အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၇၅)နှစ်မြောက်စိန်ရတုလွတ်လွပ်ရေးနေ့ အထိမ်းအမှတ်ရန်ကုန်တိုင်း၀န်ကြီးချုပ်ဖလားမြန်မာ့ရိုးရာခြင်းလုံးအမျိုးသားလေးပေါက်တန်းခတ်ပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာ(၂၈)။

(၇၅)နှစ်မြောက်စိန်ရတုလွတ်လွပ်ရေးနေ့အထိမ်းအမှတ် ရန်ကုန်တိုင်း၀န်ကြီးချုပ်ဖလားမြန်မာ့ရိုးရာခြင်းလုံးအမျိုးသားလေးပေါက်တန်းခတ်ပြိုင်ပွဲဗိုလ်လုပွဲကိုယနေ့မွန်းလွဲ(၂)နာရီက ရန်ကုန်မြို့အမျိုးသားအားကစားရုံ(၁)သု၀ဏ္ဏ၌ကျင်းပသည်။

ဗိုလ်လုပွဲတွင်ကျွန်းရွှေဝါခြင်းလုံးအားကစားရုံ(မ/ဒဂုံ)အသင်းနှင့်တပ်မတော်ခြင်းလုံးအားကစားရုံ(သန်လျင်)အသင်းတို့ယှဉ်ပြိုင်ကစားကြရာတပ်မတော်ခြင်းလုံးအသင်းကရမှတ်၁၃၄၇၊ကျွန်းရွှေဝါခြင်းလုံးအသင်းကိုရမှတ်၁၂၃၀ဖြင့်တပ်မတော်ခြင်းလုံးအသင်းကအနိုင်ရရှိသွားသည်။

အဆိုပါပြိုင်ပွဲသို့ ရန်ကုန်တိုင်း‌ဒေသကြီး၀န်ကြီးများ၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌနှင့်အမှုဆောင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများ၊ ခြင်းလုံးဝါသနာရှင်များကြည့်ရှုအားပေးကြသည်။ ပြိုင်ပွဲအပြီးတတိယဆုရမြို့မခြင်းလုံးအားကစားရုံ(ဗဟန်း)အသင်းကိုမြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌဦးသက်လွင်ကလည်းကောင်း၊ဒုတိယဆုရကျွန်းရွှေဝါခြင်းလုံးအားကစားရုံ(မ/ဒဂုံ)အသင်းကိုတိုင်းရင်းသားရေးရာ၀န်ကြီးဦးစောဂျက်ကော့ထူးကလည်းကောင်း၊ ပထမဆုရတပ်မတော်ခြင်းလုံးအားကစားရုံ(သန်လျင်)အသင်းကို လူမှုရေးရာ၀န်ကြီးဦးအောင်၀င်းသိန်းတို့က တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့်ဆုဖလားများအား ပေးအပ်ချီးမြှင့်ကြသည်။ ယင်းပြိုင်ပွဲကိုမြို့နယ်များမှ ခြင်းလုံးအားကစားရုံအသင်းခုနှစ်သင်း၀င်ရောက်ယှဉ်ပြိုင်ကြပြီးပြိုင်ပွဲကို ဒီဇင်ဘာ(၂၆)ရက်မှ(၂၈)ရက်အထိ ကျင်းပခဲ့ကြောင်းသိရသည်။