အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ အမျိုးသားတံခွန်စိုက် ကြက်တောင်ပြိုင်ပွဲကျင်းပ

ရန်ကုန်၊ဒီဇင်ဘာလ(၂၆)ရက်။

မြန်မာ့ကြက်တောင် အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်အတွက် ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီ ကြက်တောင်အားကစားအောင်နိုင်ရေး လုပ်ငန်းများအရှိန်အဟုန်မပျက် စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် မြန်မာ့ကြက်တောင်အားကစားအဆင့်အတန်းအား အရှေ့တောင်အာရှ၊ အာရှအဆင့်မှ ကမ္ဘာ့အဆင့်သို့တက်လှမ်းနိုင်စေရန် မျိုးဆက်သစ်လူငယ်အားကစားမောင်မယ်များ နိုင်ငံ့ကိုယ်စားပြုလက်ရွေးစင်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အမျိုးသားတံခွန်စိုက် ကြက်တောင်ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်နေ့မှ (၃၀)ရက်နေ့အထိရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် အမျိုးသားကြက်တောင် အားကစားခန်းမတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။

အဆိုပါပြိုင်ပွဲကို နေ့စဉ်နံနက်(၉)နာရီမှစ၍ သတ်မှတ်ပွဲစဉ်များပြီးဆုံးသည်အထိ ပြိုင်ပွဲဝင်အမျိုးအစားအသက်(၉)နှစ်နှင့် အောက် ယောက်ျားလေးတစ်ဦးချင်းပြိုင်ပွဲ၊ ယောက်ျားလေးနှစ်ယောက်တွဲပြိုင်ပွဲ၊ မိန်းကလေးတစ်ဦးချင်းပြိုင်ပွဲ၊ မိန်းကလေးနှစ်ယောက်တွဲပြိုင်ပွဲ၊ အသက်(၁၁)နှစ်နှင့်အောက် ယောက်ျားလေးတစ်ဦးချင်းပြိုင်ပွဲ၊ ယောက်ျားလေးနှစ်ယောက်တွဲပြိုင်ပွဲ၊ မိန်းကလေးတစ်ဦးချင်းပြိုင်ပွဲ၊ မိန်းကလေးနှစ်ယောက်တွဲပြိုင်ပွဲ၊ အသက်(၁၃)နှစ်နှင့်အောက် ယောက်ျားလေးတစ်ဦးချင်းပြိုင်ပွဲ၊ ယောက်ျားလေးနှစ်ယောက်တွဲပြိုင်ပွဲ၊ မိန်းကလေးတစ်ဦးချင်းပြိုင်ပွဲ၊ မိန်းကလေးနှစ်ယောက်တွဲပြိုင်ပွဲ၊ အသက်(၁၅)နှစ်နှင့်အောက် ယောက်ျားလေးတစ်ဦးချင်းပြိုင်ပွဲ ၊ ယောက်ျားလေးနှစ်ယောက်တွဲပြိုင်ပွဲ၊ မိန်းကလေးတစ်ဦးချင်းပြိုင်ပွဲ၊ မိန်းကလေးနှစ်ယောက်တွဲပြိုင်ပွဲ၊အသက်(၁၇)နှစ်နှင့်အောက် ယောက်ျားလေးတစ်ဦးချင်းပြိုင်ပွဲ၊ ယောက်ျားလေးနှစ်ယောက်တွဲပြိုင်ပွဲ၊ မိန်းကလေးတစ်ဦးချင်းပြိုင်ပွဲ၊ မိန်းကလေးနှစ်ယောက်တွဲပြိုင်ပွဲ၊ အသက်(၁၉)နှစ်နှင့်အောက် ယောက်ျားလေးတစ်ဦးချင်းပြိုင်ပွဲ၊ ယောက်ျားလေးနှစ်ယောက်တွဲပြိုင်ပွဲ၊ မိန်းကလေးတစ်ဦးချင်းပြိုင်ပွဲ၊ မိန်းကလေးနှစ်ယောက်တွဲပြိုင်ပွဲများ၊ သာမန်တန်းအမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ သာမန်တန်းအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ သာမန်တန်းအမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ သာမန်တန်းအမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ၊ သာမန်တန်းအမျိုးသား + အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲများ၊ ဝါသနာရှင်တန်းအမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ ဝါသနာရှင်တန်းအမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲများ၊ သက်ကြီးတန်းနှစ်ယောက်ပေါင်း (၇၀)နှစ်၊ သက်ကြီးတန်းနှစ်ယောက်ပေါင်း (၉၀)နှစ်၊ သက်ကြီးတန်းနှစ်ယောက်ပေါင်း (၁၀၀)နှစ်၊ သက်ကြီးတန်းနှစ်ယောက်ပေါင်း (၁၁၀)နှစ်များ၊ အကြီးတန်း(ကျား)တစ်ဦးချင်း၊ အကြီးတန်း(မ)တစ်ဦးချင်း၊ အကြီးတန်း(ကျား)နှစ်ယောက်တွဲ၊ အကြီးတန်း(မ)နှစ်ယောက်တွဲ၊ အကြီးတန်း(ကျား+မ)နှစ်ယောက်တွဲပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ရာ စုစုပေါင်းပွဲစဉ် (၆၉၇)ပွဲဖြစ်ပြီး၊ ပြိုင်ပွဲဝင်အားကစားသမားများ(၅၀၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရှိရသဖြင့် မည်သူမဆိုအခမဲ့ဝင်ရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရှိရသည်။