၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဇူလိုင်(၃၀)ရက်။ မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၁၉)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲကို ယနေ့နံနက်(၇) နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့် ကွင်းအမှတ်(၃)တို့၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့နံနက်(၇)နာရီခွဲတွင် ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ကရင်ပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကရင်ပြည်နယ်အသင်းမှ ပြည်ထောင်စုနယ်မြေနေပြည်တော် အသင်းကို (၂)ဂိုး၊(၁)ဂိုး ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းလေ့ကျင့်ရေးကွင်း […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နေပြည်တော်၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနေထိုင်ရာ ဇမ္ဗူသီရိမြို့နယ်ရှိ(လူပျိုဆောင်/အပျိုဆောင်) များသို့ လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နေပြည်တော်၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနေထိုင်ရာ ဇမ္ဗူသီရိမြို့နယ်ရှိ(လူပျိုဆောင်/အပျိုဆောင်) များသို့ လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇူလိုင်(၃၀)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန(ကွင်း/ရုံ) ဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်စိုးမိုးတို့ လိုက်ပါလျက် ယနေ့နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော်၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနေထိုင်ရာ ဇမ္ဗူသီရိမြို့နယ်ရှိ (လူပျိုဆောင်/အပျိုဆောင်) များသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဦးစွာ ဇမ္ဗူသီရိမြို့နယ်၊ သဇင်(၂) အဆောင်(၃) အပျိုဆောင်သို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ အခန်း(၂)ခန်းစီအတွက် ဘေစင်နှင့်ချက်ပြုတ်သည့် စင်(၁)ခုစီထားရှိပေးနိုင်ရေး၊ မီးဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် မီးကြိုးများ ဘရေကာ(မီးဘုတ်)များအား စနစ်တကျသွယ်တန်းတပ်ဆင်ပေးရန်၊ လုံခြုံမှုရှိစေရန်အတွက် အဝင်သံပန်းတံခါးနှင့် အခန်းရှေ့သံပန်းတံခါးများအား အကာအရံများ ကာရံပြုပြင် တပ်ဆင်ပေးသွားရန်နှင့် အိပ်ဆောင်များတွင် မီးသတ်ဆေးဘူးများ တပ်ဆင်ပေးသွားရန်၊ အဆောင် ပတ်လည်သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် […]
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အထူးတန်းပွဲကြည့်စင်နှင့် မိုးလုံလေလုံအားကစားရုံ ရတနာပန္နက်တော်တင်အခမ်းအနားနှင့် ဝန်ကြီးဌာန ပေါင်းစုံပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အထူးတန်းပွဲကြည့်စင်နှင့် မိုးလုံလေလုံအားကစားရုံ ရတနာပန္နက်တော်တင်အခမ်းအနားနှင့် ဝန်ကြီးဌာန ပေါင်းစုံပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက် နေပြည်တော်၊ ဇူလိုင်(၂၉)ရက်။ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ရွှေကြာပင်အားကစားကွင်း၌ RC (၂)ထပ် အထူးတန်းပွဲကြည့်စင်နှင့် မိုးလုံလေလုံအားကစားရုံ ရတနာပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ရွှေကြာပင် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပြည်သစ်စံဆောက်လုပ်ရေးကုမ္ပဏီနှင့် Greeco ဆောက်လုပ်ရေး ကုမ္ပဏီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်သစ်စံဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည့် (၄၈၀’x၆၀’) RC (၂)ထပ် အနောက်ဘက်အထူးတန်းပွဲကြည့်စင် တည်ဆောက်ခြင်းစီမံကိန်း “ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား)ဆီမီးဖိုင်နယ်ပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား)ဆီမီးဖိုင်နယ်ပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ ဇူလိုင် (၂၈)ရက်။ ပိုက်ကျော်ခြင်း မျိုးဆက်သစ်အားကစားသမားများစွာပေါ်ထွက်လာစေရေးအတွက် ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲကို ယနေ့နံနက် (၉:၀၀)နာရီမှ စတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့ ပိုက်ကျော်ခြင်း(အမျိုးသား)ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို(၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက စက်မှုဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြပါသည်။ အဆိုပါ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များကို (၂၉.၇.၂၀၂၂)ရက်နေ့ နံနက်(၉:၀၀) နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ တတိယလုပွဲအဖြစ် စက်မှုဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ ဗိုလ်လုပွဲပြိုင်ပွဲအဖြစ် […]
ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ တက်ရောက်ကြည့်ရှုအားပေး

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ တက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ ဇူလိုင်(၂၈)ရက်။ မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ် ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ ကို ယနေ့မွန်းလွဲ(၃)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ် (၁)နှင့် ကွင်းအမှတ်(၃)တို့၌ ဆက်လက် ကျင်းပပြုလုပ်လျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ယနေ့နံနက်(၇)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်းလေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်(၂)ဂိုးစီဖြင့် […]
ကျိုင်းတုံမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲကျင်းပ

ကျိုင်းတုံမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲကျင်းပ ကျိုင်တုံ၊ ဇူလိုင်(၂၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လမ်းညွှန်မှုများနှင့်အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ် အားကစားမှူး ဦးစိုင်းချစ်အောင်သည် ယနေ့ နံနက်(၀၉း၃၀)နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ အမှတ်(၆) အခြေခံ ပညာအထက်တန်းကျောင်းသို့ ” လူငယ်ရေးရာအသိပညာပေး ” ဟောပြောပွဲအားသွားရောက်ပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျိုင်းတုံမြို့နယ် အားကစားမှူး ဦးစိုင်းချစ်အောင်မှ ” လူငယ်နှင့်ခေါင်းဆောင်မှု ” ခေါင်းစဥ်ဖြင့်ဟောပြောခဲ့ရာ ကျောင်းသား / ကျောင်းသူ ၊ လူငယ်များသည် နောင်အနာဂတ် အချိန်ကာလများတွင် တိုင်းပြည်၏ လူငယ်ခေါင်းဆောင်ကောင်းများဖြစ်လာကြမည်မှာ မလွဲဧကန်ဖြစ်ပါကြောင်း၊ မိမိတို့မှ ခေါင်းဆောင်နေရာသို့ရောက်ရှိလာလျှင် ခေါင်းဆောင်ကောင်း၏ အင်္ဂါရပ်နှင့်ညီညွှတ်သည့်အချက်များဖြင့် လူငယ်များကိုပြုစုပျိုးထောင်ပေးကြစေလိုကြောင်း၊ ပြုစုပျိုးထောင်ရာတွင်လည်း အားကစား၏အခန်းကဏ္ဍသည်များစွာအထောက်အကူဖြစ်ပါကြောင်း၊ အရည်အချင်းမြင့်မားသော ကျောင်းသား/ကျောင်းသူများအား ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာစေရန်အတွက်ရည်ရွယ်ပြီး ယခုဟောပြောပွဲအားကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ […]
(၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာမသန်စွမ်းအားကစားအဖွဲ့ထွက်ခွာ

(၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာမသန်စွမ်းအားကစားအဖွဲ့ထွက်ခွာ ရန်ကုန်၊ ဇူလိုင်(၂၆)ရက်။ ဇူလိုင် (၃၀)ရက်မှ သြဂုတ်(၆)ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဆိုလိုမြို့တွင်ကျင်းပပြုလုပ်မည့် (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် ယနေ့နံနက် (၄)နာရီအချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာအမျိုးသားလေကြောင်းစင်းလုံးဌားလေယာဉ်ဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ ဆိုလိုမြို့သို့ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးစိုးသိန်း၊တိုင်းဒေသကြီး၀န်ကြီးများနှင့် ရန်ကုန်တိုင်း ဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးတို့က ပို့ဆောင်နှုတ်ဆက် ကြသည်။ အဆိုပါ အင်ဒိုနီးရှားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ပြေးခုန်ပစ်၊ မြားပစ်၊ Goalball၊ ရေကူး၊ 7-aside ဘောလုံး၊ ထိုင်လျှက်ဘော်လီဘော၊ အလေးမစသည့် အားကစားနည်းခုနှစ်မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ မြန်မာအားကစားအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်လှမိုး အပါအဝင် ဖိတ်ကြားခံပုဂ္ဂိုလ်(၃)ဦး၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန အသက်မွေးဝမ်းကျောင်းနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဆင်းပွဲအခမ်းအနား

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန အသက်မွေးဝမ်းကျောင်းနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဆင်းပွဲအခမ်းအနား နေပြည်တော်၊ ဇူလိုင် (၂၆)ရက်။ လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး အသက်မွေးဝမ်းကျောင်းပညာရေး နှင့် လက်တွေ့လုပ်ငန်းနယ်ပယ်များတွင် ဆက်စပ်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဆင်းပွဲ အခမ်းအနား ကို ယနေ့မွန်းလွဲ(၁၅:၀၀)နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဌာနခွဲညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အသက်မွေးဝမ်းကျောင်းနည်းပညာပေးသင်တန်းအမှတ်စဉ်(၁/၂၀၂၂) ကို ဇူလိုင်(၂၁) ရက်မှ (၂၆)ရက်အထိ လူငယ်ရေးရာဦးစီးဌာန သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့ရာ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဆရာမဒေါ်စုလှိုင်မြင့်(ဦးစီးအရာရှိ)နှင့် ဒေါ်ရီရီဝင်း(ဒုတိယဦးစီးမှူး)တို့မှ သင်ခန်းစာများအား စာတွေ့လက်တွေ့သင်ကြားပို့ချခဲ့ရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ အရာထမ်း၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၉) နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၉) နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ ဇူလိုင်(၂၇)ရက်။ မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက် အကူပြုစေရန်နှင့် မျိုးဆက်သစ် ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ ကို ယနေ့မွန်းလွဲ(၃)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ် (၁)နှင့် ကွင်းအမှတ်(၃)တို့၌ ဆက်လက် ကျင်းပပြုလုပ်လျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် […]
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ နေပြည်တော်၊ ဇူလိုင်(၂၆)ရက်။ မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက် (၁၉)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအမှတ်(၁)နှင့်(၃)၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ညနေ(၃:၃၀)နာရီတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။ ယနေ့ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း အမှတ်(၁)၌ မွန်ပြည်နယ်အသင်းနှင့်ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မွန်ပြည်နယ်အသင်းမှ ဧရာဝတီတိုင်းဒေသကြီးအသင်းကို ရလဒ် (၃)ဂိုး ဂိုး(မရှိ)ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ကချင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက် (၃)ဂိုးစီဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ပါသည်။ (၂၇.၇.၂၀၂၂)ရက်နေ့တွင် ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ညနေ(၃:၃၀)နာရီ […]