုံခြုံရေးကျိုးပေါက်မှုမရှိစေရေးအတွက် ဝန်ကြီးဌာနများ/ အဖွဲ့အစည်းများမှ တာဝန်ခံများအနေဖြင့် အထူးအလေးထားပြီး ပူးပေါင်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ လုံခြုံရေးအတွက် တာဝန်ရှိသူများက စစ်ဆေးခြင်းအား […]

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်း ညီညွတ်ရေးအစီစဉ်ဖြင့် ဖွင့်လှစ်သည့် ရေကူးနည်းပြသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

Loading

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်း ညီညွတ်ရေးအစီစဉ်ဖြင့် ဖွင့်လှစ်သည့် ရေကူးနည်းပြသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ နေပြည်တော် ၊ နိုဝင်ဘာ ၁၅ အောင်မြင်မှုအစဉ်အလာကောင်းများရှိခဲ့သည့် မြန်မာ့‌ ရေကူးအားကစားအဆင့်အတန်း ယခုထက်ပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် အပြည်ပြည် ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီစဉ်ဖြင့် ဖွင့်လှစ်သည့် ရေကူးနည်းပြ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ည‌နေပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ Multipurpose Hall ၌ ဖွင့်လှစ်ခဲ့သည့်ရေကူးနည်းပြသင်တန်းတွင် သင်တန်းသား/ သင်တန်းသူ ၂၉ ဦးတို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့သည့် ကမ္ဘာ့ရေကူးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်ထားသော နည်းစနစ်ကျွမ်းကျင်သူ အမေရိကန်နိုင်ငံမှ Mr. Buddhi Manoj Abeysinghe […]

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့်နည်းစနစ်၊ ခုံသမာဓိနှင့် မျိုးဆက်သစ်အားကစားသမားများရွေးချယ်ရေး ဆပ်ကော်မတီအဖွဲ့ဝင်များ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့်နည်းစနစ်၊ ခုံသမာဓိနှင့် မျိုးဆက်သစ်အားကစားသမားများရွေးချယ်ရေး ဆပ်ကော်မတီအဖွဲ့ဝင်များ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ နိုဝင်ဘာ ၁၄ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ ခုံသမာဓိဆပ်ကော်မတီနှင့် မျိုးဆက်သစ် အားကစားသမားများ ရွေးချယ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း (အပေါ်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ် ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက် မြင့်မားလာစေရေး၊ လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြား နိုင်ငံတကာ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ နိုဝင်ဘာ ၁၄ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး ဒေါ်မေသန်းကြိုင်တို့အား အမှူးထား၍ နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်လျက်ရှိသည့် ဝန်ထမ်းမိသားစု များ၏ စတုတ္ထအကြိမ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။ အစီအစဉ်အရ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဥယျာဉ်စုသိမ်ကျောင်းတိုက်၏ ဦးစီးပဓါနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့မှ ရွတ်ဖတ်သရဇ္ဇုယ်တော်မူသော ပရိတ်တရားတော်များကို နာယူခြင်း၊ ဆရာတော်ကြီးများအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခြင်း၊ ဆရာတော်မဟာထေရ်မြတ်ကြီးထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို […]

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ နိုဝင်ဘာလ(၁၃)ရက်။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးဆပ်ကော်မတီပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် ၄ ချက်အားချမှတ်၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားပွဲတော်တွင် လာရောက်ကြည့်ရှုမည့် ပရိသတ်များ အဆင်ပြေချောမွေ့စေရေးအတွက် ယခုအစည်းအဝေးအား ကျင်းပပြုလုပ်ရခြင်းဖြစ်ပြီး ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးဆပ်ကော်မတီမှ တာဝန်ရှိသူများက ယခုတက်ရောက်လာကြသည့် ဝန်ကြီးဌာနအသီးသီးမှ အရာထမ်းများကို […]

ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သောနိုင်ငံ့ဂုဏ်ဆောင်မြန်မာအားကစားအဖွဲ့ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ

Loading

ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သောနိုင်ငံ့ဂုဏ်ဆောင်မြန်မာအားကစားအဖွဲ့ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ ရန်ကုန် ၊ နိုဝင်ဘာလ(၁၂)ရက်။ မော်ဒိုက်နိုင်ငံ၊ Addu City ၌ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်မှ ၁၁ ရက်ထိကျင်းပသည့် (၁၅)ကြိမ်မြောက်ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ(15th World Bodybuilding & Physique Sport Championship) တွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဒုတိယဥက္ကဌဦးကျော်သန်း(အုပ်ချုပ်သူ) ခေါင်းဆောင်၍ အားကစားသမား ရဲထွန်းနောင်ပါဝင်သော နိုင်ငံ့ဂုဏ်ဆောင် မြန်မာအားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းကရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိကြသည်။ နိုင်ငံ့ဂုဏ်ဆောင်မြန်မာ့ကာယဗလအားကစားအဖွဲ့အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဦးညွန့်ဖေနှင့်ကော်မတီဝင် ဦးအောင်နိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွန်ကြားရေးမှုး ဦးထွန်းထွန်းဦးနှင့်တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများ၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှ အမှုဆောင်များနှင့် တာဝန်ရှိသူများ၊အားကစားသမားများ၊ မိဘဆွေမျိုးမိတ်သင်္ဂဟများ၊ ပြည်သူများက အိုးစည်ဒိုးပတ်အကများဖြင့် သောင်းသောင်းဖြဖြကြိုဆိုကြသည်။ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားသမား ရဲထွန်းနောင်သည် ယင်းပြိုင်ပွဲ၏ အမျိုးသားကာယဗလ ၇၅ ကီလိုတန်း၌ […]

အောင်ပွဲရမြန်မာ့လက်ရွေးစင် ခရစ်ကက် အမျိုးသမီးအသင်းသည် စင်ကာပူပြိုင်ပွဲတွင် ပထမနှင့် တရုတ်ပြိုင်ပွဲတွင် တတိယဆုရရှိပြီး ပြန်လည်ရောက်ရှိ

Loading

အောင်ပွဲရမြန်မာ့လက်ရွေးစင် ခရစ်ကက် အမျိုးသမီးအသင်းသည် စင်ကာပူပြိုင်ပွဲတွင် ပထမ နှင့် တရုတ်ပြိုင်ပွဲတွင် တတိယဆုရရှိပြီး ပြန်လည်ရောက်ရှိ ရန်ကုန် ၊ နိုဝင်ဘာ ၁၁ရက် စင်္ကာပူနိုင်ငံတွင် အောက်တိုဘာ ၂၀ရက်နေ့မှ ၃၀ရက်နေ့အထိ ကျင်းပခဲ့သည် MERLION TROPHY SINGAPORE WOMEN’S CRICKET CHAMPIONSHIPS 2024 နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ HANGZHOU မြို့တွင် အောက်တိုဘာ ၃၁ရက်မှနိုဝင်ဘာ ၁၀ရက် နေ့အထိ ကျင်းပခဲ့သည့် BELT AND ROAD WOMEN’S T201 IN HANGZHOU 2024 ပြိုင်ပွဲတွင် ပထမဆုဖလားနှင့်အတူ တတိယဆုရရှိခဲ့သည်။ အောက်တိုဘာ၂၀ရက်နေ့ မှ ၃၀ရက်နေ့ အထိ စင်္ကာပူနိုင်ငံတွင်အိမ်ရှင်စင်္ကာပူနိုင်ငံအသင်း ၊ မြန်မာနိုင်ငံအသင်း ၊ ကူဝိတ်နိုင်ငံအသင်း တို့သည် […]

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်း ညီညွတ်ရေးအစီစဉ်ဖြင့် ဖွင့်လှစ်သည့် ရေကူးနည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

Loading

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်း ညီညွတ်ရေးအစီစဉ်ဖြင့် ဖွင့်လှစ်သည့် ရေကူးနည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ နေပြည်တော် ၊ နိုဝင်ဘာ၁၁ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်း ညီညွတ်ရေးအစီစဉ်ဖြင့် ဖွင့်လှစ်သည့် ရေကူး နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေး စခန်း Gold Camp ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးလုပ်ငန်းများကို ရေတိုရေရှည်စီမံချက်များချမှတ်ပြီး ဆောင်ရွက်အကောင်အထည်ဖော်ရာ၌ ပထမခြေလှမ်းအဖြစ် အရှေ့တောင်အာရှနိုင်ငံများအလယ်တွင် အနိုင်ရရှိရေးအတွက်ဦးစွာကြိုးပမ်းသွားကြရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် အာရှနိုင်ငံများအတွင်း အောင်မြင်မှုများရရှိရေးနှင့် ကမ္ဘာ့နိုင်ငံများအလယ်တွင် အောင်မြင်မှုများ ဆက်လက်ရရှိစေရေးအတွက် အဆင့်ဆင့်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရေကူးအားကစားနည်းသည် အိုလံပစ် အားကစားနည်းဖြစ်သည့်အပြင် ဆုတံဆိပ်များစွာ မျှော်မှန်းနိုင်သည့်အားကစားနည်းဖြစ်သည့်အတွက် ရေကူးအားကစားနည်းပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရေကူးအားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် […]

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ နိုဝင်ဘာလ(၈)ရက်။ ၂၀၂၄ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေ(၁၇:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ ၊ ဆုရအားကစားသမားများနှင့် အုပ်ချုပ်သူ / နည်းပြများ နှင့် အားကစားဝါသနာရှင်မိဘပြည်သူများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ရှေးဦးစွာ ဆုချီးမြှင့်ခြင်းအခမ်းအနားမစတင်မီ ရှမ်းပြည်နယ်တရားလွှတ်တော် […]