အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ကမ္ဘာ့အဆင့် E Sports World Cup ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံရွှေတံဆိပ်ဆု ရရှိခဲ့သည့် မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပနိုင်ရေး၊အားကစားကွင်း/အားကစားရုံများသန့်ရှင်းစနစ်တကျရှိစေရေးနှင့် အောင်နိုင်ရေးကိစ္စရပ်များပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ ဩဂုတ်လ (၂၅)ရက်

ကမ္ဘာ့အဆင့် E Sports World Cup ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံရွှေတံဆိပ်ဆုရရှိခဲ့သည့် မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပနိုင်ရေး ၊ အားကစားကွင်း/အားကစားရုံများ သန့်ရှင်းစနစ်တကျရှိစေရေးနှင့် အောင်နိုင်ရေးကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉:၃၀)နာရီအချိန်တွင် ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာအားကစားကွင်း/အားကစားရုံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ ကမ္ဘာ့အဆင့် E Sports World Cup ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံရွှေတံဆိပ်ဆု ရရှိခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြု YG(Yangon Galacticos) အသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပနိုင်ရေးအတွက် အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေး၊ အလှူရှင်များ ပေးအပ်လှူဒါန်းရာတွင် အဆင်ပြေချောမွေ့စေရေး၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်နိုင်ရေး၊ ဧည့်ခံကျွေးမွေးရေး ကိစ္စရပ်များအား တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြချက်များအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့က ထပ်မံဖြည့်စွက်ဆွေးနွေးပြီး ညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ညွှန်ကြားရေးမှူးချုပ်မှ အားကစားကွင်း/အားကစားရုံများ၏ လက္ခဏာ အင်္ဂါရပ်များနှင့်အညီ အမြဲသန့်ရှင်းသပ်ရပ်သာယာမှုရှိစေရန် ၊ ဘောလုံးကွင်းများ၌ ဂိုးတိုင် / ဂိုးပိုက် ကောင်းမွန်စေရန်နှင့်ဘောလုံးကွင်း မြက်ခင်းပြင်စိမ်းလန်းစိုပြေစေရန်၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားပြင်ဆင်ဆောင်ရွက်ရာတွင် လိုအပ်သည့်ကိစ္စရပ်များအား အသေးစိတ်ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် မှာကြားပြီးနောက် တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။