ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ (၂၀၂၄) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ (၂၀၂၄) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ နေပြည်တော်၊ အောက်တိုဘာ ၂။ ကျန်းမာရေးဝန်ကြီးဌာန ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ (၂၀၂၄) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။ အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။ ဗိုလ်လုပွဲတွင် ဆေးတက္ကသိုလ်(၂)၊ ရန်ကုန်အသင်းနှင့် ဆေးတက္ကသိုလ်မကွေးအသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး ဆေးတက္ကသိုလ်မကွေးအသင်းက နှစ်ဂိုး-လေးဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကာ နေရာအလိုက် အကောင်းဆုံး အားကစားသမားဆု၊ နှစ်သိမ့်ဆု၊ တတိယဆုရရှိသူများကို ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများက ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဒုတိယဆုရရှိသည့် အသင်းကို […]
ကာယပညာနှင့်အားကစားအခြေခံ (နည်းပြ/ဒိုင်) သင်တန်း အမှတ်စဉ် (၁/၂၀၂၄)မှ သင်တန်းသား/သင်တန်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းသို့ လာရောက် ကြည့်ရှုလေ့လာ

ကာယပညာနှင့်အားကစားအခြေခံ (နည်းပြ/ဒိုင်) သင်တန်း အမှတ်စဉ် (၁/၂၀၂၄)မှ သင်တန်းသား/သင်တန်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းသို့ လာရောက် ကြည့်ရှုလေ့လာ နေပြည်တော်၊ အောက်တိုဘာ ၂ ။ ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနက ဖွင့်လှစ်သည့် ကာယပညာနှင့်အားကစားအခြေခံ (နည်းပြ/ဒိုင်) သင်တန်းအမှတ်စဉ်(၁/၂၀၂၄)တွင် တက်ရောက်နေသည့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံမှ သင်တန်းသား/သင်တန်းသူ ဆရာ၊ဆရာမ (၁၀၀)ဦးနှင့် သင်တန်းအုပ်ချုပ်သူ(၅)ဦး စုစုပေါင်းအင်အား(၁၀၅)ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ပြသထားသည့် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူ ရုပ်တုများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ရရှိခဲ့ကြသူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်းဓာတ်ပုံများပြခန်းနှင့် အားကစားပြတိုက်(စိတ်ဓာတ်မြှင့်တင်ရေးခန်းမ)တို့ကို လာရောက်ကြည့်ရှုလေ့လာခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက […]
၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၅)နှစ်အောက် အမျိုးသား /အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား /အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ အောက်တိုဘာလ(၁)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့်ခရိုင်များအလိုက် အသက်(၂၀)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့ညနေ (၁၅:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့်ဇနီး ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ […]
၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အခြေခံပညာပေါင်းစုံအမျိုးသား / အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အခြေခံပညာပေါင်းစုံအမျိုးသား / အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုများနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရစ်ကက်အားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အခြေခံပညာပေါင်းစုံ အမျိုးသား / အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို ၃၀.၉.၂၀၂၄ ရက်နေ့ ညနေ(၁၅:၀၀)နာရီအချိန်မှစတင်ကာ ပြည်နယ်အားကစားကွင်း၌ ကျင်းပခဲ့ပြီး ညနေ(၁၆:၀၀)နာရီအချိန်တွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ […]
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဦးစီးကော်မတီ တတိယအကြိမ် အစည်းအဝေးကျင်းပ

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဦးစီးကော်မတီ တတိယအကြိမ် အစည်းအဝေးကျင်းပ နေပြည်တော်၊ စက်တင်ဘာ၂၇ ။ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဦးစီးကော်မတီ တတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရုံးအမှတ် (၃၁)ရှိ အစည်းအဝေးခန်းမ(မြေညီထပ်)၌ ကျင်းပခဲ့သည်။ ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဦးစီးကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားအားကစားပွဲတော်၌ အသုံးပြုရန် အတည်ပြုသတ်မှတ်ရွေးချယ်ထားသည့် Logo နှင့် အခမ်းအနား ဖွင့်ပွဲ/ပိတ်ပွဲ ကျင်းပမှုအစီအစဉ်များ၊ သရုပ်ပြဖျော်ဖြေမှုဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာရေး ဆိုင်ရာကိစ္စရပ်များ၊ ပရိတ်သတ်လာရောက်ကြည့်ရှုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများ၊ မီးရှူးတိုင်သယ်ယူမည့်လမ်းကြောင်း စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်အဆင့် […]
(၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပရေး ဦးဆောင်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကျင်းပ

(၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပရေး ဦးဆောင်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကျင်းပ နေပြည်တော် ၊ စက်တင်ဘာ ၂၆ ရက်။ (၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပရေး ဦးဆောင်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ (၁) နာရီတွင် လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ (၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံဒေသအဆင့်မှ ချမှတ်အတည်ပြုထားသည့် လူငယ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကတိကဝတ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် အာဆီယံလူငယ်ဆိုင်ရာလုပ်ငန်းစဉ်များအား အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်ရေးရာကိစ္စရပ်များကို အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသည် အာဆီယံလူငယ်ဆိုင်ရာအစည်းအဝေးများ (အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် […]
ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန် ၊ စက်တင်ဘာ(၂၄)ရက်။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အကြို ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်ကို စက်တင်ဘာ ၁၄ ရက်မှ ၂၄ ရက်အထိ အားကစားနည်း (၂၃)နည်းဖြင့် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ညနေပိုင်းက အသက်၂၀နှစ်နှင့်အောက် ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ကို သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သု၀ဏ္ဏ၌ ကျင်းပခဲ့ရာ ရန်ကုန် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ တိုင်းဒေသကြီး၀န်ကြီးချုပ် ဉီးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဇင်မင်းထက်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီမှ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဆပ်ကော်မတီများမှ အဖွဲ့ဝင်များ၊ အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို […]
ထားဝယ်မြို့တွင် လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

ထားဝယ်မြို့တွင် လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ ထားဝယ် စက်တင်ဘာ ၂၄။ နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့်အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်အတွက် ထားဝယ်မြို့နယ်လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၇) အခြေခံပညာထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲတွင် ထားဝယ်မြို့နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ (ကိုယ်စား)ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောအောင်မွန်က လူငယ်များအနေဖြင့်အနာဂတ်တွင် အောင်မြင်သောလူငယ်များ ဖြစ်စေရေးအတွက် ယခုချိန်ကတည်းက တန်ဖိုးရှိသောစာပေနှင့် အသိပညာဗဟုသုတများဆည်းပူး လေ့လာရန်လိုအပ်ကြောင်း၊ စာပေများကိုဖတ်ရှုလေ့လာပြီး ရရှိသောအသိပညာဗဟုသုတများကို မိမိ၏မိတ်ဆွေသူငယ်ချင်းများထံ ပြန်လည်မျှဝေပေးရန်လိုအပ်ကြောင်း၊ ကျောင်းသား၊ကျောင်းသူ အချင်းချင်း၊ လူငယ်များအချင်းချင်း ညှိနှိုင်းဆွေးနွေးပြီးအမြင်ချင်းဖလှယ်ရန် လိုအပ်ကြောင်း၊ စာသင်ကျောင်းများတွင် သင်ကြားပေးသော ကျောင်းစာများအပြင် ပြင်ပကလာရောက်ဟောပြော ပို့ချပေးသော အသိပညာဗဟုသုတများကို စိတ်ပါဝင်စားစွာ လိုက်နာမှတ်သားရန်လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မိုးမိုးခိုင်က […]
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်၊ အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်၊ အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ပဲခူး စက်တင်ဘာ ၂၄။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၆) ခရိုင်၊ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ ညနေပိုင်းက ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရေန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့်အတိုင်း လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဘက်ပေါင်းစုံမှ အလေးထားမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ခရစ်ကတ်အားကစားနည်းသည် အိန္ဒိယနိုင်ငံ၏ အားကစားနည်းတစ်ခုဖြစ်ပြီး အာရှအဆင့်နှင့် အရှေ့တောင်အာရှအဆင့်မှာ ပြိုင်ပွဲများကျင်းပ ယှဉ်ပြိုင်ကစားနေသည့် အားကစားဖြစ်ကာ ဒေသတွင်းနိုင်ငံများအနေဖြင့် အနိုင်ရရှိနိုင်ရေး ကြိုးပမ်းလေ့ကျင့်နေသည့် အားကစားနည်းတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာ့ခရစ်ကတ်အားကစားကျယ်ပြန့်စွာတိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရေးအတွက် ခရိုင်အလိုက်ခရစ်ကတ်အားကစားသမားများ ပေါ်ထွက်လာရေးကိုရည်ရွယ်၍ မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်နှင့် ပူးပေါင်းပြီး အဖွဲ့ချုပ်နည်းပြဆရာများဖြင့် ခရိုင်မြို့များဖြစ်သော ပဲခူး၊ တောင်ငူ၊ ညောင်လေးပင်၊ သာယာဝတီ၊ ပြည်၊ နတ်တလင်းမြို့တို့တွင် ခရစ်ကတ်သင်တန်းများကို တစ်ပြိုင်တည်း ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ဒီသင်တန်းများက အရည်အချင်းပြည့်ဝတဲ့သူများကို ရွေးချယ်ပြီး ခရိုင်အသင်းများဖွဲ့စည်းကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၆)ခရိုင်၊ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း၊ ယခုယှဉ်ပြိုင်ပွဲကနေ စနစ်တကျရွေးချယ်ပြီး ပေါ်ထွက်လာမည့် တိုင်းဒေသကြီးလက်ရွေးစင် ပဏာမအားကစားသမားများကို သတ်မှတ်ရက်များအတိုင်း နည်းစနစ်မှန်မှန် ပြင်းပြင်းထန်ထန် စခန်းသွင်းလေ့ကျင့်ပြီး ပဉ်စအကွိမျအမြိုးသား အားကစားပွဲတော်မှာ အောင်မြင်မှုရရှိအောင်ကြိုးစားသွားကြဖို့ တိုက်တွန်းမှာကြားလိုကြောင်း အဖွင့်မိန့်ခွန်းပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုကာ အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားကြပြီး မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌဦးကျော်ကျော်က ငွေကျပ်သိန်း(၃၀၀)တန်ဖိုးရှိ ခရစ်ကတ်အားကစား အထောက်အကူပြုပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လက်ခံရယူခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့သည်။ အဆိုပါ ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား(၆)ခရိုင်၊ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲကို စက်တင်ဘာလ(၂၃) ရက်နေ့မှ(၂၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၆)ခရိုင်မှ ခရိုင်ကိုယ်စားပြု အမျိုးသားအသင်း(၆)သင်း၊ အမျိုးသမီးအသင်း(၆)သင်း၊ စုစုပေါင်း(၁၂)သင်းပါဝင်ကာ အုပ်စုပတ်လည်ယှဉ်ပြိုင် ကစားသွားကြမှာဖြစ်ကြောင်း သတင်းရရှိသည်။
ရပ်စောက်မြို့နယ်တွင် လူငယ်ရေးရာအသိပညာဟောပြောပွဲ ကျင်းပ

ရပ်စောက်မြို့နယ်တွင် လူငယ်ရေးရာအသိပညာဟောပြောပွဲ ကျင်းပ ရပ်စောက်၊ စက်တင်ဘာ ၂၄။ ရပ်စောက်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၊ ရပ်စောက်ခန်းမတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်လှိုင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးမြတ်သူ က လူငယ်နှင့်အားကစားဖွံ့ဖြိုးရေး၊ အားကစားစနစ်တကျဆောင်ရွက်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှုနှင့်ဉာဏ်ရည်ဖွံ့ဖြိုးရေးဆိုင်ရာများကို ပြောကြားခြင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိမှ စာဖတ်ပါခေါင်းစဥ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ ထို့နောက် မြို့နယ်အားကစားမှူးက ကျောင်းသားကျောင်းသူများအတွက် အားကစားပစ္စည်းများပေးအပ်လှူဒါန်းခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိတို့မှ စာအုပ်/စာစောင်များ လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပါသည်။ ဆက်လက်၍ အမေးအဖြေကဏ္ဍများ ပြုလုပ်ကျင်းပရာ အဖြေမှန်သူများကို မြို့နယ်အားကစားမှူးနှင့် မြို့နယ် ပြန်/ဆက် […]