ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရွှေတံဆိပ်ဆုရရှိခဲ့သည့် အားကစားသမား ရဲထွန်းနောင် နှင့် Logo, Mascot နှင့် တေးရေး/တေးဆို ပညာရှင်များအား ဂုဏ်ပြုချီးမြှင့်ပွဲသို့ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရွှေတံဆိပ်ဆုရရှိခဲ့သည့် အားကစားသမား ရဲထွန်းနောင် နှင့် Logo, Mascot နှင့် တေးရေး/တေးဆို ပညာရှင်များအား ဂုဏ်ပြုချီးမြှင့်ပွဲသို့ တက်ရောက် နေပြည်တော်၊ ဒီဇင်ဘာ ၂၃ ရက် (၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သော အားကစားသမား ရဲထွန်းနောင်နှင့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ် Logo, Mascot နှင့် တေးရေး/တေးဆို ပညာရှင်များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာ စကားပြောကြားရာတွင် မင်္ဂလာတရားတော်နှင့်အညီ ဂုဏ်ပြုချီးမြှင့်ထိုက်သူကို ထိုက်တန်စွာ ဂုဏ်ပြု ချီးမြှင့်ပေးခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် မော်လ်ဒိုက်နိုင်ငံ၌ ကျင်းပခဲ့သည့် (၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ အမျိုးသားကာယဗလ ၇၅ […]
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ ဒီဇင်ဘာ ၂၃ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် Logo ပြိုင်ပွဲ ဆုရရှိသူ ဦးစိုးသီဟကျော်နှင့် Mascot ရေးဆွဲသူ ဦးသန်းဇော်တို့သည် ယနေ့နံနက် (၁၀:၀၀) နာရီတွင် လည်းကောင်း၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လွန်ဆွဲနှင့် ထုပ်ဆီးတိုးပြိုင်ပွဲ တာဝန်ခံ ညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝင် (၃) ဦးတို့သည် ယနေ့နံနက် (၁၀:၃၀) နာရီတွင်လည်းကောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းနှင့် မြန်မာ့အားကစား မော်ကွန်း ခန်းမအတွင်း မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစား […]
5th AVFASIAN Vovinam Championships 2024 ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု(၂)ခု ၊ ငွေတံဆိပ်ဆု(၃)ခုနှင့် ကြေးတံဆိပ်ဆု(၆)ခုဆွတ်ခူးရရှိခဲ့သော မြန်မာဗိုဗီနမ်အားကစားအဖွဲ့ ပြန်လည်ရောက်ရှိကြိုဆို

5th AVFASIAN Vovinam Championships 2024 ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု(၂)ခု ၊ ငွေတံဆိပ်ဆု(၃)ခုနှင့် ကြေးတံဆိပ်ဆု(၆)ခုဆွတ်ခူးရရှိခဲ့သော မြန်မာဗိုဗီနမ်အားကစားအဖွဲ့ ပြန်လည်ရောက်ရှိကြိုဆို ရန်ကုန်၊ ဒီဇင်ဘာလ(၂၃)ရက်။ အင်ဒိုနီးရှားသမ္မတနိုင်ငံ ၊ ဘာလီမြို့တွင် ဒီဇင်ဘာ(၁၇)ရက်မှ (၂၂)ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် 5th AVFASIAN Vovinam Championships 2024 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရွှေတံဆိပ်ဆု (၂)ခု ၊ ငွေတံဆိပ်ဆု(၃)ခုနှင့် ကြေးတံဆိပ်ဆု(၆)ခု ဆွတ်ခူးရရှိခဲ့သော မြန်မာဗိုဗီနမ်အားကစားအဖွဲ့သည် ယနေ့နံနက်(၉)နာရီ(၁၅)မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားအောင်နိုင်ရေးအထောက်အကူပြုအဖွဲ့ဝင်များ ၊ မြန်မာနိုင်ငံဗိုဗီနမ်အားကစားအဖွဲ့ချုပ် မှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းသား/သင်တန်းသူများနှင့် မိဘဆွေမျိုးများက […]
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ၂၀၂၄ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ဆင်နွဲခဲ့ကြသည့် အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား နှုတ်ဆက်အမှာစကားပြောကြား

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ၂၀၂၄ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ဆင်နွဲခဲ့ကြသည့် အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား နှုတ်ဆက်အမှာစကားပြောကြား နေပြည်တော်၊ ဒီဇင်ဘာ ၂၂ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ တည်ခိုးနေထိုင်လျက်ရှိသော ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားများတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံ၍ နှုတ်ဆက်အမှာစကားပြောကြားခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ယခုကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားအားစားပွဲတော်ကြီးတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆင်နွှဲခွင့်ရသည်ကို ဝမ်းသာဂုဏ်ယူကြရန်လိုကြောင်း၊ ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားများတွင် ညီညာလှပစွာဖြင့် အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ခဲ့သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ဝမ်းသာဂုဏ်ယူစွာနှင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် လူငယ်မျိုးဆက်သစ် အားကစားသမားအဆင့်မှ မြန်မာ့လက်ရွေးစင်အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားလေ့ကျင့်သွားရန်နှင့် ပညာရေးပိုင်းတွင်လည်း အားနည်းမှုများ မရှိစေရန်အတွက် […]
ME&GEMS အငယ်တန်း ချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲကျင်းပ

ME&GEMS အငယ်တန်း ချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲကျင်းပ ရန်ကုန် ၊ ဒီဇင်ဘာ (၂၂)ရက်။ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ME&GEMS အငယ်တန်းချန်ပီယံရှစ်ကြက်တောင်ပြိုင်ပွဲ (ME&GEMS BADMINTON JUNIOR CHAMPIONSHIPS -2024) ကို ဒီဇင်ဘာ၂၂ရက်က ရန်ကုန်မြို့ ၊ လမ်းမတော်မြို့နယ်အမျိုးသားကြက်တောင်အားကစားခန်းမ၌ နံနက် ၉ နာရီအချိန်၌စတင် ကျင်းပရာအားကစားသမား ၇၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။ အဆိုပါပြိုင်ပွဲတွင်အသက်၉နှစ်အောက်၊ ၁၁နှစ်အောက် ၊ ၁၃နှစ်အောက် ၊ ၁၅နှစ်အောက် ၊ ၁၇နှစ်အောက် ၊ ၁၉နှစ်အောက် အမျိုးသား ၊ အမျိုးသမီးတစ်ဦးချင်း ၊ နှစ်ယောက်တွဲ ၊ အမျိုးသား + အမျိုးသမီးနှစ်ယောက်တွဲများ ၊ ပွဲစဉ်ပေါင်း (၃၁၃)ပွဲ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသည်။ ယင်းပြိုင်ပွဲ၌ပြည်နယ်နှင့်တိုင်းဒေသကြီးမှအားကစားသမားများ၊ ကလပ်ပေါင်းစုံမှ […]
အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ သင်တန်းသား/သင်တန်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ သင်တန်းသား/သင်တန်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ ဒီဇင်ဘာ ၂၁ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားများတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၄၀၀) ခန့်တို့သည် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် မြန်မာ့ အားကစားလှုပ်ရှားမှုများပြခန်း၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ရရှိခဲ့ကြသူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲ မှတ်တမ်းဓာတ်ပုံများပြခန်း၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ၊ အားကစားရွာနှင့် Social Zone ဖွင့်ပွဲမှတ်တမ်းဓာတ်ပုံများပြခန်း၊ မြန်မာ့အားကစား မော်ကွန်းခန်းမအတွင်း […]
၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားကျင်းပ ၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အိုလံပစ်ကော်မတီဝင်များ၊မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အားကစားအသင်းများမှ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ၊ တပ်မတော်သားများ၊ […]
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများ ကျင်းပ

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများ ကျင်းပ နေပြည်တော် ဒီဇင်ဘာ ၁၉ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများကို ယနေ့တွင် နေပြည်တော်ရှိ သက်ဆိုင်ရာအားကစားရုံများ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်ကြသည်။ နံနက်ပိုင်းတွင် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး […]
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင် နေပြည်တော် ဒီဇင်ဘာ ၁၅ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။ ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပရာ အမျိုးသား/ အမျိုးသမီး ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး တန်းမြင့်ခုန်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိခဲ့ကြသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းဘော်လီဘောပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဘော်လီဘောရုံ၌ကျင်းပရာ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် […]
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်း အနားများ ကျင်းပ

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်း အနားများ ကျင်းပ နေပြည်တော် ဒီဇင်ဘာ ၁၆ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ဝန်ကြီးဌာနအဆင့်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်ပြိုင်ပွဲပွဲစဉ်များ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်း အနားများကို ယနေ့တွင် နေပြည်တော်ရှိ သက်ဆိုင်ရာ အားကစားကွင်းနှင့် အားကစား ရုံများ၌ ကျင်းပသည်။ ဦးစွာ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဘိလိယက်ရုံ၌ ကျင်းပရာ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာမင်းနိုင် က စနူကာ 6 Red Single ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ပူးတွဲ တတိယဆုရရှိကြသည့် […]